Showing posts with label ခံစားမှု ရသ. Show all posts
Showing posts with label ခံစားမှု ရသ. Show all posts

Saturday, 23 July 2011

နိဂုံးမသျှိခရေ နှောင်ကြိုးတမျှင်

အတွီးချေတိဝင်လာလီတိုင်း မမြင်နိုင်ရေ အင်အားတစုံတရာက ဆွဲယူဖမ်းစားလားရေပိုင် အသိစိတ်တိလဲ မှုံဝါးထုံထိုင်းလား ခရေ။ လက်ဟိဖြစ်ပျက်နိန်ရေအခြီအနိန်တိကို သဘောမပေါက်လို့လား.. မဟုတ်.. သဘောပေါက်တေ။ သဘောပေါက်
ယင့် သားနန့် မပြတ်မသားဖြစ်နိန်ရေ စိတ်ကိုလဲ အားမလိုအားမရဖြစ်လာပြန်ရေ။

“ကို .. ဖြိုး သန်ဖက်နိခါပြန်ရဖို့ဗျာလ်” ချစ်သူပြောရေစကားတိကိုနားကမကြားတချက် ကြားတချက်နန့် ဇာမှန်းမသိအဝီးကို ရာငေးကြည့်နိန်မိရေ။

“ကို.. ပြောလေ.. ဇာကိုငေးနိန်လဲ.. ဖြိုးပြောစော်ကိုမကြားလား”

“ဟင်း..” သက်ပြင်းကို မသိမသာချယင်း။

“ဖြိုး.. ရင်နန့်မမျှအောင်ချစ်တေဆိုရေ စကားလုံးကို ဖြိုး.. နားလည်လား.. ချစ်မိရေအချိန်ကပင် ချစ်ကတ်တေအချိန်ကပင် စက္ကန့်နန့်အမျှ ဖြိုး.. အနားမှာဂျဲနိန်ချင်နိန်မိရေစိတ်ကို ဖြိုး.. သိရေမနား.. ကိုလေ ဖြိုးကိုဆုပ်ကိုင်ထားမိရေ ဒေလက်ချေတ စုံတနားချေတောင်မှ လွတ်လိုက်ရဖို့စော်ကို ကိုယ်ကြောက်တေ.. ဖြိုး။ ဖြိုးကို… ဖြိုးကို ကိုယ်ယင်းလောက်ထိချစ်တေ.. ကိုယ့် ကိုနားလည်ပီးပါလို့လဲ ကိုယ်မပြောဝံ့။ ကိုယ့်အခြေအနေကို ဖြိုး..နားလည်နိန်ရေအတွက်လဲ ရင်ထဲမှာမချိအောင်ခံ  စားရရေ။ ကောင်းတွီဝီတတ်တေကာလို့ ဖြိုး.. ကိုယ့်ကိုမမိန်းရေအတွက်လဲ ကိုယ်ကျေးဇူးတင်မိရေ”

ချစ်သူ့လက်ချေကို ကျစ်ပါလားအောင် ဆုပ်ကိုင်ထားမိရေ ဖိုးခေါင်တယောက် နာမေတတ်လို့မရရေ ဝေဒနတရပ်က ရင်ထဲ မှာ မွန်းကျပ်ပြည့်လျှံနိန်အောင်ထိ ခံစားနိန်ရရေ။ ကြည့်မဝရေ ချစ်သူ့မျက်နှာချေကို အနီးကပ်တစိမ့်စမ့်ကြည့်ယင်း ရင်တိ တလှပ်လှပ်ဖြစ်ပါလတ်တေ။ ချစ်သူ့ပါးချေကို ကကြင်နနာနန့် တချက်နမ်းလိုက်ယင်း လွတ်ထွက်လားဖို့ကြောက်တေ ချစ်သူ့ပါးပြင်က ရနံ့ချေတိကို ရင်ထဲထိရောက်အောင်အသက်အောင်သျှူသွင်းလိုက်မိရေ။

“ကို.. ဖြိုးလေ.. ကိုနန့်ဝီးရဖို့ကြောက်တေ..။ ဖြိုး.. မပြန်ချင်ဗျာလ်။ ပြန်ဖို့အတွက် ခံထားရေ သင်္ဘောလက်မှတ်ကို ဖြိုး.. ဆုပ်ပလိုက်ဖို့ဗျာလ်နန်း..။ ဖြိုး မပြန်ချင်ဗျာလ်။ ကိုယ့်အနားမှာ ဖြိုးကို နိန်ခွင့်ပီးဖိနန်း” ဆိုပနာ သူ့ပက်ခုံးချေထက်ကို ဂေါင်းမှီလာရေ ချစ်သူကို တယုတယနန့် ဖက်ထားမိရေ။

ဒေနိဒေရက်ဒေအချိန်တိစော် သူ့ရို့နှစ်ယောက်အတွက် နောက်ဆုံးတွိဆုံခွင့်လားဆိုစော်ကို တယောက်နန့်တယောက်
မပြောကေလေ့ ရင်ထဲမှာကိုယ်စီကိုယ်စီ မဝံ့မရဲသိနိန်ကတ်တေပိုင်။
သူ(ဖိုးခေါင်) အားတင်းလိုက်တေ။ အသက်ကိုပပြင်းသျှူလိုက်ဗျာလ်..

“ဖြိုး.. ကိုယ်ပြောစော်ကို အသေအချာနားထောင်နန်း..။ ဖြိုးကို.. ကိုယ်ယုံရေ.. ဖြိုး.. ပြန်ရဖို့..”
သူ့ပက်ခုံးချေကို မှီထားစော်ကနိန်ထပနာ သူ့မျက်နှာကို အသေအချာစူးစိုက်ကြည့်ဗျာလ်..
“ကို.. ဇာတိပြောနိန်လေ.. အဟင့် ဖြိုး..မပြန်ဗျာလ်.. လုံးဝမပြန်ဗျာလ်.. ကို့အနားမှာ ဖြိုးကိုမနိန်စီချင်လို့လား.. ကို..ဖြိုးကို ခွဲနိုင်လို့လား..”

“ဖြိုး.. အသေအချာစိုဉ်စားကြည့်ပါဝေ.. ဘဝတခုတည်ဆောက်ဖို့တွက် ရူးသွပ်မိုက်မဲရေစိတ်တိကို မထားကေ့.. ကိုယ်ချစ်တေ ဖြိုးစော်..ယင်းပိုင်မိုက်မဲတတ်တေ မမချေတယောက်မဟုတ်.. အသိတရားကိုတန်ဖိုးထားတတ်တေ မမချေတယောက်ပါ။ အချစ်တခုတည်းနန့် ဘဝကို ကိုယ်မတည်ဆောက်ချင်.. ပြီးကေ.. ဖြိုးကို ယောင်္ကျားတယောက်အနိန်နန့် နောက်တချိန်အိမ်ထောင်သျှင် ကောင်းတယောက်အဖြစ်နန့် ကိုယ့်ချစ်သူကို လုံးဝမျက်နှာမငယ်စီချင်.. လက်ဟိအချိန် ဖြိုးလဲ..ကျောင်းမပြီးသိ.. ကိုယ် လဲ ကျောင်းမပြီးသိ.. ကိုယ်ပြောစော်ကို ဖြိုး..”

“မပြောကေ့ဖိ.. ယင်းပိုင်စကားလုံးတိနန့် ဖြိုးကို ခံစားရအောင်မလုပ်ပါကေ့ဖိ.. ဖြိုးကို ကို.. ချစ်တေဆို.. ဖြိုးအနားမှာ စက္ကန့် မလပ်အောင်နိန်ချင်ရေဆို.. ဖြိုးလဲ ကို့ကိုချစ်အားကြီးလို့ပါ.. ကို့အနားမှာ စက္ကန့်မလပ် နိန်ချင်အားကြီးလို့ပါ.. ဖြိုးစိတ်ကို ကိုယ်ဇာဖြစ်လို့နားမလည် စော်လေ.. ယင်းစိတ်ကို ဇာဖြစ်လို့ မိုက်မဲရေလို့ ကို.. ပြောဝံ့လေ.. ဖြိုးနားလည်ပါရေ.. ရင်ထဲမခံ စားနိုင်လွန်းလို့ပြောမိစော်ပါရာ.. ကိုယ့်ကိုလဲ ဖြိုး..ယုံပါရေ.. ကိုယ့်စကားကို ဖြိုး.. အမြဲတမ်းနားထောင်နိန်ပါမေ..”
နဂိုကတည်းကပင် နူးညံ့လွန်းအားကြီးရေ ခံစားတတ် လွယ်ရေ ချစ်သူ။ စကားပြောနိန်ယင်း စီးကျလာရေ ချစ်သူ့မျက်နှာချေထက်က မျက်ရည်စက်တိကို သူ့လက်ထဲက ပုဝါချေ နန့် တယုတယသုတ်ပီးယင်း.. ရင်ခွင်ထဲကိုအသာချေဆွဲသွင်းပွိဖက်ထားလိုက်မိရေ။

xxx

“သင်္ဘောဥသြသံ xx ဆွဲ xx ဆွဲလတ်ဗျာလ် xx သင်္ဘောကမ်းကခွါ xx ဝီးကတ်ရဖို့ဗျာလ် xx နှစ်ယောက်စလုံးအသည်းတိ ကျွမ်းလို့ မျက်ရည်ကြွီရဗျာလ် xx ဝီးကတ်ရခွဲကတ်ရဗျာလ်ဝေ xx လွမ်းမျက်ရည်ကြွီ xx xx”
သူ့နှလုံးသားတိကို တဖေ့ချင်းတဖေ့ချင်း ဖဲ့ခြွီလားခရေ င်္ဘောဥသြသံနန့်တတူ တဖြည်းဖြည်း ဝီး..ဝီးလို့လားခရေ င်္ဘောချေ ကို ရီဝေနိန်ရေ မျက်လုံးအစုံကြားကနိန်ဖြတ်ပနာ ကြည့်ယင်း.. .. .. .. .. ..

“ဖြိုး.. လူ့လောကကမှာ လူလို့ဖြစ်လာကေ အစဟိရေပိုင်အဆုံးလဲဟိရေ.. ဆုံတွိခွင့်သျှိရေပိုင်ခွဲခွါခြင်းလဲသျှိရေ.. ယင်းပိုင်နည်းတူ အဆုံးသျှိရေပိုင် အစဟိရေ.. ခွဲခွါခြင်းဟိရေပိုင်.. တွိဆုံခွင့်ဆိုစော်လဲ နောက်တကြိမ်ဟိသိရေဆိုစော်ကို ယင်းအချိန်ကပင် ဖြိုး.. နားလည်ခဖို့ဆိုကေ.. ဖြိုး.. နားလည်ခဖို့ဆိုကေ.. ဖြိုး.. နားလည်ခဖို့ ဆိုခကေ…။

ဖတ်ပီးကတ်တေ ညီအကိုမောင်နှမတိအားလုံးကို လလှိုက်လလှဲကျေးဇူးတင်ပါယင့်။
ရင်ထဲကဖြစ်လာသမျှခံစားမှုအနုရသချေတိကို ချစ်ညီအကိုမောင်နှမတိအတွက် အမြဲတမ်းပီးနိုင်အောင်ရည်ရွယ်ပါရေ… စိတ်ပင်ပန်းကိုယ်ပင် ပန်းဖြစ်နိန်ကတ်တေညီအကိုမောင်နှမတိ စိတ်အပန်းပြေစီဖို့ရည်ရွယ်လို့ ရီးဖွဲ့လိုက်ရခြင်းဖြစ်ပါရေ..။
နောက်လဲ အစိုဉ်အဆက်မပြတ်ကြိုးစားလားပါမေ..။

ချစ်တေအဖရင်သွီးချစ်ညီအကိုမောင်နှမရို့အားလုံး ဘီးဘယာဝီးကွာပနာ စိတ်ချမ်းသာကိုယ်ကျန်းမာလို့ လန်းဆန်းနိုင်ကတ်ပါစီ။

ဖိုးခေါင်
၂၃၊၇၊၂၀၁၁
India Time: 4:49 PM

အပြည့်အစုံသို့...

Friday, 10 June 2011

ကျွန်တော်ချစ်ခဖူးရေ ကောင်မချေတိနန့် ကျွန်တော့်ကို ချစ်ခဖူးရေ ကောင်မချေတိအကြောင်း

သုံးတန်းနှစ်ကနိန်စလို့ ကောင်မချေတယောက်ကို ကြိုက်ခဖူးပါသည်။ သူ့နာမေနန့် ကျွန်တော်ကို သငယ်ချင်းတိက ဝိုင်းလို့စတိုင်း ကျွန်တော် ပျော်ခဖူးပါသည်။ ယင်းအချိန်က ရည်းစားစာမရီးတတ်သိပါ။

-         ၆ တန်းနှစ်မှာစလို့ ရည်းစားစာရီးခဖူးပါသည်။ ယကေလေ့ မပီးဖြစ်ခပါ။ ယင်းစာကို အိမ်က ဖမ်းတွိလားခပါသည်။ ကျွန်တော်ပါပါက မိသားစုတိဝိုင်းလို့ ထမင်းစားချိန်မှာ ကျွန်တော့်ကို အနားကထိုင်ခိုင်းပြီးကေ ယင်းစာကို အသံအကျယ်ကြီးနန့် ကျွန်တော့်အခင်ချေကို ဖတ်ခိုင်းပါသည်။ စာအဆုံးမှာ မိသားစု တိအားလုံးဝိုင်းပနာ အားရပါးရရယ်ကတ်တေအတွက် ကျွန်တော် ရှက်လားခပါသည်။ စာနောက်ဆုံးမှာပါရေ အကြောင်းအရာက “မင်း မေမေရို့ ပါပါရို့လဲ နီကောင်းကတ်ပါ ဇီလို့ ကိုယ်ဆုတောင်းလိုက်တေ” ဆိုရေ စာကြောင်းကို ကျွန်တော့ပါပါက ထောက်ပြပါသည်။
 “ မင်းပါပါရို့မေမေရို့ကို ယင်းပိုင်တောင်တခါမပြောဖူးသိကာဝေ.. မောင်မောင် .. မင်းက ယောက္ခမတိကိုကျကေ ကောင်းသိတတ်တေကာ.. ” ဆိုပနာ ပြောပါသည်။ အပြီးကေ ဝိုင်းလို့ရယ်ကတ်ပါသည်။-         ၈ တန်းနှစ်မာ “ရှစ်တန်း” ဆိုရေအတိုင်း ရည်းစားတိထားတတ်လာပါသည်။ ယကေလေ့ တယောက်သောသူရာ ကျွန်တော်နန့် တရားဝင်ရည်းစားဖြစ်ခပါသည်။ ယကေလေ့ သူရေ ကျွန်တော့ဘဝအတွက် ရည်းစားဦးမဟုတ်ခပါ။ ပြောရပါဖို့သိ.. ယင်းအချိန်က ရည်းစားဆိုစော်ကို တရားဝင်ပထမဆုံးထားဖူးခရေ အချိန်ဖြစ်တေအတွက် တခုကိုလေ့မသိတတ်သိပါ။ သူနန့်ကျွန်တော် ရည်းစားဖြစ်စော် ကလေ့ သူ့ဘားကစာအုပ်ငှါးရေ သူ့စာအုပ်မှာ ရည်းစားစာထည့်ပီးရေ အပြီးကေ ကျောင်းကိုလာတိုင်း သူ့ခုံအောက်ထဲမှာ သူကြိုက်တေ နှင်းဆီပန်းတပွင့်စီပီးတတ် ပါသည်။ ယင်းချင့်ကနိန် တရက် စာအုပ်ထဲမှာ သူ့ဘားက ပြန်စာလာပါသည်။ အယင်လဲ စာသင်နိန်ချိန်တိမှာဆိုကေ သူနန့်ကျွန်တော် အပြန်အလှန် မျက်လုံးချင်း စကားပြောတတ်ကတ်ပါသည်။ သူနန့် ကျွန်တော် နှစ်ယောက်လုံးက ရှိဆုံးခုံတန်းမှာ အစဆုံးကထိုင်ရရေ လူနှစ်ယောက်ဖြစ်လို့ ကြားက လူလားလမ်းတခုရာခြားပါသည်။ ယင်းပိုင်နန့် တရက်နိန် သူကျွန်တော်ဘားက စာအုပ်တအုပ်ငှါးလားပနာ နောက်တရက်နိ ကျောင်းတက်ချိန် သူ့သငယ်ချင်းက ကျွန်တော်ကို ယင်းစာအုပ်လာပီးပါသည်။ သူ ယင်းနိန်က ကျောင်းမတတ်ပါ။ ရှက်လို့ထင်ပါသည်။ စာအုပ်ကို လှန်ကြည့်လိုက်တေမှာ စာရွက် ပန်းရောင်ချေတရွက်ထွက်ကျလာပါသည်။ ယင်းစာရွက်မှာ “ချစ်တေ” ဆိုရေ နှစ်လုံးတည်းသောအဖြေကိုပီးခပါသည်။ ယင်းနိ အတန်းထဲက သငယ်ချင်းတိကို လိုက်လို့ တတိုးတတိတ်ကြွားပလိုက်စော် ယင်းသူနောက်တရက်နိ ကျောင်းတက်လာစော်နန့် ကျွန်တော့်ကို အပြစ်တင်ပါသည်။ သူ့ကို အရှက်ခွဲရေဆိုပနာ။ ကျွန်တော် သူ့ကို ငါးမူးတန် ချစ်စရာ သကြားလုံး ရှစ်လုံးနန့် ပြန်ချော့ခရပါသည်။ ယင်းသကြားလုံး ရှစ်လုံးကို အားလုံးကုန်အောင် စားပလိုက်လို့ နှစ်ရက်လောက်ကျောင်းမတက်နိုင်ပဲဖြစ်လားပါသည်။ သူယင်းလောက်ထိ ယင်းအချိန်က ကျွန်တော့်ကိုချစ်တေဆိုစော် ကျွန်တော်သိခပါသည်။ ယင်းပိုင်နန့် တရက်နိ သူကို ကျွန်တော့အပြင်မှာတွိကတ်ဖို့  ချိန်းပါသည်။ ကျောင်းအားရေတရက်မှာ ကျွန်တော်ရို့ ရှုခင်သာလမ်းမှာသျှိရေ  လက်ပံပင်အောက်ချေက် ပက်လက်ဖောင်းထက်မှာထိုင်လို့  နိခင်းကြောင်တောင် ချိန်းတွိကတ်ပါသည်။ ကုလားတန်မြစ်ဖက်ကိုမျက်နှာမူပနာ တယောက်နန့် တယောက်ကြား လူနှစ်ယောက်လောက်ထပ်လို့ဝင်ထိုင်လို့ရအောင်အနေအထားအထိ ကျွန်တော်ရို့ထိုင်ကတ်ပါသည်။ မမှတ်ရရ ယင်းနိက သူနန့် ကျွန်တော် စကားနှစ်ခွန်းပဲပြောဖြစ်ခပါသည်။ ယင်းနီရာကိုရောက်ခါ “ဒေနီရာမှာ ထိုင်ကတ်မေ” ဆိုရေစကားနန့် “ပြန်ကတ်ဖို့ဗျာလ်” ဆိုရေစကားနှစ်ခွန်းရာဖြစ်ပါသည်။ ယင်းစကားကို အသူကပြောလေဆိုစော်ကိုလဲ မမှတ်လိုက်ပါဗျာလ်။ ပြန်ကတ်ဖို့အထမှာ ကျွန်တော်သတိထားမိခစော်တခုက သူထိုင်ရေနိန်ရာနားက မြက်တောမှာ ကြက်မတဝပ်စာတောင်မကကျယ်ရေ အနိန်ထား မြက်တကွက် ကျင်းလားခပြီးကေ ကျွန်တော်ထိုင်ရေနိန်ရာဖက်က ကျောက်သီးတပုံ ရီထဲကို ကျလားရေဆိုစော်ကို သတိထားမိခပါသည်။ ကျန်ရေ မ,မချေနှစ်ယောက်ကတော့ခါ ကျွန်တော်စလိုက်နောက်လိုက်နန့် သငယ်ချင်း လဲမဟုတ် ရည်းစားလဲမဟုတ် မ,မချေတယောက်ဖြစ်ပြီးကေ ကျန်ရေ မ,မချေတ ယောက်က ကျွန်တော်ကို အသေအချာချစ်တေ၊ ကျွန်တော့ကို ကကောင်းအလိုလိုက် တေ မ,မချေတယောက်ဖြစ်ခပနာ၊ ကျွန်တော် အနိုင်ကျင့်သမျှကိုခံရေ မ,မချေတ ယောက်လဲဖြစ်ပါသည်။ ကျွန်တော်နန့် တရားဝင်ကြိုက်ခကတ်တေ မ,မချေက ကကောင်းသဝန်တိုတတ်ပါသည်။ သူယင်းပိုင်သဝန်တိုတတ်လွန်းအားကြီးလို့လဲ သူနန့် ကျွန်တော် လမ်းခွဲခကတ်ရပါသည်။ လမ်းခွဲရေဆိုစော်ထက် သူ့သဝန်တို စိတ်တိကြောင့် လုံးဝဖြေသျှင်းပြခွင့်မသျှိရေတဖက်သတ်စကားလုံးတိနန့် ကျွန်တော့် ကို နှုတ်ဆက်တာ့တာပြလားခပါသည်။ သူ့တဖက်သတ်စကားက မျက်နှာများရေ ဆိုပနာဖြစ်ပါသည်။

<!--[if !supportLists]-->-         <!--[endif]-->ကျွန်တော် ကိုးတန်းနှစ် စာမေးပွဲဖြေလို့အပြီးမှာ အချစ်ဆိုစော်ကို ဇာမှန်းမသိသိကေလေ့ ခံစားမှုတခုကို ကျွန်တော့ရင်ထဲက တိတ်တခိုး အချစ်ဦးနန့်ပြန်ဆုံတွိမှ သိတတ်လာပါသည်။ သူရေ နယ်ကဖြစ်ပါသည်။ ကိုးတန်းနှစ်မှ သူနန့်ပြန်တွိခွင့်ရကေလေ့ သူရေ ကျွန်တော့ဘဝအတွက် အချစ်ဦးဖြစ်ခပါသည်။ သူ့ကိုမြင်လိုက်တိုင်း ကျွန်တော့်ခြီဖျားလက်ဖျားတိ အီးစက်လာပနာ ရင်ထဲမှာလဲ ဇာပိုင်ခံစားမှုမျိုးမှန်းမသိရေ ခံစားမှုတမျိုးတမည်ကိုခံစားတတ်လာပါ သည်။ သူ့ကိုတခြားအကောင်ချေတိ လိုက်စော် ရည်းစားစကားလိုက်ပြောစော်တိကို မြင်မိတိုင်း၊ ကြားရတိုင်း ဇာကိုဒေါသထွက်လို့ထွက်မှန်းမသိ ဒေါသထွက်တတ်လာပါ သည်။ ယကေလေ့ ကျွန်တော် သူ့ကိုရည်းစားစကားပြောဖို့ကြိုးစားလိုက်တိုင်း ကျွန်တော့် မသိစိတ်ထဲက တွိဝီမှုတိ၊ သူ့ရှိကိုရောက်လားတိုင်း ဇာစကားပြောလို့ ပြောရ ဖို့မှန်းမသိရေ ပုံစံမျိုးတိနန့် သူ့ကို ရည်းစားစကားဟုတ်တိပတ်တိမပြောခဖူးပါ။ ယကေလေ့ သူနန့်ကျွန်တော် မျက်လုံးချင်းဆုံဖူးပါသည်။ ယင်းပိုင်မျက်လုံးချင်းဆုံတိုင်း ပထမဆုံးမျက်လွှာချရေလူက ကျွန်တော်ဖြစ်ခပါသည်။ တခြားမ,မချေတိနန့် သမီးရည်းစားဖြစ်ခကေလေ့ ယင်းပိုင်ခံစားမှုမျိုးမသျှိခဖူးရေကျွန်တော်က သူနန့်ကျမှ ခံစားမှုတမျိုးတမည်နန့် ခံစားတတ်လာခြင်းဖြစ်ပါသည်။


နောက်ထပ်ဆက်ပါဖို့သိ…


 ဖိုးခေါင်
၁၀.၆.၂၀၁၁
India Time:6:20PM

အပြည့်အစုံသို့...

Tuesday, 31 May 2011

တကြိမ်မာတခု

ညီအကိုမောင်နှမရို့ သိမှတ်ကတ်ပြီးသား၊ ဖတ်မှတ်ကတ်ပြီးသား အကြောင်းအရာချေတခုနန့် ဂနိကျွန်တော်ရို့လူဘောင်နန့်ဆက်စပ်ပနာတွီးတောမိရေ  အတွီးချေတခုကို မျှဝီလိုက်ပါယင့်…

          ကျွန်တော်ရို့ မိတ်ဆွေတယောက်က လူသူသျှင်းရေ မက္ကဆီကို ကမ်းခြီတနီရာမာ သူ တွိကြုံခရရေ အဖြစ်အပျက်ချေတခုကို ပြောပြပါရေ။
          နီဝင်ဆည်းဆာအချိန် ကမ်းခြီမာသူတယောက်တည်းလျှောက်လားယင်းက ဟိုးအဝီးမာ လူတယောက်ကို လှမ်းမြင်လိုက်ရရေ။ တဖြည်းဖြည်းအပါးကိုရောက်လာခါ ဒေသခံတယောက် ဆိုစော်ကို သတိပြုမိလိုက်တေ။ ယင်းလူက ကမ်းခြီသောင်စပ်မာ ကကုန်းကကုန်းနန့် လားနိန်စော်ကနိန် တစုံတခုကို ငုံ့ကောက်ပနာ ပင်လယ်ရီထဲကို လွင့်ပစ်လိုက်တေ။ နောက်လဲ တဖေ့ချေရှိကိုလားလိုက် တခုခုတွိကေ ကောက်ယူလိုက်
လွှင့်ပစ်လိုက်နန့် လုပ်နိန်ရေ။
.
ကျွန်တော်ရို့မိတ်ဆွေရေ သူ့အနားကိုရောက်လားပြီးကေ သသေချချာကြည့်လိုက်တေ အခါ လှိုင်းနန့်ပါလာပြီးကေ သောင်ပြင်မာ တင်ကျန်နိန်ခရေ ကြယ်ငါးချေတိကို ရီထဲပြန်ပစ်ချ နိန်စော် ဆိုစော်ကိုသိလိုက်ရရေ။
          ဒေလူ ဇာရည်ရွယ်ချက်နန့်လုပ်နိန်လေဆိုစော်ကို ကျွန်တော်ရို့ မိတ်ဆွေ စိုဉ်းစားလို့ မရဖြစ်လားရေ။ ယင်းပိုင်နန့် သူ့ကိုနှုတ်ဆက်ပြီးကေ တတည့်ပင်မိန်းကြည့်လိုက်တေ။ “ မသိ လို့ တခုလောက်မိန်းချင်ပါယင့်၊ အကို ဇာလုပ်နိန်စော်ပါလေ”..
          “ကြယ်ငါးတိကို သမုဒ္ဒရာထဲ ပြန်ပို့ပီးနိန်စော်ပါလေ၊  အကိုမြင်ရေအတိုင်းပါဗျာလ်ယေ၊ အဂု ဖြားကျချိန် သောင်ပြင်ထက်မာ တင်ကျန်နိန်ခရေ ကြယ်ငါးတိစော် ဖြားတက်ချိန်
ရောက်အောင် ဒေမာ ကကောင်းကြာအောင်စောင့်နိန်ရပါဖို့သိ၊ ယကေလေ့ ယင်းလောက်ကြာ
ဖို့ဆိုကေ အောက်ဆီဂျင်ပြတ်ပနာ သီဖို့စော်ပါဗျာလ်”
          “ဟုတ်ပါရေ၊ ယင်းချင့်ကိုတော့ခါ ကျွန်တော်လဲ သဘောပေါက်ပါယင့်” ဆိုပနာ ကျွန်တော်ရို့ မိတ်ဆွေက ဆိုပါရေ။ အပြီးကေ သူကဆက်လို့ “ယကေလေ့  ဒေကမ်းခြီတ လျှောက်မာ ကြယ်ငါးတိ ထောင်နန့်သောင်းနန့်ချီလို့ သျှိနိန်ဖို့စော်ပါဗျာလ်၊  ယင်းအကောင်တိ အားလုံးကို အကို့အနိန်နန့် ဇာပိုင်လိုက်ကောက်ပါဖို့လဲ၊ တယောက်တည်းနန့် မဖြစ်နိုင်ပါယေ။ ပြီးကေ အကိုလဲစိုဉ်းစားကြည့်ပါ၊ ဒေကမ်းရိုးတန်းတလျှောက်လုံးဆိုကေ အဂုပိုင် သောင်ပြင် ပေါင်းရာနန့်ချီပနာ သျှိနိန်ပါဖို့၊ ယင်းပိုင်သောင်ပြင်တိုင်းမာ သျှိနိန်ရေ ကြယ်ငါးတိကို ဇာပိုင် လုပ်ပါဖို့လဲ၊ သူ့သဘာဝနန့် သူဖြစ်နိန်စော်ကို အကို့တယောက်ကြောင့် ဇာတိထထူးခြခြား ပြောင်းလဲလားနိုင်ပါဖို့လဲ”
          ယေခါ ဒေသခံပုဂ္ဂိုလ်က ပြုံးလိုက်တေ။ နောက်ထပ်ကြယ်ငါးတကောင်ကို ကောက် လိုက်ပနာ “တခြားအကောင်တိအတွက် မထူးခြားကေလေ့ ဒေကြယ်ငါးတယောက်အတွက် ကတော့ခါ ထူးခြားပါရေယေ” ဆိုပနာ ပင်လယ်ရီထဲကို လှမ်းပစ်ထည့်လိုက်လီပါရေ။

လူ့ဘဝမာ အသေးအမွှားချေတိရာဆိုရေကိစ္စတိစော်လေ့ အသေအချာစိုဉ်းစားကြည့်ကေ လေးနက်တေအဖြစ်တိကို တွိရတတ်ပါရေ။ ဂနိအချိန်ဝါးအစည်းပြီရေပိုင်ပြီနိန်ရေ ကျွန်တော်ရို့ လူ့ဘောင်လောကမာ အသေးအမွှားချေတိရာ၊ သမန်ကာလျှံကာ ကိစ္စတိရာဆိုပနာ ဂရုမစိုက်ခ
ကတ်လို့ အာရုံမထည့်နိုင်ခကတ်လို့ အလှမ်းကျယ်ပနာ အလယ်လတ်ခရရေ လက်တွိသဘော တရားတိအများကြီးပါ။ ကိုယ်တိုင်လဲ ကြုံတွိကောင်းကြုံတွိခံစားဖူးခကတ်ပါလိမ့်မေ။ အထက် က အဖြစ်အပျက်ချေမာပိုင် ကြယ်ငါးတိအားလုံအတွက် သူမလုပ်နိုင်သိတိုင်အောင် ကြယ်ငါး တကောင်အတွက် သူလုပ်ဆောင်ချက်ရေ ကကောင်းကြီးတန်ဖိုးသျှိလီပါရေ။
         
 “ယကေလေ့  ဒေကမ်းခြီတ လျှောက်မာ ကြယ်ငါးတိ ထောင်နန့်သောင်းနန့်ချီလို့ သျှိနိန်ဖို့စော်ပါဗျာလ်၊  ယင်းအကောင်တိ အားလုံးကို အကို့အနိန်နန့် ဇာပိုင်လိုက်ကောက်ပါဖို့လဲ၊ တယောက်တည်းနန့် မဖြစ်နိုင်ပါယေ။ ပြီးကေ အကိုလဲစိုဉ်းစားကြည့်ပါ၊ ဒေကမ်းရိုးတန်းတလျှောက်လုံးဆိုကေ အဂုပိုင် သောင်ပြင်ပေါင်းရာနန့်ချီပနာ သျှိနိန်ပါဖို့၊ ယင်းပိုင်သောင်ပြင်တိုင်းမာ သျှိနိန်ရေ ကြယ်ငါးတိကို ဇာပိုင် လုပ်ပါဖို့လဲ၊ သူ့သဘာဝနန့် သူဖြစ်နိန်စော်ကို အကို့တယောက်ကြောင့် ဇာတိထထူးခြခြား ပြောင်းလဲလားနိုင်ပါဖို့လဲ”

ကျွန်တော်ရို့ ရခိုင်ပြည်သူလူထုတိကို သောင်ပြင်ပေါင်းရာနန့်ချီပနာသျှိနိန်ရေ သောင်ပြင်တိထက်က ကြယ်ငါးချေတိအဖြစ်မြင်ယောင်ကြည့်ပါ။ ဖြားတက်လာဖို့အချိန်ကိုစောင့်ယင်း အောက်ဆီဂျင်ပြတ်လို့ မျိုးတုန်းလားဖို့အနိန်အထားပါ။ အထက်က အဖြစ်အပျက်ချေမာက ကြယ်ငါးချေတိကို ပင်လယ်ပြင်ထဲပစ်ချရကောင်းမှန်း အသူတယောက်ကလေ့ မသိခကေလေ့ ကျွန်တော်ရို့လူဘောင်အသိုင်းအဝိုင်းက ယင်းပိုင် မဟုတ်ပါ။ ကိုယ့်လူမျိုးအတွက် ကိုယ်လုပ်ရကောင်းမှန်း အားလုံးသူရင်ထဲမာ သိနိန်ကတ်ပြီး သား၊ သျှိနိန်ကတ်ပြီး သားပါရာ။

ယကေလေ့ ကြယ်ငါးချေတကောင်ကို ပင်လယ်ထဲ ပြန်ပစ်ချပီးလိုက်တေအခါ
ရီထဲကိုပြန်ရောက်လားရေ ကြယ်ငါးချေအတွက် အသက်ဆက်ရှင်သန်ခွင့် ဆိုရေ အကျိုးကျေးဇူးကိုခံစားခွင့်ရခပါရေ။ ယကေလေ့ ကိုယ့်လူမျိုးအတွက် လုပ်ရဖို့ဆိုရေ အသိတိ သျှိကတ်တေ ကျွန်တော်ရို့လူမျိုးတိမာက ကြယ်ငါးချေတကောင်ခံစားရ ရေအကျိုးကျေးဇူးတရားတိပိုင် ခံစားခွင့်ရနိန်ကတ်ပါလာ။ စိုဉ်းစားမိလာပါရေ။ လုပ်ရဖို့ဆိုရေအသိတရားတိနန့် သောင်ပြင်တိုင်းမာသျှိနိန်ရေ ကြယ်ငါးတိအားလုံးအတွက် သိမ်းကြုံစိုဉ်းစားယင်း နောက်ဆုံး တကောင်တလီတောင်ပင်လယ်ထဲကို ပြန်မရောက်နိုင်ခပဲ အောက်ဆီဂျင်ပြတ်လို့ မျိုးပြုန်းလား ဖို့အနိန်အထားတောင်ဖြစ်လာဖို့ ရောင်ခြည်တိတောင်
မဆိုကောင်းဆိုကောင်းသန်းနိန်ပါယာ။

အလှမ်းကျယ်လို့ အလယ် မလတ်ကတ်စီချင်ပါ။ လက်တွိသဘောတရားတရားနန့်ဆက်စပ်လို့ ကျွန်တော်ရို့ ကိုယ်နိုင်ရေ နိန်ရာက တာဝန်သသိနန့် အလုပ်လုပ်လားကတ်ပါမေ။ တယောက်ကိုတယောက် အပြစ်တင် ဝေဖန်နိန်စရာအကြောင်း၊ သပုပ်လီလွင့်ပြောနိန်စရာ အကြောင်းလဲမသျှိပါဗျာလ်။ ကိုယ်စီကိုယ် စီလုပ်ဆောင်မှုတိနန့် အားလုံးကိုတပြိုင်တည်းပင်လယ်ထဲကို ပစ်ချကတ်မေဆိုရေ စိတ်ကူး၊ မနိုင်မနင်းစိတ်ကူးထက် “တခြားအကောင်တိအတွက် မထူးခြားကေလေ့ ဒေကြယ်ငါးတ
ကောင်အတွက် ကတော့ခါ ထူးခြားရဖို့” ဆိုရေ ကိုယ်စီကိုယ်စီအသိတရားတိကရာ ပိုလို့ အလုပ်ဖြစ်ဖို့မြင်ပါယင့်။ ယင်းပိုင်ဆိုကေတော့ခါ ကျွန်တော်ရို့လိုချင်ရေဖြစ်ချင်ရေပိုင် တပြိုင်နက်ထဲ အားလုံးကို ပင်လယ်ထဲရောက်အောင်ပစ်ချနိုင်ပါလိမ့်မေ။ မဟုတ်ကေတော့ခါ ပစ်ချဖို့အတွက် လုံးပမ်းယင်းနန့် တဖြည်းဖြည်းလုံးပါးပါးရပါဖို့။

ယင်းအတွက် ညီအကိုမောင်နှမရို့ကို မျှဝီရေ ကျွန်တော်အတွီး၊ သဘောတရားကတော့ခါ အားလုံးအတွက် သိမ်းကြုံစိုင်းစားစော်ထက် ကိုယ်နိုင်ရေ၊ ကိုယ်နိုင်ဖို့ တနီရာရာကနိန်လို့ တခုချင်းတခုချင်းကို ကိုယ်စီ၊ ကိုယ်စီလုပ်ဆောင်လားကတ်ဖို့ ဆိုကေ ကျွန်တော်ရို့အားလုံးရည်မှန်းရေ ပန်းတိုင်ကိုတနိရောက်လာဖို့စော်ကမလွဲဆိုစော်ပါ။

ချစ်တေညီအကိုမောင်နှမအပေါင်းရို့အားလုံး ကိုယ်စိတ်နှဖြာရွှင်လန်းနိုင်ကတ်ပါဇီ။
( အတွီးအခေါ်ချေတခုဖြစ်တည်လာအောင် ထုတ်နုတ်မှတ်သားရေ နီရာချေက
ဆရာဖေမြင့်၏ “နှလုံးသားအဟာရ” )

ဖိုးခေါင်
၃၁၊၅။၂၀၁၁
India Time :2:27 PM

အပြည့်အစုံသို့...

Monday, 9 May 2011

၁၅၀၀ ပြည့်ဖို့ တစ်အလို

မိုးသီးတိ တဖြောက်ဖြောက်ကျနိန်ရေ .. လီကလဲ တဝီဝီတိုက်နိန်ရေ..
ကျွန်တော်လဲ လ္ဖက်ရည်ဆိုင်ဒေါင့်ချေမာထိုင်လို့ ဇာမှန်းမသိ လမ်းမဖက်ကို ငေးကြည့်နိန်မိရေ ..
ဆိုင်ကဖွင့်ထားရေ ဗမာတေးခြင်းသံချေတပုဒ်ကလဲ ဇာမှန်းမသိ ခံစားမှုတခုခုကို ပီးနိန်ရေပိုင်..။

မျက်စိထဲကို ဖြတ်ဝင်လာရေပုံရိပ်ချေတခု.. ကျွန်တော် အသေအချာဖမ်းဆုပ်လိုက်တေ..
“သူ”.. ကျွန်တော့ ရင်တိ ဒိတ်ခနဲဖြစ်လားရေ.. ပန်းရောင်ချိတ် အထက်အောက်ဆင်တူချေနန့် ယယိုဉ်ချေလှနိန်ရေကာ..
ဆောင်းထားရေထီးချေကလဲ ပန်းရောင်ချေ..။ မျက်လွှာချေချပြီးကေ တလှမ်းချင်း တလှမ်းချင်းလှမ်းလာနိန်ရေ သူ့ပုံစံချေက
ကျွန်တော် မြင်ဖူးနိန်ကျပုံစံအတိုင်း..။

ဆိုင်ရှိနားကိုရောက်တေခါ အယင်ကထိုင်နိန်ကျခုံချေကို မျော်လင့်ခြင်းတိ မကန်မကန်နန့် လှမ်းကြည့်ရေပုံစံမျိုး ချထားရေမျက်လွှာချေကို ပင့်အကြည့်.. ကျွန်တော့ရင်တိ ဗရမ်းဗတာ ဖြစ်လားရေ.. ထော.. “သူ” ကျွန်တော့ကို မြင်လားဗျာလ်.. သူ့မျက်နှာချေ ဝင်းပလားခရေ.. ခြီထောက်ချေတိကိုလဲ စုံရပ်ပလိုက်တေ..
ကျွန်တော် ဇာလုပ်ရဖို့လဲ.. သျှောင်ဖို့အချိန်လဲမရလိုက်ဗျာလ်.. ကျွန်တော် သူ့ကို လှမ်းကြည့်လိုက်တေ..
ကြည့်ဇမ်.. တချိန်က သူ့အနားမာအရိပ်ပိုင်သျှိနိန်ခရေ အချိန်တိက ကျွန်တော်မက်မောတွယ်တာခဖူးရေ အပြုံးချေတိနန့် ကျွန်တော့်ကို ပြုံးပြနိန်စော်ရာမနားယေ..

ကျွန်တော်ထရပ်လိုက်တေ.. အပြီးကေ တလှမ်းချင်း သူ့ရှိကိုလှမ်းလားယင်း..

“ဖြိုး” နီကောင်းယင့်လား.. ကျောင်းလခလာသွင်းစော်ဟန်.. တယောက်တည်းကာ..”

စကားလုံးချေတိကို အတတ်နိုင်ဆုံးထိန်းလို့ပြောလိုက်တေအချိန် .. ဇာကမှန်းမသိ နတ်ပွဲတပွဲက အလိုက်ကမ်းဆိုးမသိ.. ရင်ဖတ်ထဲမာဝင်လို့ ဆိုင်းလာတီးနိန်ကတ်တေ..။

“အင်း.. ကျောင်းလာသွင်းဟာ.. နင်ဝါ နီကောင်းယင့်မနား..”

“အင်း..ကောင်းရေ.. လာလေ.. ဆိုင်မာ မထိုင်ဗျာလ်လား..”

“အဟင့်.. မထိုင်ချင်ဗျာလ်.. နင်တယောက်တည်း ဒေမာဇာလုပ်နိန်လေ..”

ကျွန်တော် မဖြေချင်.. (ဒေခုံချေမာ ဒေဆိုင်ချေမာ ငါအမြဲတမ်းလာထိုင်နိန်ကျ နင့်ကိုသတိရတိုင်း..) ဆိုပနာ ကျွန်တော် မပြောချင်..မဖြေချင်)ယင်းအတွက်..

“ငါလဲ ကျောင်းလခလာသွင်းစော်.. မရောက်စော်ကြာလို့ဆိုင်မာ တနားထိုင်နိန်စော်ရာ..”

“အော်..” ဆိုရေ လီသံတတိုးချေနန့် သူ့မျက်နှာချေ ညှိုးကျလားခရေ..။

“ငါ.. လားလိုက်ဖို့ယာ..” လို့ဆိုပနာ

ကျွန်တော့ရှိက တလှမ်းချင်းလှည့်ထွက်လားရေ သူ့ကို ပြောဖို့စကားရှာမရလိုက်.. အယင်အချိန်ပိုင်ဆိုကေ(တချိန်ကပိုင်ဆိုကေ).. သူ့လက်ချေကို ကျွန်တော်လှမ်းဆွဲမိဖို့.. မဟုတ်ကေ သူလားရာလမ်းမာ ငုံ့ထားရေ သူ့မျက်နှာချေကို ဂေါင်းငုံ့လို့ မျက်လုံးချင်းဆုံအောင် ကြည့်မိဖို့.. အဂုက.. .. ..

ကျွန်တော်ရင်ထဲမာ တခုခုပျောက်ဆုံးလားခရေပိုင်တွိလိုက်တေ.. ရင်ဖတ်ကဆို့နင့်လာရေ ခံစားချက်တချို့လှိုင်းထပါလတ်တေ..
ယင်းနိန်ရာအတိုင်း ဂေါင်းငိုက်စိုက်နန့် ဇာအချိန်ထိ ကျွန်တော်ရပ်နိန်မိမှန်းမသိ ..

“အကိုး.. မိုးရီထဲမာ ဇာလုပ်နိန်ပါလေ.. ဒေလောက်မိုးကြီးနိန်စော်မာ ” ဆိုပနာ
ဆိုင်ထဲက စားပွဲထိုးချေ လှမ်းအော်ပြောမှ သတိဝင်လာရေ..

ကျွန်တော် ကျောင်းဖက်ကို လှမ်းကြည့်မိယင်း တချိန်က ပုံရိပ်ချေတိကို တွိလိုတွိငြား ရှာကြည့်နိန်မိရေ..
ကျောင်းကြီးလဲတိတ်ဆိတ် ခြောက်သွိလို့.. အော်.. ယင်းပိုင်နန့်.. ကျွန်တော်ရို့နှစ်ယောက်လဲ ... ... ... ..

.. .. ... .. .. ... .. .. ... .. ..


ဖိုးခေါင်
၉၊၅၊၂၀၁၁
India Time:6:07

အပြည့်အစုံသို့...

Friday, 6 May 2011

မေမေကို ချစ်တေ


မေမေ..
“မေမေ” လို့ ခေါ်ခွင့်ပြုပါ..
“မေမေ” ဆိုစော် အသူမှန်း၊ ဇာပိုင်ပုံစံမှန်း သား မသိကေလေ့
မမြင်နိုင်ရေ ဟိုးအနက်သျှိုင်းဆုံးနေရာချေမာ
သား အမြဲတမ်းတောင့်တမျှော်လင့်နိန်ခဖူးရေ
“မေမေ” စော် အမြဲတမ်းသျှိနိန်ခပါရေ။
ယကေလေ့..
သား တခုတော့ကေ သိပါယင့်..။
မေမေက သားကို မချစ်ဆိုစော်ကိုပါ။
ဇာအတွက်ကြောင့် သား ယင်းပိုင်ပြောရလေဆိုကေ
လူ့ဘဝထဲကို ဝင်ရောက်ခါစ နနီရရဲ ရက်သားချေအရွယ်ကတည်းကပင်
သားကို စွန့်ပစ်ခရေအတွက်ပါ။

သားသိတတ်စအရွယ်ခါကပင် သူများတိက သနားတတ်တေ မျက်ဝန်းတိနန့် သားကိုကြည့်ဗျာလ် အမြဲတမ်းပြောကတ်ပါရေ။ သားအမြဲတမ်းကြားခရပါရေ။

“ ဟေး.. ဟိုမာ အချေတယောက်ကြည့်ဇမ်.. ဇာပိုင်ချစ်ဖို့ကောင်းလေချင့်..
ပါးချေတိ အအို့ချေနန့်.. ကြည့်ဇမ်..ကြည့်ဇမ်.. ရယ်ပြနိန်ထော.. ပချိုင့်ချေတိနန့်..”

ယင်းပိုင် အသံတိကို အဂုချိန်ထိသားကြားတိုင်း.. သား ငိုချင်လာမိပါရေ..။
သူများတိက သားကိုဇာလောက်ပင်ချစ်ဖို့ကောင်းရေလို့ ပြောလီကတ်ပတ်စီ..
သားချစ်တေ မေမေက သားကို မချစ်ခ။ ရရက်စစက်ဝေးသတ်ပခရေ။ သူများတိပါးမာ
တသက်လုံးမျက်နှာငယ်ရအောင် သားကို ရရက်စစက်ထားပခရေ။
သားမာ ဇာအပြစ်သျှိလို့ပါလေ..သားကိုဇာကြောင့် ဒေပိုင်ဝေးပခရစော်ပါလေ..
သား မိန်းချင်ပါယင့်…။

သားရို့ကို စာလာသင်ပီးရေ ဆရာမကတော့ခါ ပြောပါရေ..

“ဇာမိဖမဆို ကိုယ့်သားသမီးကို မချစ်ဆိုစော် မသျှိ” ဆိုပါကာ..

ဟုတ်ပါယင့်လား..။ မေမေလဲ သားကို ချစ်ခပါလား..။
ယင်းပိုင် စကားမျိုးတိကို သားမကြားချင်ပါ။ သားလုံးဝ မကြားချင်ပါ။
ယင်းပိုင် စကားမျိုးတိကို ကြားတိုင်း သားရင်ထဲမာ မခံစားနိုင်ပါ..။
သား အားရပါးရအော်လို့ ငိုပလိုက်ချင်ပါရေ..။

သားရို့ဆရာတော်ကတော့ခါ ပြောပါရေ..

“ ယောက်ျားဆိုစော် အလွယ်ချေနန့် မျက်ရည်မကျရပါလတ်”

ယင်းအတွက်.. သားကို ငိုခွင့်မပီးပါကေ့..။ သား… သား.. မငိုချင်လို့ပါ..။

ယကေလေ့..
ဒေစာကို သားရီးနိန်ရေ အဂုချိန်မာ
ရီတံခွန်ကရီတိ အဆက်မပြတ်ဒလဟောစီးဆင်းနိန်ရေပိုင် သားမျက်ရည်တိ..
အထိန်းအကွပ်မသျှိလိုက်ပါဗျာလ်။
အဝီးတနိန်ရာက ဆရာတော်သိလားခလို့ ကြိမ်လုံးအကြီးမားသန် တချောင်းနန့်
လာဖို့ဆိုကေလေ့ လာပါပတ်စီဖိ။ သားကို သတ်လီပါပတ်စီဖိ။


မေမေ..
မေ..မေ…… …. … လို့
အားရပါးခေါ်ပြီးကေ မေမေ့ရင်ခွင်မာ တကြိမ်တခါချေလောက်
သားကို နားခိုခွင့်ပီးပါ။ သားကို နနွီးထထွီးကြိုဆိုပီးပါ..။
ဇာအတွက်ကြောင့် သားကို လူလောကထဲမာ တယောက်တည်းဖြစ်အောင်..
အထီးကျန်ဖြစ်အောင်.. တကောင်ကြွမျက်နှာငယ်ဖြစ်အောင်
ရရက်စစက် ဝေးပခရစော်ပါလေ.. မေမေ့ရင်ခွင်ဂေါင်းချေမှီလို့ တတိုးချေမိန်းခွင့်ပြုပါ…
သားကို ဇာကြောင့် မချစ်ခစော်ပါလေ..။

အဂုပိုင်လူ့လောကထဲမာ သားသိမှတ်လာရခါ..
“အမိများနိ” ဆိုရေ နိ့ရက်ချေတခုကို သား ကျော်ဖြတ်ကြုံတွိလာရပါဗျာလ်..။
နက်ဖြန်ခါဆိုကေ “အမိများနိ့” ဆိုပါကာ.. သူများတိပြောနိန်သံကိုကြားနိန်ရပါဗျာလ်..
သား ဝမ်းနည်းမိရေ.. သားမာ.. သားမာက “မေမေ” မသျှိ။
ယင်းနိစော် သားနန့် မဆိုင်ရေ နိ့တရက်ပါ။ သားနန့် လုံးဝမဆိုင်ရေ နိ့တရက်အဖြစ်
ရာသက်ပန်အတွက် သားသတ်မှတ်ပလိုက်ရပါဖို့ဗျာလ်..။

မေမေ့ရင်ခွင်မာ မှီပြီးကေ မေမေ့ပဇက “သားချေ” လို့ခေါ်ရေ အသံချေတခု
စကားချေတခွန်းကို ဒေတသက် သားကြားနိုင်ခွင့်သျှိဖို့မဟုတ်ပါဗျာလ်..။


အချေခါကပင် အိမ်မက်တိထဲမာ မြင်မက်ခရေပိုင်
သားမာ မျှော်လင့်ချက်တခုသျှိပါရေ…
မိဖနှစ်ပါးကြားမာ ဘယ်ဖက်လက်ချေက သားချစ်တေမေမေ့လက်ချေကိုကိုင်ပြီးကေ
ညာဖက်လက်ချေက သားဘဝကို သွန်သင်လမ်းညွန်ပဲ့ပြင်ပီးဖို့ သားကိုချစ်တေ ပါပါလက်ချေကိုကိုင်လို့ လှမ်းလျှောက်ပလိုက်ဖို့ဆိုရေ မျှော်လင့်ချက်ပါ..။


အဂုတော့ခါ သားရည်မှန်းချက်တိ.. သားမျှော်မှန်းချက်တိ ဇာခါလေ့ ပြည့်ဝလီဖို့မဟုတ်ပါဗျာလ်…။
သားရည်မှန်းချက်၊ မျှော်မှန်းချက်တိကို ဖျက်ဆီးဖို့ ကြိုးစားနိန်ကတ်တေ
သားခန္ဓာကိုယ်ထဲက အရိုးကင်ဆာဆိုရေ သီမင်းတမာန် ဝေဒနာဆိုးက လူ့ဘဝထဲကနိန်
သားကိုခေါ်ယူဆွဲထုတ်လားဖို့ အချိန်ပိုင်း၊ နာရီပိုင်း၊ ရက်အကန့်အသတ်ပိုင်းရာသျှိပါဗျာလ်..။
ဒေအဂုသားစာရီးနိန်ရေအချိန်မာ သားခန္ဓာကိုယ် ဘယ်ဖက်ခြမ်းတခုလုံး
လှုပ်သျှားလို့မရလိုက်ပါယာ..။ ညာဖက်လက်ကလဲ စာရီးယင်း ကိုက်ခဲမှုဝေဒနာတိကို
အပြင်းအထန်ခံစားနိန်ရရေ ကြားက နောက်ဆုံးမျော်လင့်ချက်တခုအနိန်နန့် ဒေစာကို
သားရီးနိန်စော်ပါ..။ သားကိုစောင့်ကြပ်ပီးနိန်ကတ်တေ ဆရာမချေတိ အတန်တန် တားနိန်ကတ်တေကြားက သားကိုသနားလို့ သူရို့ခွင့်ပြုပီးကတ်စော်ပါ။


သားနောက်ဆုံးမျှော်လင့်စော်က..
အယင်က သားရည်မှန်းချက်တိ၊ မျှော်လင့်ချက်တိ မပြည့်ဝခရကေလေ့ ဒေစာချေကို
“အမိများနိ”မာ သားကိုမချစ်ကေလေ့ သားရင်ထဲမာ အမြဲတမ်း တမ်းတယင်း ချစ်နိန်ခရရေ
သားချစ်တေမေမေ ဖတ်ရပါစီ ဆိုရေ နောက်ဆုံးရည်မှန်းချက်ပါ..။

သား လူ့လောကမာ နိန်ခွင့်မသျှိပါဗျာလ်..
သား ဆန္ဒတိ မပြည့်ဝနိုင်ပါဗျာလ်..
မေမေ့ကို သားမျက်စိထဲမာ အမြဲတမ်းပုံဖော်ကြည့်ခကေလေ့ မေမေ့မျက်နှာချေကိုတောင်
တခါလေ့ ပုံဖော်လို့ မရခဖူးပါ..။
ယကေလေ့.. သား မေမေကို ချစ်ပါရေ..။

ဒေဘဝမာ မေမေ မသျှိခကေလေ့ နောက်ဘဝအဆက်ဆက်တိမာ မေမေသျှိရေ၊ မေမေ့မိတ္တာ
နန့် နွီးထွီးရေ မေမေ့ရင်ငွီအောက်မာ မွီးဖွားကြီးပြင်းလာရရေ လူတယောက်ဖြစ်ရပါလို၏။
သားကိုချစ်တေ မေမေ့အနားမာ ထာဝရနိန်ခွင့်ရရေ သားတယောက်ဖြစ်ရပါလို၏ လို့..
သား ဆုတောင်းခပါရေ။

မေမေ ကျန်းမာပါစီ..။
မေမေ ပျော်ရွင်ပါစီ..။
မေမေ စိတ်ချမ်းသာ ကိုယ်ကျန်းမာလို့ သားကို သတိရနိုင်ပါစီ..။

သားမေမေကို ကကောင်းချစ်ပါရေ..။
သား..မေ..မေ ကို ကကောင်းချစ်ပါရေ..။
သား.. .. မေ…. မေ.. ကို.. ကကောင်းချစ်…ပါ..ရေ..။


လူ့လောကမာ လူလို့ဖြစ်လာကေ အမိနန့်အဖ ဆိုစော် သျှိုစမြဲပါ..။ သားသမီးတိအတွက်
အရိုးကြီကြီအရီခန်းခန်း မိဖဆိုရေ မိတ္တာတရားနန့် သားသမီးတိအတွက် မြင့်မိုရ်တောင်မက
ကျေးဇူးတရားကိုပီးကတ်ပါရေ..။ ဇာလောက်နက်သျှိုင်းရေ ကျေးဇူးတရားတိပါလေနန်း..။
သားသမီးတိဇာလောက်အဝီးမာ ရောက်နိန်ကတ်လီပါတ်စီ “ငါ့သားချေတိ၊ ငါ့သမီးချေတိ.. ကျန်းမာကတ်ပါစီ..ချမ်းသာကတ်ပါစီ.. လူချစ်လူခင်ပေါများနိုင်ကတ်ပါစီ.. ဘေးအန္တာရာယ်ခပ်သိမ်း ကင်းဝီးလွန်မြောက်နိုင်ကတ်ပါစီ..” ဆိုပနာ ဆုတောင်းမိတ္တာပို့သယင်း သားသမီးချေတိမျက်နှာကိုမှန်းဆယင်း ငါ့သားချေ ဇာအချိန်ပြန်လာဖို့လဲ.. ငါ့သမီးချေနန့်ဇာအချိန်ပြန်တွိရဖို့လဲ.. ဆိုရေ မိဖတိရင်ထဲက တတိုးတတိတ် မိတ္တာတရားတိကို ဇာသားသမီးနားလည်နိုင်ပါဖို့လဲ..။

အပြီးကေ ..
ဖတဆိုး၊ မိတဆိုး အဖြစ်နန့် ကြီးပြင်းလာကတ်ရရေ သားသမီးတိအတွက် ဆိုကေလေ့
အမိဖြစ်တေသူ (ဝါ) အဖဖြစ်တေသူက အမိပိုင်တမျိုးအဖပိုင်တမျိုး မိဖဆိုရေ တာဝန် ဝတ္တရား နှစ်ခုလုံးကိုထမ်းဆောင်းယင်း ငါ့သားချေ ငါ့သမီးချေတိ လူနန့်သူနန့်တူဖို့ လူတောသူတောမာ
ရုန်းကန်ရှင်သန်နိုင်အောင် ခြင်ချေတကောင် မှက်ချေတကောင်မကျရလီအောင် သားသမီးတိကို လက်တစုံတည်းနန့်မလုံကေ လုံခြုံအောင် အမျိုးအမျိုးဆင်းရဲဒုက္ခတိကို သားသမီးချေတိ မမြင်ရလီအောင် သားသမီးတိရှိမာ မျက်နှာတခါ မပျက် ကြိုးစားရုန်းကန် ပီးခကတ်တေ အမိ(ဝါ) အဖ ရို့တိ ရင်ထဲက တတိုးတတိတ်ဆန္ဒတိကိုလဲ ဇာသားသမီးတိ အဆုံးစွန် နားလည်နိုင်ကတ်ပါဖို့လဲ..။

ယကေလေ့..
မိဖဆိုစော်ကို ဇာမှန်းမသိရေ.. သားသမီးတိ.. အမိဆိုစော် ဇာပိုင်စော်မျိုးလဲ.. အဖဆိုစော် ဇာပိုင်စော်မျိုးလဲ မှန်းဆပုံဖော်လို့မရကတ်တေ သားသမီးတိအတွက် … ကောင်းမွန်ရေ မိတ္တာတရားချေတခု အဆုံးစွန်ထိလိုအပ်နိန်စော်က အမှန်ပါ..။ အသက်သီဆုံးလားရေအထိ သူရို့ချေတိ ရင်ထဲက တိတ်တခိုး ကြွီကွဲမှုချေတိကိုဘာဝါ ဇာမိဖတိက ကိုယ်ချင်းစာလို့ အဆုံးစွန်ထိ မြင်နိုင်ပါဖို့လဲ..။ အကြောင်းအမျိုးမျိုးဆိုရေ အကြောင်းတရားတိအောင်မာ နာကြင်ကြွီကွဲမှုတိကို အသက်နန့်ထပ်တူယူဆောင်ထမ်းပိုးလားနိန်ရရေ ဘဝချေတိကို အသူတယောက် အဆုံးစွန်ထိနားလည်သိသျှိခံစားပီးနိုင်ကတ်ပါဖို့လဲ..။

ယင်းအတွက်..
ဒေကမ္ဘာကြီးတည်မြဲနိန်သရွိ..
မိဖမသျှိရေ သားသမီးတိ ဒေကမ္ဘာကြီးမာ ကင်းဝီးပါစီ..။
အဖသျှိကေလေ့ အမိမသျှိရေ သားသမီးတိ ဒေကမ္ဘာကြီးမာ ကင်းဝီးပါစီ..။
အမိသျှိကေလေ့ အဖမသျှိရေ သားသမီးတိ ဒေကမ္ဘာကြီးမာ ကင်းဝီးပါစီ..။
တကောင်ကြွတမျက်နှာဘဝနန့် မမြင်နိုင်ရေ ဟိုးအနက်သျှိုင်းဆုံးနီရာချေကေ တတိုးတတိတ်နာကြင်ကြွီကွဲမှုအပေါင်းနန့် ဘဝလောကဓံကို ကြကြံ့ခံနိန်ကတ်ရရေ သားသမီးတိ ဒေကမ္ဘာကြီးမာ တဖြည်းဖြည်းကင်းဝီးကတ်ပါစီ..။

ဝီးရပ်မြီက မွီးမိခင် စိတ်ချမ်းသာကိုယ်ကျန်းမာပါစီကြောင်း စိတ်မာရည်မှန်းဦးခိုက်ယင်း..
“အမိများနိ” အမှတ်တရ..။


ဖိုးခေါင်
၇.၅.၂၀၁၁
India Time: 1:15 AM

အပြည့်အစုံသို့...

Sunday, 1 May 2011

ရွှီဖိုးခေါင်နန့်သဇင်ပျို

စိမ်းမြညိုမှောင် ဒေရိုးတောင်ထက်
ငွါးငွါးစွင့်စွင့် ဖူးတံဝင့်သည့်
ပွင့်ဖပ်ဖြူစို နှင်းရည်ခိုရေ
ကျက်သရေတင့် သဇင်ပွင့်လည်း
ခွန်းချိုသံသာ တွန်ကျူးကာပင်
နာသာညက်ညော သံဇိုဉ်နှောလို့
ရိုးတောင်ဘယံ န၀င်ညံအောင်
အမောင်ဖိုးခေါင် မစွမ်းဆောင်ဂေ
အလှဇာပိုင် မညီနိုင်။ ။
သိရီစောခြိမ့်

အပြည့်အစုံသို့...

Thursday, 28 April 2011

ရခိုင်တော်လှန်ရေး မအောင်မြင်ရရေ အကြောင်းတရားတိ

အဖိနှိပ်ခံအာဏာရှင် နိုင်ငံအများစုမှာ တော်လှန်ရေးတရပ်ကို ဆင်နွဲဖို့လို့ စိုင်းစားဆုံးဖြတ်လိုက်ကေ အယင်ဆုံး လုပ်ကတ်စွာက လေ့လာရေး ပုံစံကနိန်စပြီးကေ လုပ်ကတ်စွာကို တွီ့ရရေ။ လေ့လာရေးအုပ်စု (study group) အဆင့်ကနိန် မြေအောက်ပါတီ၊ ပုံမှန်ပါတီဆိုပြီးကေ တဖြည်းဖြည်းနဲ့ အဆင့်မြင့်လာတတ်တယ်။ အကျွန်ရို့ ရခိုင်ပါတီတိ၊ ဗမာပြည်က အခြားပါတီတိကို လေ့လာကြည့်လိုက်ကေ ပါတီထောင်ဖို့၊ အဖွဲ့ထောင်ဖို့ သူငယ်ချင်း၊ ရင်းနှီးမိတ်ဆွေတိကို “မင်းပါဖို့လား…လာ အစည်းအဝေး တက်ဖို့ လားမယ်” ပုံစံ ဆွဲခေါ်ပြီးကေ စုဖွဲ့ တတ်ကတ်တယ်။ နိုင်ငံရေး၊ တော်လှန်ရေး အတွေးအခေါ်ကို ထည့်သွင်း မစိုင်းစားဘဲ ရင်းနှီးမှုကို အခြေပြုထားပြီးကေ ပါတီ၊ အဖွဲ့အစည်းတိ ထောင်ကတ်စွာကများရေ။ ယင်းပုံစံကို ရင်းနှီးမှုကို အခြေခံရေနိုင်ငံရေး (Friendship-based politics) လို့ သုံးသပ်ချင်ရေ။ ဖဲသာရှိလူ ဘဏ္ဍာရေးမှူးတာဝန်၊ နည်းနည်း အသက်ကြီးလူ ဥက္ကဌ၊ အပြောအဟောကောင်းရေလူ စည်းရုံးရေးမှူး ဆိုပြီးကေ လက်တန်း တာဝန်တိကို ခွဲဝီကတ်စွာကိုလဲ တွီ့ရရေ။ ယင်းပိုင်ပုံစံတိစွာ ရပ်ရွာ သာရေးနာရေးအဖွဲ့တိအတွက် ပြဿနာအကြီးအကျယ် မရှိကေလေ့ တမျိုးသားလုံးကို ဦးဆောင်ပနာ တိုက်ပွဲဝင်ဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းကတ်တေ တော်လှန်ရေး၊ နိုင်ငံရေးပါတီအတွက် အများကြီး စိုင်းစားဖို့လိုလာရေ။ ပပွင့်လလင်း ဝေဖန်ရဖို့ဆိုကေ လက်ဟိ ရခိုင့်တော်လှန်ရေး လမ်းကြောင်းမှာ အားရစရာတိတော့ ကောင်းမတွီ့ရ။ ယကလေ့ တခုအားကောင်းလာစွာက နိုင်ငံရေး၊ တော်လှန်ရေးကို လူငယ်တိ၊ ကျောင်းသားတိ အယင်ခါထက် စိတ်ဝင်စားမှု ပြလာစွာကို တွီ့ရစွာ ဖြစ်တယ်။ ကိုယ်တိုင်ကိုယ်ကျပါဝင် မလုပ်ဆောင်နိုင်ကေတောင် နိုင်ငံရေး၊ တော်လှန်ရေးစွာ လေ့လာစရာ တခုအဖြစ် သဘောထား လာကတ်စွာကို မြင်တွီ့လာရရေ။ ယင်းချင့်က ကောင်းရေအချက်တခု ဖြစ်တယ်။ နောက်တခုက သတင်းနည်းပညာ အကျိုးကျေးဇူး ကြောင့် ဖြစ်တယ်။ လူငယ်တိစွာ အယင်ခါထက် တယောက်နဲ့တယောက် ရင်းနှီးဆက်စပ်မှု ဖြစ်လာစွာ ဖြစ်တယ်။ နိုင်ငံရေးနဲ့ဆိုင်ရေ သတင်းအချက်အလက်တိကို ပုံမှန်ဖတ်နိုင်၊ ဖလှယ်နိန်ကတ်စွာကိုလေ့ တွီ့ရရေ။ တချို့ကလေ့ နည်းပညာကို လွဲမှားရေ နည်းနဲ့ တယောက်နဲ့တယောက် အပြန်အလှန်တိုက်ခိုက်ဖို့ အတွက်လောက်ရာ သုံးနိန်ကတ်သိရေ။ ယကလေ့ ကောင်းမကြာခင် အချိန်အတွင်းမှာ ယင်းမျိုးအပြုအမူတိပျောက်ကွယ်လားဖို့လို့ ယုံကြည်ရေ။ ပစ္စည်းအသစ်တခု၊ နည်းပညာ အသစ်တခုနဲ့စပြီးကေ ထိတွီ့ဆက်ဆံရေအခါ အကျွမ်းတ၀င်မရှိသိလို့ အသုံးကျမှုကို နားလည်သဘောမပေါက်သိလို့ရာ ဖြစ်တယ်။

ရခိုင်တော်လှန်ရေး မအောင်မြင်ရရေ အကြောင်းတရားတိ လို့ ဆိုထားရေအတွက် ခေါင်းစဉ်ကို မြင်ကတည်းကပင် အဆိုးအမြင် အတွေးအခေါ်တိကို ဖြန့်ဝေဖို့လို့ မယူဆစီချင်။ ဇာအတွက်လဲမိန်းကေ မအောင်မြင်ရရေ အကြောင်းတရားကို ဖြေရှင်းနိုင်မှရာ အောင်မြင်နိုင်ရေ လမ်းကြောင်းကို ရာတွီ့ဖို့ဆိုရေ ရည်ရွယ်ချက်နဲ့ သုံးသပ်ထားစွာ ဖြစ်လို့။ တချို့အသုံးအနှုန်းတိစွာ ဒေါသသံ သင့်ချင်ကေလေ့ သင့်ဖို့။ ယကလေ့ ဆိုလိုရင်းကိုရောက်အောင် မသုံးမဖြစ်သုံးရစွာဖြစ်လို့ စာဖတ်လူတိ နားလည်ခွင့်လွတ်နိုင်ဖို့လို့ ယုံကြည်ရေ။

အေနိန့်လက်ဟိ ရခိုင်ပြည် ပြည်တွင်း၊ ပြည်ပ နိုင်ငံရေးလမ်းကြောင်းတိစွာ ဦးတည်ချက်မဟိ၊ ရည်ရွယ်ချက်မဟိ၊ ဗျူဟာမဟိ စိတ်ရူးပေါက် ထလုပ်နိန်ကတ်စွာကို တွီ့နိန်ရရေ။ ဗဟိုချက်မ မဟိရေ နိုင်ငံရေးလှုပ်ရှားမှုနဲ့ ဆင်တူရေ။ ဗဟိုချက်မ မဟိဆိုစွာ ဦးဆောင်ပါတီ (တပ်ဦးပါတီ)၊ ဦးဆောင်ပုဂ္ဂိုလ် မဟိလို့ ဆိုလိုချင်စွာမဟုတ်။ ဇာအပေါ်မှာ အခြေပြုပြီးကေ လှုပ်ရှားနိန်လဲဆိုစွာ ဗဟိုချက်မတန်ဖိုး (core value) ပျောက်ဆုံးနိန်စွာ ဖြစ်တယ်။

အဂုတင်ပြဖို့အကြောင်းအရာတိမှာ မိတ်ဆက်သဘောအနိန်နဲ့ ရခိုင်ပြည်လက်နက်ကိုင်တော်လှန်ရေး၊ ပါတီတိလှုပ်ရှား လည်ပတ် နိန်ရေ ပုံစံတိကို အဓိကဦးစားပီး သုံးသပ်တင်ပြထားရေ။ အခြားအကြောင်းအရာတိကို နောက်ရီးရေ ဆောင်းပါးတိမှာ သုံးသပ် တင်ပြဖို့ အစဉ်အစိုင်ဟိရေ။ ရခိုင်ပြည်တော်လှန်ရေး သမိုင်းတလျှောက်မှာ ပါတီအမျိုးမျိုး၊ အဖွဲ့အစည်းအမျိုးအမျိုး၊ ခေါင်းဆောင် အမျိုးအမျိုး ပေါ်ပေါက်ဖူးခဗျာလ်။ အသက်၊ သွီး၊ ချွေးတိလေ့ မနည်းမနော ပီးဆပ်ခကတ်ဗျာလ်။ ယကလေ့ အဂုအချိန်ထိလေ့ အောင်မြင်မှု မရဟိသိ၊ အောင်မြင်မှု မရရုံတောင်မက အောင်မြင်ဖို့ လမ်းစကိုလေ့ ရာမတွီ့ ဖြစ်နိန်သိရေ။ ယင်းအတွက်နဲ့ တော်လှန်ရေးမအောင်မြင်ရရေ အကြောင်းအရင်းတိကို သုံးသပ်ကြည့်မိရေရေ။

(၁) တန်လာ မတန်လာ
အဂုရခိုင်ပြည် လက်နက်ကိုင်တော်လှန်ရေးတိစွာ လူစုရေ၊ ရန်သူနဲ့ ၀ီးရေ တောတနိန်ရာမှာ စခန်းချရေ၊ ကိုယ်ကာယတနား လေ့ကျင့်ရေ၊ ထမင်းချက်စားရေ ယင်းချင့်စွာ ပုံမှန်ဖြစ်နိန်ရေ။ တခါတခါ ရန်သူနဲ့ ဆုံကေ “ဘောင်း ဘောင်း” လေး၊ ငါး၊ ဆယ်ခေါက်ပစ်ပြီးကေ ထွက်ပြီးကတ်တယ်။ တနှစ်မှာ နှစ်ခါ သုံးခါ တိုက်ပွဲချေတိကို ပြည်သူလူထု ယုံကြည်မှုရဖို့၊ ဖဲသာ ငွေကြေးကောက်ခံလို့ရဖို့အတွက် ဆင်နွဲစွာတိကို ကြားသိရရေ။ ကိုယ့်ဘက်က ရဲဘော်တယောက် နှစ်ယောက် ကျဆုံးရေ၊ ရန်သူ့ ဘက်က လေး၊ ငါးယောက် ကျဆုံးရေ။ ယလောက်လို့ရာ မြင်တွီ့ရရေ။ ကိုယ့်ဘက်က ရဲဘော် တယောက်၊ နှစ် ယောက်ကျစွာနဲ့ ရန်သူ့ဘက်က လေး၊ ငါးယောက် ကျစွာနဲ့ တန်လာ မတန်လာ စိုင်းစားကြည့်မိရေ။ အဂုအချိန်မှာ တော်လှန်ရေး လုပ်ဖို့လူ ကကောင်း ရှားလားဗျာလ်။ တော်လှန်ရေးမျိုးဆက်ပြတ်တယ်လို့ ပြောရဖို့လား၊ လူငယ်တိရေစီးကြောင်းပြောင်းစွာလို့ ဆိုရဖို့လား။ အထူးသဖြင့် လက်နက်ကိုင်တော်လှန်ရေးကို စိတ်ဝင်စားပြီးကေ ကိုယ်တိုင်ကိုယ်ကျပါဝင်လုပ်ဖို့လူရှားရေ။ ရခိုင်သား တထောင် မှာ တယောက်မရှိ။ ယင်းအတွက်နဲ့ တောတွင်းပြောက်ကျားစစ်ကို အကျွန့်အနေနဲ့ ပီးဆပ်ရစွာမတန်လို့ ယူဆလာရေ။ ယင်းချင့် ထက် မြို့တွင်းပြောက်ကျားစစ်ကို ဖော်ဆောင်နိုင်ကေ ပိုလို့အမြတ်မရနိုင်လာဆိုရေ အတွေးတိကို ဖြစ်လာစီရေ။ အဂုမှ မဟုတ်၊ လွန်ခရေ အနှစ် (၂၀) ကျော်လောက်က မာနယ်ပလောကို ကြီးစိုးထားရေအချိန်ကပင် စိုင်းစားမိရေ။ ယကလေ့ တဖွဲ့ကလေ့ အလေးအနက် မစိုင်းစားခ။ ယင်းအတွက်နဲ့ လက်ကိုင်တော်လှန်ရေးကို စိတ်ဝင်စားလူတိအနေနဲ့ တောတွင်းကပင် မြို့တွင်း ပြောက်ကျားစစ်ကို ကူးပြောင်းဖို့စွာကို အဂုအချိန်မှာ အလေးအနက်စိုင်းစားဖို့လိုအပ်တယ်။ အဂုအချိန်မှာ ပိုလို့ဖြစ်သင့်ရေလို့ ယူဆရေ။ ယကလေ့ လက်ဟိအခြေအနေထိ တခုအဖွဲ့အစည်းကလေ့ တောတွင်းကပင် မြို့တွင်းကို ပြောင်းလဲနိုင်ဖို့ အလား အလာမဟိသိ။ ရခိုင်အဖွဲ့အစည်းတခုတည်းကို ဆိုလိုစွာမဟုတ်။ တခြားလူမျိုးစု အဖွဲ့အစည်းအားလုံးမှာလေ့ ယင်းအတိုင်းသိ။ တိုးတက်ပြောင်းလဲနိန်ရေ စစ်ရေးအတွေးအခေါ်တိကို လက်ခံမကျင့်သုံးနိုင်ကတ်သိ။ တချို့နိုင်ငံတိက တော်လှန်ရေးအဖွဲ့အစည်း တိ ပြောင်းလဲလားစွာ ကြာဗျာလ်။ တောတွင်းကပင် မြို့တွင်းပြောက်ကျားစစ် ကူးပြောင်းဖို့စွာ လွယ်စွာတော့မဟုတ်။ အဂု လက်ဟိ နိုင်ငံတကာ အခင်းအကျင်းနဲ့ မီဒီယာ အာရုံစိုက်မှုတိစွာ မြို့နဲ့တော အများကြီးကွာလားစွာကို တွီ့ရရေ။ ယင်းချင့်ကို ဗျူဟာမြောက်စိုင်းစားရေ နေရာမှာ ထည့်သွင်းစိုင်းစားသုံးသပ်ဖို့လိုရေ။ တော်လှန်ရေးရေရှိန်ကို အများကြီးအပြောင်းအလဲ ဖြစ်စီ နိုင်ရေ။ မြို့မှာရန်သူ့လူတယောက် သီစွာနဲ့ တောမှာ ရန်သူတယောက်သီစွာ စကားအများကြီး ပြောလာရေ။ အဂုလက်ဟိ ရခိုင် လက်နက်ကိုင်တော်လှန်ရေးနဲ့ ဆက်စပ်ပြီးကေ ပြောရဖို့ဆိုကေ ရခိုင်လက်နက်ကိုင် တော်လှန်ရေတပ်ဆိုစွာကို နယ်မြေချဲ့ထွင် ရေးအတွက် ရည်ရွယ်ပြီးကေ တည်ဆောက်ထားရေ တပ်လို့လဲ မမြင်မိ။ နယ်စပ်မှ အခြေစိုက်ပြီးကေ ပြည်သူတိဘက်က ဖဲသာ ကောက်ဖို့ တည်ဆောက်ထားရေ ခေါင်းဆောင်တိခပိုက်ဆောင်တပ်တိနဲ့ တူနိန်ရေ။ အေချင့်က ပကတိဖြစ်ပျက်နိန်ရေ အခြေ အနေအရ ပြောရစွာဖြစ်တယ်။ တချို့ရို့ ကြိုက်ချင်မှ ကြိုက်ကတ်ဖို့။ တန်လာမတန်လာဆိုစွာမှာ အေအချက်လေ့ အချက် တချက်အနေနဲ့ပါရေ။ ရခိုင်အမျိုးသားရေးအတွက် အမိအဖကို ပစ်၊ ညီအစ်ကိုမောင်နှမကို ပစ်၊ သား မယား၊ ဘ၀ကို ပစ်လာပြီးမှ တောထဲမှာ နှစ်ပေါင်းအကြာကြီး အကုန်ခံနိန်ရစွာ တန်လာ မတန်လာ စိုင်းစားဖို့လိုလာရေ။

(၂) ပါတီလေ့လာရေး
ပါတီတခုမှာ ပါတီလေ့လာရေးဆိုစွာကို ဘောင်ခတ်ထားလို့မရနိုင်။ ပါတီရဲဘော်တိခေါင်းထဲကို ပြင်ပက အတွေးအခေါ်တခု (နိုင်ငံရေးအတွေးအခေါ်၊ ရန်သူဘက်က လာရေ အတွေးအခေါ်လေ့ ဖြစ်နိုင်ပါရေ) ၀င်လားကေ ပါတီပြိုကွဲလားဖို့ဆိုရေ အတွေးနဲ့ ပါတီခေါင်းဆောင်တိစွာ ရဲဘော်တိ စာပီလေ့လာရေး၊ မီဒီယာတိနဲ့ အဆက်အစပ်တိကို ပိတ်ပင်ထားလို့မရ။ ခိုင်မာရေအတွေး အခေါ်တခုကို ကိုင်စွဲထားကေ ဇာအတွေးအခေါ်ကိုမဆို ချေဖျက်နိုင်ရေ၊ ကြံ့ကြံ့ခံနိုင်ရေ။ ခိုင်မာရေ၊ အစမ်းသပ်ခံနိုင်ရေ အတွေး အခေါ်ကို မတည်ဆောက်နိုင်ဘဲ ပါတီကို လူအရေအတွက်များဖို့ တခုတည်းနဲ့ တည်ဆောက်ကေ တပ်တွင်းပုန်ကန်မှုတိထိ ဖြစ်လားနိုင်ရေဆိုစွာကို သတိချပ်ဖို့သင့်ရေ။ ခွဲထွက်ရေ၊ ပါတီ နှစ်ခြမ်းကွဲရေ အဆင့်ထိ ဖြစ်လားနိုင်ရေ။ အေချင့်ကို မဖတ်ရ ထိုချင့်မလေ့လာရ တားမြစ်ထားလို့ မရနိုင်။ ပါတီတွင်းမှာ ပန်းပေါင်းတရာ ပွင့်ဖို့လိုရေ၊ အတွေးအခေါ်ပေါင်းစုံ ဖွံ့ဖြိုးနိန်ဖို့ လိုအပ်တယ်။ အတွေးအခေါ်ပေါင်းစုံအပြိုင်အဆိုင် ဆွေးနွေးနိန်ဖို့ လိုအပ်တယ်။ ယေမှရာ အကောင်းဆုံးအတွေးအခေါ်ကို ရွေးချယ် လို့ရနိုင်ဖို့။ ရခိုင်သားတိအားလုံး လက်ခံနိုင်ရေ တော်လှန်ရေ၊ အကောင်းဆုံးအတွေးအခေါ်တခု ပေါ်ထွက်လာနိုင်ဖို့။ ကြားရ သလောက် တောထဲမှာနိန်ရေ ရဲဘော်တိမှာ နယ်စပ်ကဗမာအဖွဲ့အစည်းတိ ထုတ်တေစာအုပ်၊ စာစောင်တိကို တမျှော်မျှော် စောင့်နိန်ရရေလို့ သိရရေ။ ယင်းသတင်းကို ကြားရလို့ စိတ်မကောင်းဖြစ်မိရေ။ နိုင်ငံရေး၊ တော်လှန်ရေးနဲ့ ပတ်သက်တေ တချို့ စာအုပ်တိကို လူကြုံနဲ့တတ်နိုင်သလောက် တောထဲက ရဲဘော်ချေတိအတွက် ပို့ဖြစ်တယ်။ အေချင့်စွာ ရဲဘော်တိ တောထဲမှာနိန်ပြီးကေ အတွေးအခေါ်သီ၊ စိတ်ဓါတ်သီ၊ ဘ၀ပါသီလားနိုင်ရေ အခြေအနေဖြစ်တယ်။ ပါတီမှာ ခေါင်းဆောင် တာဝန်ကိုယူထားရေပုဂ္ဂိုလ်တိ အနေနဲ့လဲ ကိုယ့်ရဲဘော်တိကို ကိုယ့် သား၊ သမီးပိုင် ကိုယ်ချင်း စာတတ်ဖို့လိုရေ။ ပြည်တွင်း ပြည်ပက နိုင်ငံရေး၊ တော်လှန်ရေး ဗဟုသုတရနိုင်ရစီရေ စာအုပ်၊ ဆောင်းပါးတိ၊ စာတမ်းတိကို လေ့လာရေးအတွက် ဖြည့်ပီးဖို့လိုအပ်တယ်။ တခုစိုင်းစားမိစွာက ရဲဘော်တယောက်ကို ရေဒီယိုတလုံးကျ ထောက်ပံ့ပီးနိုင်ကေ အများကြီးအကျိုးဟိနိုင် ရေ။ ပါတီအတွေးအခေါ်ကို ခိုင်မခိုင် စမ်းသပ်နိုင်ဖို့နဲ့ ပါတီနိုင်ငံရေးဖွံ့ဖြိုးတိုးတက်လာဖို့အတွက် တခုတည်းရှိရေနည်းလမ်းရေ ပါတီလေ့လာရေးရာ ဖြစ်တယ်ဆိုစွာကို ပါတီတိုင်း ဆုတ်ကိုင်ထားသင့်ရေ။ ယင်းချင့်ကို တစိုက်မတ်မတ် အကောင်အထည်ဖော် လုပ်ဆောင်ပီးဖို့လဲလိုအပ်တယ်။

(၃) အပြောင်းလဲကို လိုလားရေ စိတ်
နောက်တခုက ပါတီတခုမှာပဲဖြစ်ဖြစ် လူ့အဖွဲ့အစည်းတခုမှာပဲဖြစ်ဖြစ် ပုံမှန်အခြေအနေကို မကြိုက် မနှစ်သက်လို့ လမ်းကြောင်း သစ် ဖောက်ချင်လူတိအများကြီးရှိရေ။ ယင်းချင့်ကို လမ်းကြောင်းသစ် ဖောက်ချင်ရေလူတိလို့ ဆိုကတ်တယ်။ စွန့်ဦးထွက်တီထွင် ရှင်လို့လဲ သုံးနှုန်းကတ်တယ်။ ယင်းလူတိအတွေးအခေါ်စွာ သာမန်လမ်းရိုးဟောင်းက အတွေးအခေါ်တိနဲ့ တူနိုင်ဖို့မဟုတ်။ ယင်းစိတ်ဓါတ်မျိုးရှိရေ လူသစ်တိကို တချို့လမ်းဟောင်းက လူတိက အမြင်မကြည်မှုတိနဲ့ နိမ်ချကေ ဆက်ဆံချင်စွာတိလေ့ တချို့ ပါတီတိမှာ တွီ့ရရေ။ လမ်းကြေင်းသစ်တိ၊ အတွေးအခေါ်သစ်တိ၊ လုပ်နည်းလုပ်ဟန်အသစ်တိစွာ ယင်းပိုင် ဖောက်ထွက်ချင်ရေ လူတိဘက်က ထွက်လာတတ်တယ်။ အနီးစပ်ဆုံးဥပမာပီးရဖို့ဆိုကေ ရခိုင်တော်လှန်ရေးထဲက ဗိုလ်ရာဇာရို့ပိုင် လူမျိုးတိ ဖြစ်တယ်။ ဗိုလ်ရာဇာစော် နှစ်ပေါင်းအကြာကြီး တိုးတက်မှုလေ့မဟိ ပျက်စီးမှုလဲမဟိ အသက်တိကြီးရင့်လာပြီးကေ အေအတိုင်း တောထဲမှာ ၀ါးတုတ်ချိုး၊ ကင်းစောင့်ဘ၀နဲ့အခြေအနေကို ပြောင်းလဲဖို့အတွက် ဖဲသာ၊ လက်နက်စွာ အဓိကကျရေလို့ တွေးခေါ် ခရေ။ ယေခါ အတွေးအခေါ်ဟောင်းနဲ့ အတွေးအခေါ်သစ် ပဋိပက္ခစွာ ပေါ်လာရေ။ ယင်းချင့်က တော်လှန်ရေးတခု၊ သမိုင်းတခုမှာ ဖြစ်ရိုးဖြစ်စဉ် တခုရာဖြစ်တယ်။ နောက်ဆုံး သူ့ပါတီထဲမှာ အပြောင်းအလဲ လုပ်လို့ မရ၊ အဂုလူတိနဲ့ ရှေ့တိုးလို့ မရဆိုရေစိတ်နဲ့ သီးခြား Arakan Army ဖြစ်လားခရရေ။ ရခိုင်တော်လှန်ရေး ခေတ်သစ်စာမျက်နှာတခုကို လူမျိုးတိုင်း အထင်ကြီးလေးစား လောက်အောင် စွမ်းဆောင်ပီးနိုင်ခရေ။ ယကလေ့ “ဘုန်းကြီးလို့ အသက်မရှည်”ဆိုပိုင် အသက်ငငယ်ရရွယ်နဲ့ ကျဆုံးလား ခရစွာ ၀မ်းနည်းဖို့ကောင်းရေ။ ကရင်မှာဆိုကေ ဗိုလ်ချုပ်မြကို ညွှန်းရဖို့။ KNU အတွင်းမှာ တဗိုလ်တမင်းနဲ့ ဆုံးဖြတ်ချက်တခု ချက်လို့မရ နိုင်လောက်အောင် ခရီးမရောက်ဖြစ်နိန်စွာကို ဗိုလ်ချုပ်မြက အဖွဲ့အစည်းတွင်း အာဏာသိမ်းပြီးကေ ကရင်တော်လှန်ရေးကို ဦးဆောင်ခရရေ။ ဗိုလ်ချုပ်မြဦးဆောင်ရေ ကရင်တော်လှန်ရေးစွာ ရန်သူကပါ၊ ကမ္ဘာကပါ အသိအမှတ်ပြုရရေ အဆင့်ဖြစ်ခရရေ။ ဗိုလ်ရာဇာရို့ပိုင်၊ ဗိုလ်ချုပ်မြရို့ပိုင် လူတိက (one in a million) လို့ ဆိုရဖို့။ အပြောင်းအလဲကို လိုလားစိတ်၊ ကိုယ့်လူမျိုးကို လူနဲ့ သူနဲ့ တူအောင် ဆက်ဆံခံရဖို့ဆိုရေ စိတ်ဓါတ်နဲ့ တိုက်ပွဲဝင်ခရေ မျိုးချစ်ပုဂ္ဂိုလ်တိလို့ ဆိုရဖို့။ ယင်းအတွက်နဲ့ ပါတီအဖွဲ့အစည်း တခုစွာ ပိုကောင်းရေအပြောင်းအလဲတိကို ဖန်တီးယူဖို့အတွက် လမ်းဖွင့်ပီးထားဖို့လိုအပ်တယ်။ အတွေးအခေါ်သစ်၊ လုပ်နည်း လုပ်ဟန် အသစ်တိကို နေရာပီးဆက်ဆံတ်ဖို့ လိုအပ်တယ်။ မဟုတ်ကေ “အသက်ကြီးလို့ ဘုန်းမကြီး” ဆိုပိုင် တဖြည်းဖြည်း လုံးပါး ပါးပြီးကေ ပျောက်ကွယ်လားနိုင်ရေ။

(၄) နိုင်ငံရေးရေရှိန်
နောက်တခုက နိုင်ငံရေးရေရှိန်ဖြစ်တယ်။ ပါတီတခုမှာ တော်လှန်ရေး၊ နိုင်ငံရေးရေရှိန် တယောက်နဲ့ တယောက် တူနိုင်ဖို့မဟုတ်။ နောက်ပြီးကေ တယောက်နဲ့ တယောက် ဗီဇဥာဏ်လေ့ တူနိုင်ဖို့မဟုတ်။ ဆိုင်ရာဆိုင်ရာ လူတန်းစားအလိုက်၊ ဖြတ်သန်းလာရေ လူမှုအသိုင်းအ၀ိုင်းအလိုက် နိုင်ငံရေးရေရှိန်၊ ဗီဇ၊ အကျင့် တခုလေ့ တူဖို့ မဟုတ်။ ယင်းပိုင် မတူစွာကို တူအောင်ညှိုမယ်ဆိုပြီးကေ အတင်းအဓမ္မ လုပ်လို့မရနိုင်။ ယင်းပိုင်အတင်းအဓမ္မညှိုယူလို့ တချို့ရခိုင်အဖွဲ့အစည်းတိမှာ စွမ်းရည်ရှိရေ၊ အမြင် ထက်မြက်ရေ နိုင်ငံရေးသမားတိ မဟိသလောက် အားနည်းနိန်စွာကို တွီ့ရရေ။ ယင်းအတွက်နဲ့ လက်ဟိမြင်နိန်ရရေ ရခိုင်နိုင်ငံရေးသမား အများစုဆိုစွာ “ငါရို့ ရခိုင်ပြည်ကို ဗမာတိ ၁၇၈၄ မှာ သိမ်းခရေ၊ အဂုလေ့ ရခိုင်တိကို ဗမာတိနိုင်စားနိန်ရေ၊ ငါရို့ တော်လှန်ရဖို့၊ ကုလားတိလေ့ ရခိုင်ပြည်ကိုအရှင်ခံနိန်ရေ၊ ငါရို့ဆုံးရှုံးလားစွာ လွတ်လပ်ရေး၊ ယင်းအတွက်နဲ့ လွတ်လပ်ရေး ရအောင် လုပ်ရဖို့”ဆိုရေ စကားထက် အပို မပြောနိုင်။ “ငါ့ရို့ ယင်းအတွက်နဲ့ စည်းရုံးဖို့လိုရေ၊ စည်းရုံးဖို့ ငါရို့ ပါတီကို ထောက်ခံ၊ ငွေကြေးထောက်ပံ့” ဆိုရုံလောက်ရာဟိရေ။ အမှန်တကယ် နိုင်ငံရေး အရည်အချင်းရှိရေလူဆိုစွာ သမိုင်းကို အလွတ်ကျပြီးကေ ပြောပြ နိန်ရုံလောက်နဲ့မရ။ ဖဲသာတခုတည်းအတွက် လူပြိန်းကြိုက်နိုင်ငံရေးတိကို အတုံးလိုက်အခဲလိုက် ချပြ စည်းရုံးနိန်စွာကို တွီ့နိန်ရရေ။ ယချင့်ကို စေတနာရှိရေ ပြည်သူ့နိုင်ငံရေးသမားတိလို့ မခေါ်နိုင်။ ဖဲသာရလိုမှုတခုတည်းနဲ့ နိုင်ငံရေးအသိဥာဏ် မဖွံ့ဖြိုးသိရေလူတိအကြိုက် လိုက်လုပ်နိန်ကတ်စွာလို့ရာ ပြောရဖို့။ အမှန်တကယ် ဖြစ်သင့်စွာကား လူတိုင်း နိုင်ငံရေးဗဟုသုတ၊ အသိဥာဏ်၊ နိုင်ငံရေးရေရှိန်မြင့်တက်အောင် ဆောင်ရွက်ပီးသင့်ရေ။ ယင်းအတွက်နဲ့ နိုင်ငံရေးသမား၊ တော်လှန်ရေးသမားလို့ ခံယူလူတိကိုယ်တိုင် နိုင်ငံရေးရေရှိန် ကောင်းနိမ့်ကျနိန်စွာကို တွီ့ရရေ။ ကိုယ့်စွာကို ပြင်ဆင်မှု၊ လေ့လာမှုလေ့မရှိကတ်။ “ဟိက နွားက ကောက်လို့လားကေ၊ နောက်ကနွားကလေ့ ကောက်လို့လားဖို့” ဆိုစွာကို သတိပြုသင့်ရေ။ ယင်းပိုင် လူပြိန်းကြိုက် နိုင်ငံ ရေးသမားတိ ဦးဆောင်နိန်ရေ ဇာပါတီ၊ အဖွဲ့အစည်းတိကိုမဆို နိုင်ငံရေး၊ တော်လှန်ရေး ဗဟုသုတရှိရေ၊ လေ့လာလိုက်စားရေ လူတိက လက်ခံအသိအမှတ် မပြုနိုင်စွာ သေချာရေ။ ယင်းချင့်စွာ အမျိုးမချစ်လို့လဲမဟုတ်။ လုံးဝလွတ်လပ်ရေး၊ ဖယ်ဒရယ် - လုံးလာ၊ ပြားလားမသိစွာကို ကြိုက်စွာရွေး ဆိုလို့ပြောလို့မရ။ အနစ်သာရပြည့်ရေ ရွေးချယ်မှုဆိုစွာ အသိဥာဏ်ကလာစွာ ဖြစ် တယ်၊ ခံစားချက်က လာစွာမဟုတ်။ သူငယ်တန်းအချေကို ဆရာဝန်လုပ်ချင်လာ၊ အင်ဂျင်နီယာလုပ်ချင်လာ လားမိန်းစွာနဲ့ တူနိန် ရေ။ ယင်းအတွက်နဲ့ နိုင်ငံရေးရေရှိန် တိုးတက်လာဖို့စွာ ကောင်းအရေးကြီးရေ။ ရခိုင်တမျိုးသားလုံး နိုင်ငံရေးရေရှိန် မမြှင့်သရွေ့ ရခိုင်ပြည်တော်လှန်ရေး အားကောင်းဖို့ အလားအလာမဟိနိုင်။ ယင်းအတွက်နဲ့ နိုင်ငံရေးရေရှိန်မြင့်မားလာဖို့ကို တမျိုးသားလုံး တာဝန်တရပ်အနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်သင့်ရေ။

(၅) ဖဲသာ
နောက်ဆုံးတချက်အနေနဲ့ အမှန်တကယ် တော်လှန်ရေးသမား၊ နိုင်ငံရေးသမားဆိုရေလူတိစွာ အချောင်သမားတိ၊ ကိုယ့်အတ္တမှာ အခြေပြုပြီးကေ လှုပ်ရှားနိန်ရေ လူတိဘက်မှာ ဖဲသာနဲ့ ဈေးဖြတ်ခံနိန်ရရေ ကိစ္စဖြစ်တယ်။ ယင်းချင့်စွာ တော်လှန်ရေးသမား၊ နိုင်ငံရေးသမားကို အပြင်က နိုင်ငံရေး၊ တော်လှန်ရေးကို နားမလည်ရေလူတိက ဈေးဖြတ်တယ်ဆိုကေ လက်ခံနိုင်ရေ။ အဂုက ယပိုင်မဟုတ်။ ပါတီအတွင်းမှာ ဈေးဖြတ်ခံနိန်ကတ်ရစွာဖြစ်တယ်။ ပါတီထဲက နိုင်ငံရေး၊ တော်လှန်ရေး ရေရည်အမြင်ရှိလူ၊ တွေးခေါ်စိုင်းစားနိုင်ရေလူတိစွာ ဖဲသာရှာဖို့ တတ်ချင်မှ တတ်ကတ်ဖို့။ ယင်းချင့်စွာ အစွမ်းအစမဟိလို့လို့ ပြောလို့မရ။ ဖဲသာရှာဖို့ စွာကို စိတ်မ၀င်စားဘဲ နိုင်ငံရေး၊ တော်လှန်ရေးထဲမှာ သူ့အတွေးကို နှစ်မြုပ်ထားစွာ ဖြစ်နိုင်ရေ။ ယင်းပိုင် သက်တမ်းရင့်၊ နိုင်ငံရေး နဲ့ဆိုင်ရေ အရည်အချင်း ပြည့်မှီရေ နိုင်ငံရေး၊ တော်လှန်ရေးသမားတိစွာ ပါတီမှာ သြဇာအာဏာ မဟိစွာကို တွီ့နိန်ရရေ။ အကြောင်းအရာက ဖဲသာမရှာပီးနိုင်ဆိုရေ အကြောင်းအရင်းဖြစ်တယ်။ ယင်းအတွက်နဲ့ အတွေးအခေါ် ထက်မြက်တေလူတိ၊ နိုင်ငံရေး၊ တော်လှန်ရေးကို တစိုက်မမတ် လေ့လာနိန်ရေပုဂ္ဂိုလ်တိ တင်ပြအကြံပြုရေ အတွေးအခေါ် ကောင်းတိစွာလေ့ ဂျောင်ထိုး ခံရစွာတိဟိနိန်ရေ။ ယင်းအတွက် ပါတီစွာ သက်တမ်းရာကြာလာရေ နိုင်ငံရေးအရ၊ စည်းရုံးရေးအရပါ တ၀ဲလည်လည် ဖြစ်နိန် ကတ်ရရေ။ ဖဲသာရှာပီးနိုင်ရေ လူတိကား ပါတီမှာလေ့ သြဇာဟိ၊ ထမင်းရှင်ပိုင်လေ့ အထင်ခံရ၊ ရဲဘော်တိကိုလေ့ တပည့်ပိုင်၊ အခိုင်းအစေတိပိုင် ခိုင်း၊ ကိုယ့်လေ့ တော်လှန်ရေးဘူဇွာ ဖြစ်ပြီးကေ သာယာနိန်ကတ်စွာတိကို တွီ့ရ။ သူရို့စွာ လက်ဟိ အခြေအနေကို ပျက်လားဖို့စွာကို ကြောက်တယ်။ ပါတီကိုပြုပြင်ပြောင်းလဲရေးလုပ်ကေ အဂုရဟိထားရေ သူရို့အနေအထား ပျောက်လားဖို့စွာကို ကြောက်တတ်တယ်။ ယင်းအတွက်နဲ့ အေအတိုင်း (status quo) ကို ထိန်းထားကတ်စွာကိုလေ့ တွီ့ရရေ။ ဖဲသာ မရှာပီး နိုင်ရေ နိုင်ငံရေး၊ တော်လှန်ရေး အမြော်အမြင်ရှိရေလူတိ တင်ပြရေ လက်ဟိ ကမ္ဘာ့အခြေအနေ၊ ဗမာပြည်နိုင်ငံရေး အခြေအနေ၊ ရခိုင်ပြည်နိုင်ငံရေးအတွက် ဖြစ်သင့်ရေပေါ်လစီတိစွာ ဘေးရောက်လားရတတ်တယ်။ ယင်းပိုင် ပေါ်လစီအဟောင်း တိ၊ အတွေးအခေါ်အဟောင်းတိ၊ လက်ဟိအခြေအနေနဲ့မကိုက်ညီရေ နိုင်ငံရေးလုပ်ငန်းစိုင်တိ နောက်ကွယ်က အကြောင်းအရင်း နောက်ခံတိကို နိုင်ငံရေး၊ တော်လှန်ရေးကို စာအုပ်စာပေဖတ်ပြီးကေ စိတ်ဝင်စားလာရေလူငယ်တိ ရိပ်မိဖို့မလွယ်။ အေချင့်က လူတယောက်၊ အဖွဲ့အစည်းတခု နှစ်ပေါင်းများစွာ အခြေတည်လာပြီးမှ ဖြစ်လာရေအကြောင်းအရာတိ ဖြစ်နိန်ရေ။ ပါတီတွင်းက တချို့ရို့ ရိပ်မိကတ်တယ်။ ယကလေ့ သူရို့လေ့ ဖဲသာရှာပီးနိုင်ရေ လူတိမွီးစပ်ခံရလို့၊ ဝေစုခွဲလို့ ကျေနပ်နိန်ကတ်တယ်အတွက် အပြောင်းအလဲလုပ်သင့်စွာကို သိကေလေ့ တခုအသံလေ့မထွက်ဘဲ ငြိမ်နိန်ကတ်တယ်။ ယင်းပိုင်အကြောင်းအရာတိကို တချို့ နိုင်ငံရေး၊ တော်လှန်ရေးမှာ ထထဲ၀၀င်ပါဝင်ဖူးရေလူတိက တစုံတရာ နားလည်သဘောပေါက်ကတ်တယ်။ ယင်းပိုင် တော်လှန်ရေး ဘူဇွာ ပေါက်စတိစွာ အများကြိုက် (populism) ကို ဆုတ်ကိုင်ပြီးကေ နိုင်ငံရေးအရ မရင့်ကျက်ရေလူတိ ဖြစ်တတ်တေ စိတ်ခံစားမှု နိုင်ငံရေး (Emotional Politics) မှာ အခြေပြုပြီးကေ အမြတ် ထုတ်နိန်ကတ်တယ်။

နိဂုံးချုပ်ပြောချင်စွာက အထက်မှာပြောခရေ အကြောင်းအရင်း (၅) ချက်စွာ ရခိုင်သမိုင်းကြောင်းတလျှောက်မှာ လက်ဟိ အခြေအနေထိ ဖြစ်နိန်ရေ အကြောင်းအရာတိလို့ သုံးသပ်မိရေ။ အေအခြေအနေတိကို ကျော်လွှားနိုင်မှရာ ရခိုင်တော်လှန်ရေးကို စပြီးကေ အုတ်မြစ်ချတည်ဆောက်လို့ ရနိုင်ဖို့လို့ယုံကြည်ရေ။ ယင်းပိုင်အကြောင်းအရာတိကို မပြုပြင်ဘဲ စည်းရုံးရဖို့ ညီညွတ်ရဖို့ ဆိုရေ အပေါ်အယံအကြောင်းအရာတိကိုရာ ပြဿနာအရင်းအမြစ်လို့ ထင်မှတ်နိန်ကတ်ကေ အေအတိုင်း တ၀ဲလည်လည် ဟိနိန် ဖို့သိ။ ခေတ်တိ၊ နှစ်တိ၊ အချိန်တိရာ ပြောင်းလီဖို့ အေအတွေးခေါ်ဆိုး၊ ဥာဏ်ဆိုးတိ ဟိနိန်သရွေ့ တော်လှန်ရေးအရှိန်အဟုန် တခုစွာ ပပီပပြင်ဖြစ်လာနိုင်ဖို့မလွယ်။ အေချင့်က နှစ်ပေါင်းအကြာကြီး ရခိုင့်တော်လှန်ရေးမှာ အခြေကျနိန်ရေ လုပ်နည်းလုပ်ဟန် တိဖြစ်တေပိုင် အေချင့်တိကို အယင်တော်လှန်ပြောင်းလဲနိုင်ဖို့အတွက် အရည်အချင်းဟိရေ၊ အမြင်အမြော်ဟိရေ၊ ပီးဆပ်စွန့်လွှတ် လူတိ ရခိုင်သားထဲမှာ အများကြီးလိုအပ်တယ်။ ရခိုင်တော်လှန်ရေးကို ပြည်သူတိ ဇာအတွက်စိတ်မ၀င်စားကတ်လဲ အဖြေတိစွာ လေ့ အထက်မှာတင်ပြခရေ အချက် (၅) ချက်ထဲမှာ တစိတ်တပိုင်းအနေနဲ့ ပါဖို့ထင်ရေ။ နိုင်ငံရေးဖြစ်စဉ်တခု၊ အဖြစ် အပျက်တခု၊ ပဋိပက္ခတခုကို ချဉ်းကပ်တေနေရာမှာ ဆန္ဒစွဲကင်းနိုင်ဖို့ လိုရေပိုင် ငါ့ပါတီ၊ ငါ့အဖွဲ့အစည်း၊ ငါ့လူမျိုး ဆိုစွာတိကို ခ၀ါချပြီးကေ ရှုမြင်တတ်ဖို့လဲ လိုရေ။ အကြောင်းအရာတခုကို ကိုယ်က ဇာအမြင်က ကြည့်လေဆိုစွာ ကောင်းအရေးကြီးရေ။ အမြင်မတူကေ ရပ်တည်ချက် မတူနိုင်၊ ရပ်တည်ချက် မတူကေ နည်းနာလေ့ မတူနိုင်။ ယင်းအတွက်နဲ့ အမြင်၊ ရပ်တည်ချက်၊ နည်းနာ မှန်ကန်အောင် အနုလုံပဋိလုံ တွေးခေါ်စိုင်းစားနိုင်ဖို့ အားထုတ်ရဖို့လိုရေ။ ယေမှရာ ဇာကြောင့် ဇာဖြစ်တယ်ဆိုစွာကို အစွဲကကင်းနဲ့ ရှုမြင်နိုင်ဖို့၊ ယင်းပိုင်ရှုမြင်နိုင်မှလေ့ ရခိုင့်တော်လှန်ရေးတိုးတက်ကြီးပွားရေးအတွက် ကိုယ်လေ့ အုတ်တချပ် သဲတပွင့် ပါဝင်လုပ်ဆောင်ပီးလို့ရဖို့။ နောက်လေ့ ရခိုင်ပြည်နိုင်ငံရေး၊ တော်လှန်ရေးနဲ့ဆက်စပ်တေ အကြောင်းအရာတိကို ဆက် ရီးနိုင်ဖို့ ကြိုးစားလားမယ်။

ရခိုင်သူ၊ ရခိုင်သားတိုင်း ဘ၀မှာ တိုးတက်အောင်မြင်မှုတိ ရနိုင်ကတ်ပါစီလို့ ဆုတောင်းမိရေ။
ဦးမောင်ကျော်ခိုင်
(၃ - ၃ - ၂၀၁၁)

(ရခိုင်တော်လှန်ရေးအတွက် အကျိုးဟိဖို့လို့ ယူဆကေ စိတ်ကြိုက်ကူးယူဖော်ပြ ဖြန့်ဝီနိုင်ရေ။)


ဖိုးခေါင်
၂၇.၄.၂၀၁၁
India Time: 9:32 AM

အပြည့်အစုံသို့...

Tuesday, 26 April 2011

ရခိုင်သား

ညဇာဖက်နီဝင်ဖျဖျအချိန် ။ ရန်ကုန် ဘူတာကြီးမာ လူတိအိမ်ပြန်ချိန်ရထားစောင့်နီကတ်တေ။ မောင်စိန်သာရို့လင်မယားလည်း ရထားစီးလို့ အိမ်ပြန်ဖို့ဆိုပနာ ခုံတန်းချေမာ ထိုင်ပြီးဂေ ဟိုငေး ဒေငေး နန့်ရထားလာဖို့လှမ်းဖက်ကိုမျော်လို့။ တဖက်ခုံတန်းချေမာ စစ်ဝတ်စုံဝတ်ထားရေယောင်္ကျားတယောက်နန့် မ၊မ အလှပလှချေတယောက် တတိုးတတိတ် အခြီအတင် စကားတိပြောနီကတ်တေ။

ယင်းအချိန်မာ ရထားတစီးဆိုက်လာလို့ ဘူတာထဲကလူတိ လလှုပ်ရရွနန့် သျှုပ်သျှက်ခတ်လားရေ..။ ဆင်းလူကဆင်း တက်လူကတက်နန့်။
မောင်စိန်သာ ရို့လင်မယားကတော့ခါ ကိုယ်လားဖို့နီရာကိုမရောက်လို့ နောက်တစီးလာဖို့စော်ကို စောင့်နီကတ်တေ။

ဖအေ..%.......////.........ရခိုင်မ.......နင့်..........

မောင်စိန်သာလည်း နဝနခတ်တိ (နားတိ) ပူလားပြီးကေ အသံကြားရေဖက်ကို
တချက်လှည့်ကြည်လိုက်တေမာ..
ရော် ... စစ်ဝတ်စုံနန့်လူက ယင်းမ၊မချေကိုပါးကို ဘယ်ပြန်ညာပြန်သတ်ပနာ၊ ဆဲနီစော်ရာမနား..။

မောင်စိန်သာလည်း ပြီးပါလားပြီးဂေ မမချေကို လက်တဖက်နန့်ဆွဲပနာ စစ်သားကို လက်သီးနန့် အားရပါးရ ထိုးချပလိုက်တေ။
အပြီးကေ...

အဝေး...မင်း ငါရို့ညီမချေကို အေပိုင်မဆဲဂေ့ ငါရို့ညီမချေတိ ကိုယ်.. ပြည်ကိုယ့်ရွာမာ အေပိုင်ဆဲသံမျိုးကိုကြားခဖူးစွာမဟုတ်။
မင်းသတ်ချင် ဆဲချင်ဂေ ဟိုမာငါ့မယား မင်းရို့အမျိုးအောက်သမကို ဆဲခီ သတ်ခီ။
မောင်စိန်သာလည်း သူ့မယားသယ်ဖက်ကို လက်ညှိုးထိုးပြလိုက်တေ။
ယေခါ ယင်းစစ်သားလဲ ကကောင်းဒေါသထွက် ပြီးဂေ....

စစ်သား။ ။ သူများသားမယားကို ငါဇာဖြစ်လို့သတ်ဖို့လဲ..
မောင်စိန်သာ။ ။ အဝေး...ယေဂေ မင်းသူများသားမယားကို မသတ်ဆိုဂေ အေမချေကို ငါ့ကိုပီးခ..        ငါ့မယားကိုမင်းယူလီ သတ်ချင်လောက်သတ်လီ ဆဲချင်လောက်ဆဲလီ အေမချေကိုငါ့ကိုပီး..
အဝေး... နောက် မှတ်ထား.. ငါ့မျက်စိရှိမာအေပိုင်မလုပ်ဂေ့ ငါရခိုင်သား..ဝေး.. အမျိုးချစ်တေ..
ပါလတ်လာ မချေ။

သီရိစောခြိမ့်

အပြည့်အစုံသို့...