Thursday, 4 August 2011

မြင့်မြတ်သူနန့် စွန့်လွှတ်သူ

(ပို့စ်မတင်ဖြစ်စော်ကြာပါဗျာလ်။ ဒေဘလော့ချေကို ဖိုးခေါင်နန့် သဇင်ပျို နှစ်ယောက်ကိုင်ထားစော်ဖြစ်ကေလေ့ နှစ်ယောက်လုံးမအားမလပ်ဖြစ်နိန်ရေအခါ ပို့စ်တင်ဖို့ အချိန်တိကို ခွီးပြီးဝက်ပြီးပြီးပနာ လုယူနိန်ရရေ အတွက် လာရောက်လည်ပတ်ပနာ ဖတ်မှတ်ကတ်တေ ချစ်ညီအကိုမောင်နှမတိကို တောင်းပန်ယင်း ဒေတရက်အတွက် ခလုတ်တိုက်ဖတ်မိလိုက်တေ အချိန် စိတ်နန့် ဝိဥာဉ်ပူးကတ်လားခရေ ဒေဘာသာပြန်ရသချေတခုကို ညီအကိုမောင်နှမတိအတွက်ဝီမျှလိုက်ပါယင့်..)





မြင့်မြတ်သူနန့် စွန့်လွှတ်သူ




မြင့်မြတ်တေ နှလုံးသားကို ပိုင်သူစော်
သနားကြင်နာမှုအတွက် သင့်ရေ တန်ဖိုး ကို ပီးရရေ။
ယင်းပိုင်ပီးရရေအတွက် ဝမ်းမြောက်ပြီးကေ ဂုဏ်ယူရေ။
တန်ဖိုးဆိုစော်က ကိုယ်ကျိုး စွန့်လွှတ်ခြင်းကို ဆိုလိုစော်ပါ။

မြင့်မြတ်တေ နှလုံးသားကို ပိုင်သူစော်
ချစ်မြတ်နိုးရေ မိတ်ဆွေတိအတွက်လဲ စွန့်လွှတ် တေ။
စွန့်လွှတ်တယ်ဆိုစော်က အသက်ကိုမငဲ့စော်ကို ဆိုလိုပါရေ။

အသိဥာဏ် စော် စွမ်းအားဖြစ်ပါရေ။
စွမ်းအားနန့် မိုက်မဲမှုရို့ ဇာမှာ တွဲမိနိုင်ပါဖို့လဲ။
ယုန်ချေတကောင်စော် သူ့ဥာဏ်စွမ်းနန့် ခြင်္သေ့ကြီးကို လှည့်စားခရေ။
မောက်မာဝင့်ကြွားရေ ခြင်္သေ့ကြီးလဲ ဇီဝန်ကြွီလားခရရေပါ့။
အလုပ်လုပ်စော်မှာ ဇာပိုင် အသိပညာမျိုးကို လိုအပ်ပါရေလဲ။
ဂုဏ်သိက္ခာကျစီရေ အသိပညာမျိုး မဖြစ်စီရပါချင့်။
ဂုဏ်သိက္ခာကျစီရေ အသိပညာမျိုးက ယုံကြည်မှုကို ဆုံးရှုံးစီပါရေ။
ဒေပညာမျိုးက ငရဲကိုလားရေလမ်း ဖွင့်ပီးတတ်တေ။

ကျေးဇူးတရားကို မသိသူစော် အကျင့်ပျက်လွယ်ရေ။
သူ့နှလုံးသားက ညစ်ညမ်းပြီးကေ အောက်တန်းကျရေ။
သူ့နှလုံးသားရေ မိုက်မဲသူ နှလုံးသားဖြစ်တေ။
ဒေနှလုံးသားအကြိုက် လိုက်လုပ်မိကေ အပြစ်ထဲမှာ နစ်မြုပ်တေ။

လူသားကို ဆုံးမရဖို့လို့ အဆိုအမိန့်ရှိပါရေ။
ပညာသျှင်တိပင် အသိဥာဏ် မှောက်မှားတတ်တေ မဟုတ်ပါလား။
လမ်းမှားကို လိုက်လို့ ရိုးသားမှု ကင်းမဲ့သူတိ
သူ့ကိုယ်သူ အထင်ကြီးလို့ မာန်မာန ထောင်လွှားသူတိ
တာဝန်နန့် ဝတ္တရားကို ခွဲခြားပြီးကေ မသိသူတိ
ဒေပိုင်လူမျိုးတိကို ပြစ်တင်ဆုံးမရဖို့ ဖြစ်ပါရေ။

ကြောက်ရဖို့ အရေးကိစ္စကို ကြောက်ရဖို့ပါ့။
ကြောက်ရဖို့ ကိစ္စ ဖြစ်မလာခင်ကပင် ကြောက်ရဖို့လို့ ဆိုလိုစော်ပါ။
ကြောက်ရဖို့ကိစ္စဆိုစော်မှာ လူလောက ကျင့်ဝတ်ဖောက်ပြန်ဖို့စော်ကို ဆိုလိုပါရေ။
မလွှဲမသျှောင်သာ အန္တရာယ်ကို ရင်ဆိုင်ရဖို့ဗျာလ်ဆိုကေ
ကြောက်ရွံ့မှုကို ဖယ်ထုတ်ပြီးကေ ရရဲရရင့် ရင်ဆိုင်လိုက်ပါ။
ဒေပိုင်လုပ်စော်ရေ အသိပညာ ဟိစော်ဖြစ်ပါရေ။

အသိပညာ ရှိဆောင်ပါကေ မအောင်မြင်လို့ ဟိပါဖို့လား။
ဆုံးဖြတ်ချက်ချလို့ လုပ်ဆောင်ပါကေ မအောင်မြင်လို့ ဟိပါဖို့လား။
စီမံချက်ချလို့ စွန့်စားကတ်ပါကေ မအောင်မြင်လို့ ဟိပါဖို့လား။

မိမိလယ်ကွင်း အပါးချေမာ ရီစီးသန်ရေမြစ် ဟိနိန်ပါကေ မစိုးရိမ်သူ ဟိပါဖို့လား။
မိမိအိမ်တွင်း အဆိပ်ပြင်းရေမြွီ ဟိနိန်ပါကေ မစိုးရိမ်သူ ဟိပါဖို့လား။
မိမိရည်းစား အခြားသူနန့် ကြာပစ်နိန်ကေ မစိုးရိမ်သူ ဟိပါဖို့လား။

Panchatantra စာ ၆၈-၇၃ The Loss of Friend ကဏ္ဍက ကိုညီငယ်ပု ကောက်နုတ်ပြန်ဆိုပနာ
Flower Journal စာ ၂၁ မှာ ဖော်ပြထားချက်ကို ရခိုင်လီသံနန့် သင့်တင့်လျှောက်ပတ်အောင် ပြန်ရွီးပါရေ။

ဖိုးခေါင်
၎.၈.၂၀၁၁
India Time: 5:35 PM

အပြည့်အစုံသို့...

Saturday, 23 July 2011

နိဂုံးမသျှိခရေ နှောင်ကြိုးတမျှင်

အတွီးချေတိဝင်လာလီတိုင်း မမြင်နိုင်ရေ အင်အားတစုံတရာက ဆွဲယူဖမ်းစားလားရေပိုင် အသိစိတ်တိလဲ မှုံဝါးထုံထိုင်းလား ခရေ။ လက်ဟိဖြစ်ပျက်နိန်ရေအခြီအနိန်တိကို သဘောမပေါက်လို့လား.. မဟုတ်.. သဘောပေါက်တေ။ သဘောပေါက်
ယင့် သားနန့် မပြတ်မသားဖြစ်နိန်ရေ စိတ်ကိုလဲ အားမလိုအားမရဖြစ်လာပြန်ရေ။

“ကို .. ဖြိုး သန်ဖက်နိခါပြန်ရဖို့ဗျာလ်” ချစ်သူပြောရေစကားတိကိုနားကမကြားတချက် ကြားတချက်နန့် ဇာမှန်းမသိအဝီးကို ရာငေးကြည့်နိန်မိရေ။

“ကို.. ပြောလေ.. ဇာကိုငေးနိန်လဲ.. ဖြိုးပြောစော်ကိုမကြားလား”

“ဟင်း..” သက်ပြင်းကို မသိမသာချယင်း။

“ဖြိုး.. ရင်နန့်မမျှအောင်ချစ်တေဆိုရေ စကားလုံးကို ဖြိုး.. နားလည်လား.. ချစ်မိရေအချိန်ကပင် ချစ်ကတ်တေအချိန်ကပင် စက္ကန့်နန့်အမျှ ဖြိုး.. အနားမှာဂျဲနိန်ချင်နိန်မိရေစိတ်ကို ဖြိုး.. သိရေမနား.. ကိုလေ ဖြိုးကိုဆုပ်ကိုင်ထားမိရေ ဒေလက်ချေတ စုံတနားချေတောင်မှ လွတ်လိုက်ရဖို့စော်ကို ကိုယ်ကြောက်တေ.. ဖြိုး။ ဖြိုးကို… ဖြိုးကို ကိုယ်ယင်းလောက်ထိချစ်တေ.. ကိုယ့် ကိုနားလည်ပီးပါလို့လဲ ကိုယ်မပြောဝံ့။ ကိုယ့်အခြေအနေကို ဖြိုး..နားလည်နိန်ရေအတွက်လဲ ရင်ထဲမှာမချိအောင်ခံ  စားရရေ။ ကောင်းတွီဝီတတ်တေကာလို့ ဖြိုး.. ကိုယ့်ကိုမမိန်းရေအတွက်လဲ ကိုယ်ကျေးဇူးတင်မိရေ”

ချစ်သူ့လက်ချေကို ကျစ်ပါလားအောင် ဆုပ်ကိုင်ထားမိရေ ဖိုးခေါင်တယောက် နာမေတတ်လို့မရရေ ဝေဒနတရပ်က ရင်ထဲ မှာ မွန်းကျပ်ပြည့်လျှံနိန်အောင်ထိ ခံစားနိန်ရရေ။ ကြည့်မဝရေ ချစ်သူ့မျက်နှာချေကို အနီးကပ်တစိမ့်စမ့်ကြည့်ယင်း ရင်တိ တလှပ်လှပ်ဖြစ်ပါလတ်တေ။ ချစ်သူ့ပါးချေကို ကကြင်နနာနန့် တချက်နမ်းလိုက်ယင်း လွတ်ထွက်လားဖို့ကြောက်တေ ချစ်သူ့ပါးပြင်က ရနံ့ချေတိကို ရင်ထဲထိရောက်အောင်အသက်အောင်သျှူသွင်းလိုက်မိရေ။

“ကို.. ဖြိုးလေ.. ကိုနန့်ဝီးရဖို့ကြောက်တေ..။ ဖြိုး.. မပြန်ချင်ဗျာလ်။ ပြန်ဖို့အတွက် ခံထားရေ သင်္ဘောလက်မှတ်ကို ဖြိုး.. ဆုပ်ပလိုက်ဖို့ဗျာလ်နန်း..။ ဖြိုး မပြန်ချင်ဗျာလ်။ ကိုယ့်အနားမှာ ဖြိုးကို နိန်ခွင့်ပီးဖိနန်း” ဆိုပနာ သူ့ပက်ခုံးချေထက်ကို ဂေါင်းမှီလာရေ ချစ်သူကို တယုတယနန့် ဖက်ထားမိရေ။

ဒေနိဒေရက်ဒေအချိန်တိစော် သူ့ရို့နှစ်ယောက်အတွက် နောက်ဆုံးတွိဆုံခွင့်လားဆိုစော်ကို တယောက်နန့်တယောက်
မပြောကေလေ့ ရင်ထဲမှာကိုယ်စီကိုယ်စီ မဝံ့မရဲသိနိန်ကတ်တေပိုင်။
သူ(ဖိုးခေါင်) အားတင်းလိုက်တေ။ အသက်ကိုပပြင်းသျှူလိုက်ဗျာလ်..

“ဖြိုး.. ကိုယ်ပြောစော်ကို အသေအချာနားထောင်နန်း..။ ဖြိုးကို.. ကိုယ်ယုံရေ.. ဖြိုး.. ပြန်ရဖို့..”
သူ့ပက်ခုံးချေကို မှီထားစော်ကနိန်ထပနာ သူ့မျက်နှာကို အသေအချာစူးစိုက်ကြည့်ဗျာလ်..
“ကို.. ဇာတိပြောနိန်လေ.. အဟင့် ဖြိုး..မပြန်ဗျာလ်.. လုံးဝမပြန်ဗျာလ်.. ကို့အနားမှာ ဖြိုးကိုမနိန်စီချင်လို့လား.. ကို..ဖြိုးကို ခွဲနိုင်လို့လား..”

“ဖြိုး.. အသေအချာစိုဉ်စားကြည့်ပါဝေ.. ဘဝတခုတည်ဆောက်ဖို့တွက် ရူးသွပ်မိုက်မဲရေစိတ်တိကို မထားကေ့.. ကိုယ်ချစ်တေ ဖြိုးစော်..ယင်းပိုင်မိုက်မဲတတ်တေ မမချေတယောက်မဟုတ်.. အသိတရားကိုတန်ဖိုးထားတတ်တေ မမချေတယောက်ပါ။ အချစ်တခုတည်းနန့် ဘဝကို ကိုယ်မတည်ဆောက်ချင်.. ပြီးကေ.. ဖြိုးကို ယောင်္ကျားတယောက်အနိန်နန့် နောက်တချိန်အိမ်ထောင်သျှင် ကောင်းတယောက်အဖြစ်နန့် ကိုယ့်ချစ်သူကို လုံးဝမျက်နှာမငယ်စီချင်.. လက်ဟိအချိန် ဖြိုးလဲ..ကျောင်းမပြီးသိ.. ကိုယ် လဲ ကျောင်းမပြီးသိ.. ကိုယ်ပြောစော်ကို ဖြိုး..”

“မပြောကေ့ဖိ.. ယင်းပိုင်စကားလုံးတိနန့် ဖြိုးကို ခံစားရအောင်မလုပ်ပါကေ့ဖိ.. ဖြိုးကို ကို.. ချစ်တေဆို.. ဖြိုးအနားမှာ စက္ကန့် မလပ်အောင်နိန်ချင်ရေဆို.. ဖြိုးလဲ ကို့ကိုချစ်အားကြီးလို့ပါ.. ကို့အနားမှာ စက္ကန့်မလပ် နိန်ချင်အားကြီးလို့ပါ.. ဖြိုးစိတ်ကို ကိုယ်ဇာဖြစ်လို့နားမလည် စော်လေ.. ယင်းစိတ်ကို ဇာဖြစ်လို့ မိုက်မဲရေလို့ ကို.. ပြောဝံ့လေ.. ဖြိုးနားလည်ပါရေ.. ရင်ထဲမခံ စားနိုင်လွန်းလို့ပြောမိစော်ပါရာ.. ကိုယ့်ကိုလဲ ဖြိုး..ယုံပါရေ.. ကိုယ့်စကားကို ဖြိုး.. အမြဲတမ်းနားထောင်နိန်ပါမေ..”
နဂိုကတည်းကပင် နူးညံ့လွန်းအားကြီးရေ ခံစားတတ် လွယ်ရေ ချစ်သူ။ စကားပြောနိန်ယင်း စီးကျလာရေ ချစ်သူ့မျက်နှာချေထက်က မျက်ရည်စက်တိကို သူ့လက်ထဲက ပုဝါချေ နန့် တယုတယသုတ်ပီးယင်း.. ရင်ခွင်ထဲကိုအသာချေဆွဲသွင်းပွိဖက်ထားလိုက်မိရေ။

xxx

“သင်္ဘောဥသြသံ xx ဆွဲ xx ဆွဲလတ်ဗျာလ် xx သင်္ဘောကမ်းကခွါ xx ဝီးကတ်ရဖို့ဗျာလ် xx နှစ်ယောက်စလုံးအသည်းတိ ကျွမ်းလို့ မျက်ရည်ကြွီရဗျာလ် xx ဝီးကတ်ရခွဲကတ်ရဗျာလ်ဝေ xx လွမ်းမျက်ရည်ကြွီ xx xx”
သူ့နှလုံးသားတိကို တဖေ့ချင်းတဖေ့ချင်း ဖဲ့ခြွီလားခရေ င်္ဘောဥသြသံနန့်တတူ တဖြည်းဖြည်း ဝီး..ဝီးလို့လားခရေ င်္ဘောချေ ကို ရီဝေနိန်ရေ မျက်လုံးအစုံကြားကနိန်ဖြတ်ပနာ ကြည့်ယင်း.. .. .. .. .. ..

“ဖြိုး.. လူ့လောကကမှာ လူလို့ဖြစ်လာကေ အစဟိရေပိုင်အဆုံးလဲဟိရေ.. ဆုံတွိခွင့်သျှိရေပိုင်ခွဲခွါခြင်းလဲသျှိရေ.. ယင်းပိုင်နည်းတူ အဆုံးသျှိရေပိုင် အစဟိရေ.. ခွဲခွါခြင်းဟိရေပိုင်.. တွိဆုံခွင့်ဆိုစော်လဲ နောက်တကြိမ်ဟိသိရေဆိုစော်ကို ယင်းအချိန်ကပင် ဖြိုး.. နားလည်ခဖို့ဆိုကေ.. ဖြိုး.. နားလည်ခဖို့ဆိုကေ.. ဖြိုး.. နားလည်ခဖို့ ဆိုခကေ…။

ဖတ်ပီးကတ်တေ ညီအကိုမောင်နှမတိအားလုံးကို လလှိုက်လလှဲကျေးဇူးတင်ပါယင့်။
ရင်ထဲကဖြစ်လာသမျှခံစားမှုအနုရသချေတိကို ချစ်ညီအကိုမောင်နှမတိအတွက် အမြဲတမ်းပီးနိုင်အောင်ရည်ရွယ်ပါရေ… စိတ်ပင်ပန်းကိုယ်ပင် ပန်းဖြစ်နိန်ကတ်တေညီအကိုမောင်နှမတိ စိတ်အပန်းပြေစီဖို့ရည်ရွယ်လို့ ရီးဖွဲ့လိုက်ရခြင်းဖြစ်ပါရေ..။
နောက်လဲ အစိုဉ်အဆက်မပြတ်ကြိုးစားလားပါမေ..။

ချစ်တေအဖရင်သွီးချစ်ညီအကိုမောင်နှမရို့အားလုံး ဘီးဘယာဝီးကွာပနာ စိတ်ချမ်းသာကိုယ်ကျန်းမာလို့ လန်းဆန်းနိုင်ကတ်ပါစီ။

ဖိုးခေါင်
၂၃၊၇၊၂၀၁၁
India Time: 4:49 PM

အပြည့်အစုံသို့...

Friday, 15 July 2011

အချစ် ဒဿန (၁)

နားလည်မှုအချစ်

လူတိစော် အချစ်နန့်တွိကေအရည်ပျော်လားတတ်ကတ်တေပိုင် စိုးရိမ်ပူပန်မှုတိလည်းသျှိလာတတ်ကတ်ပါရေ။
ယင်းချင့်ကို အပြစ်လို့မဆိုနိုင်ပါ။ သဘာဝထဲကသဘာဝတခုပါမနား။
ယကေလေ့ ဂရုတစိုက်သတိထားရဖို့စော်အချက်က လက်သျှိအချစ်မာ လိုက်လျောညီထွေဖြစ်အောင် နိန်တတ်ဖို့ပါ။
အကြောင်းကိစ္စတခုခုပေါ်လာဗျာလ်၊ ဖြစ်လာဗျာလ်ဆိုကေ နှစ်ဖက်စလုံး မျှတွီးပီးပါ။
ကိုယ့်စိတ်က စိုးရိမ်ပူပန်မှု၊ သဝန်တိုမှုတိကြောင့် တဖက်သားအတွက် ရွံ့ကြောက်စရာတိဖြစ်မလားစီဖို့ ဂရုပြုသင့်ပါရေ။
ပြီးကေ နောက်တခုက ကိုယ်ကသူ့ကို ချစ်ယင့်သားနန့် အအီးစစက်အပြုအမူတိ၊ အပြောအဆိုတိကြောင့် ဂဂေါင်းချစ်ကတ်တေ
ချစ်သူနှစ်ယောက် လမ်းခွဲလိုက်ကတ်တေဆိုရေ အဖြစ်မျိုးတိမကြုံရဖို့ အတွက်
တယောက်ကိုချစ်မိဗျာလ်ဆိုစော်နန့် နားလည်မှုဆိုရေ အရာချေကိုပါ တပါတည်း မွီးပီးလိုက်ဖို့ဆိုပါကေ
ပိုလို့ပျော်ရွှင်နိုင်ဖို့ထင်ပါရေ။

မျက်မြင်ကိုယ်တွိမှယုံပါ

ချစ်သူနှစ်ယောက်ကြားမာ ပြဿနာတခုဖြစ်ဗျာလ်ဆိုကေ ကြားစကားကို ဇာခါလေ့ မယုံမိပါဇီကေ့။
ကြားစကားနန့်လဲ ကိုယ့်ချစ်သူကို စကားနာမထိုးမိပါဇီကေ့။
ကိုယ်ကိုတိုင် မျက်မြင်ကိုယ်တွိမဟုတ်ပဲနန့် ၁၀၀%မယုံမိပါဇီကေ့။
အဂယောင့် ယင်းအဖြစ်တိစော် အမှန်လို့ဆိုခကေ ကိုယ့်ဘားကိုမကြာခင်ရောက်လာဖို့စော်ရာလို့ မှတ်ယူပါ။
ကိုယ့်ဖက်ကရာ အစစ်အမှန်တိပီးခဖို့ဆိုကေ စစ်မှန်ရေအကြောင်းအရာတိကို
ဇာကံတရားကလဲ မျက်ကွယ်ပြုချန်ထားခလီဖို့ မဟုတ်ပါချင့်။
ယင်းအတွက် ဖြစ်မလာသိရေ ပြဿနာတိအတွက် တွီးပနာစိတ်ပူမနိန်ပါကေ့။
ကိုယ်စော် နဂိုကတည်းကသံသယများတတ်တေဆိုကေ အစကတည်းကပင် သိချင်ရေအကြောင်းအရာတိကို
အားမနာတမ်းမိန်းထားပါ။ သူဇာအချိန်၊ ဇာနိန်ရာမာသျှိနိန်ဖို့ဆိုစော်ကပင်အစ ဇယားချထားပါ။
နှစ်ဦးနှစ်ဖက် မလိမ်မဝါစတမ်း ပပွင့်လလင်းစကားပြောထားပါ။
ယင်းကြောင့် အရေးမကြီးရေ စွပ်စွဲချက်တိကိုကို သျှောင်သျှားဖို့ အစကတည်းကပင် နှစ်ဦးနှစ်ဖက်ကြားမာ
ပွင့်လင်းမှုတိနန့်ပိတ်ပင်ထားပါ။

တိုက်ဆိုင်မှုတိနန့်အဓွန့်ရှည်ပါဇီ

အချစ်ကို တွိသျှိပြီးရေနောက် ကိုယ့်ဘားကထွက်မလားဇီဖို့
ချစ်သက်တမ်းတလျှောက် အံသြမှုချေတိ၊ တိုက်ဆိုင်မှုချေတိနန့် ချစ်သက်တမ်းကို ဆွဲဆန့်ကြည့်ပါ။
ကိုယ့်အတွက် နိစိုဉ်အလုပ်တိ လုပ်နိန်ရင်းနန့်တောင် တိုက်ဆိုင်မှုချေတိသျှိလာအောင် ဖန်တီးနိုင်ပါရေ။
ဒေနိ သူဝတ်ထားရေအင်္ကျီအရောင်နန့် သူစီးထားရေ ဖိနပ်အစ စားသောက်မှုချေတိ၊ အကြိုက်ချေတိ အဆုံး
နိစိုဉ်စကားပြောတိုင်း တိုက်ဆိုင်ကြည့်ပါ။ ကိုယ်စော်သူ့ကို အဂေါင့်ချစ်တေဆိုကေ အနိန်ဝီးနိန်ကေလေ့ အပါးချေမာသျှိနိန်ရေပိုင်
ခံစာ့းပါလိမ့်မေ။ အပြီးကေ ကိုယ်ကောင်းကြိုက်တေ၊ မင်းသား၊ မင်းသမီး၊ အစားအစာ၊ ရုပ်ရှင်၊ အရောင် စရေအကြောင်းအရာတိ
သူ့ကိုပြောပြထားပါ။ သူ့အကြိုက်ချေတိကိုလဲ မိန်းပြီးကေ မှတ်ထားပါ။ အံသြဇီဖို့အကြောင်းအရာချေတိကိုလဲ
မှတ်သားထားပါ။ တခါတလီ တဖက်သားမမျော်လင့်ရေ နိန်ရာမျိုးတိကနိန် အံသြစရာအဖြစ်အပျက်တိနန့် စကားအဆန်းချေတိကို
ကြိုးစားပြီးကေဖန်တီးပြပါ။ အချစ်ဆိုရေအရာက မြီပြင်ပိုင်ငြိမ်သက်နိန်စော်ထက် လှိုင်းကြက်ခွက်ချေတိနန့် လှုပ်သျှားမှုတိဟိနိန်မှ
ပျော်ဖို့ကောင်းပါရေ။


(ဝန်ခံချက်။     ။ အင်လိုင်းမှာတွိရေ အချစ်အကြောင်းချေတိကို ရခိုင်နန့် ထပ်ဆင့်ညွန်းဆိုရီးပါရေ)


ဖိုးခေါင်
၁၅.၇.၂၀၁၁
India Time:5:14 PM

အပြည့်အစုံသို့...

Tuesday, 12 July 2011

အတွီးချေတခုပီးချင်ရေ

လောကကြီးမှာ တခုလေ့ အလကားမရလတ်။ အလကားရရေလို့ထင်ကေလေ့ ကိုယ်မသိလိုက်ပဲနန့်ပီးဆပ်လိုက်ရရေ တန်ဖိုးက ကိုယ်ရယူထားစော်တိထက်တောင် များကောင်းများနိန်တတ်တေ ဆိုပါဝါ.. စီနီယာ အစ်မတယောက်ပြောရေအသံက နားထဲကိုစိမ့်လို့ဝင်ပါလတ်တေ။ အလုပ်သင်ခန်းထဲမှာ ဦးနှောက်ခြောက်ပါလားအောင် စိုဉ်းစားနိန်ရေအကြောင်းအရာတိကိုကျော်လို့ ယင်းစကားကဖြတ်ဝင်ပါလတ်စော်။ မဆီမဆိုင်ထိုင်စိုဉ်းစားဖို့ကျလားရေ။ စိုဉ်းစားယင်းစိုဉ်းစားယင်း ဟုတ်တုတ်တုတ်ပိုင်တွိလာရေ။
ကိုယ့်ကိုယ်ကိုမသိလိုက်ပဲ အလကားရယူထားစော်တိငါမှာလဲ သျှိနိန်ဗျာလ်လာဂု။ သျှိနိန်ဗျာလ်ဆိုကေ ငါဘားကဝါ.. ငါမသိလိုက်ရပဲ ငါပီးဆပ်လိုက်ရရေ အရာတိက ငါရယူထားစော်တိထက်ပင်များနိန်ဗျာလ်လား။ နဂိုကပင် ခြောက်နိန်ရေ ဦးနှောက်က ပိုလို့ခြောက်ချင်ချင်ခံပါလတ်တေ။ သဘာဝအရဆိုကေ ခြောက်ခမ်းနိန်ရေ နီရာတခုကို စိုပြေလာအောင် တခုခုလောင်းထည့်ပီးရရေ သဘောသဘာဝသျှိရေဆိုခါ ခြောက်နိန်ရေဦးနှောက်အတွက် ဆလိပ်တလိပ်လောက်ဖွာပလိုက်ကေ ပြန်စိုပြေလားဖို့လားဂု..။ စိုဉ်းစားမိပြန်ရေထော။ ဆလိပ်တလိပ်သောက်ဖို့အရေးလဲ.. ဦးနှောက်ကအလုပ်လုပ်ရရေကာဒေ။ (တချို့ဆိုကေ ကိုယ့်ရည်းစားဘားက ခွင့်ပြုချက်ကိုယူရရေဆိုယင့်..)
တရက်နိ သင်တန်းခန်းထဲမှာ ဆရာပြောရေအကြောင်းအရာတခုကို လားလို့အတွက်ပေါ်ပါလတ်ပြန်ရေ။ နောက်ဆယ်စုနှစ်တစုလောက်မှာ ကမ္ဘာကြီးစော် အိုင်ဒီယာခေတ်ဖြစ်ဖို့ဆိုယင့်။ ကိုယ်ခွန်အားနန့်လုပ်နိုင်စော်မှန်သမျှကို စက်ရုပ်တိနန့်အစားထိုးလာဖို့ဆိုခါ လူတိအတွက် အလုပ်လုပ်ဖို့က အိုင်ဒီယာစော်အရေးကြီးလာရေလတ်။ လူတိလုပ်ရဖို့စော်က အိုင်ဒီယာနန့်ရာအလုပ်လုပ်ရဖို့ဆိုကာ။ ယင်းအတွက် အဂုချိန်ကပင် အိုင်ဒီယာကိုအသုံးချတတ်အောင် စာအများကြီးဖတ်၊ ဖတ်မှတ်သမျှကိုလက်တွိနန့်ပေါင်းစပ်။ ပေါင်းစပ်လို့ရစော်ကို ချလုပ်လို့ဆိုပြန်ရေ။ ရင်ထဲမှာမွန်းကျပ်လားရေ။ ဆရာပြောစကားအဆုံးမှာ။ ကိုယ်က ဦးနှောက်နန့်အလုပ်လုပ်ရဖို့စော်လောက် မွန်းကျပ်စော်မတွိဖူး။ ဦးနှောက်ခြောက်စော်မှာလဲမပြောကေ့။ သင်တန်းသားတိထဲမှာက ကိုယ်ကအညံ့ဆုံးဆိုရေခါ ဆရာကလဲ စကားပြောကေ ကိုယ့်ကိုစီရာကြည့်လို့ပြောရေ။ ပြီးကေ ဦးနှောက်ကိုအသုံးချစော်မှာလဲ လွှာပနာ အသုံးချတတ်ရဖို့ဆိုပြန်ယင့်။ အူးးး..မလွယ်။
အဲ.. ပဇကလျှပ်တပြက်ထွက်ပါလတ်တေ.. စကားလုံးကို ဦးနှောက်ကပြန်စိုဉ်းစားဖို့ကျပြန်ရေထော။ ဒေ “မလွယ်” ဆိုရေစကားလုံးစော်။ ကောင်းကြီးကျယ်ပါရေဒေ။ လောကမှာ လွယ်ရေဆိုစော် ဇာတခုလေ့ မသျှိဆိုပနာ အချေခါကပင် ကြားဖူးနားဝသျှိခပါရေ။ ကောင်းလဲ အကျွမ်းတဝင်သျှိဖူးခရေ။ ဇာချင့်..ငပိဖုတ်စော်မှာတောင် ဆရာမပြကေ နည်းမကျ ဆိုရေစကားလုံးတိပါ့။ ငပိဖုတ်စော်မှာလေ့ နည်းမသိကေ  မလွယ် ဆိုရေစကားကသျှိပြန်ပါသိရေမနား။ ယကေလေ့ လူတိုင်းလူတိုင်းနီးပါးလောက်လဲ ဒေမလွယ်ဆိုရေစကားကို အလွယ်တကူပြောတတ်ကတ်ပါရေ။ ကိုယ်ကိုယ်တိုင်လဲ အဂုထိပြောတုန်း။ ယကေလေ့ ဒေမလွယ်ဆိုရေစကားကို လူတိုင်းနီးပါးလောက်မကြိုက်ကတ်ပြန်ပါ။ ဇာဖြစ်လို့မလွယ်လေ..ဆိုရေစကားကြောင့် လို့ထင်ပါရေ။ အလုပ်လုပ်စော်မှာပဲဖြစ်ဖြစ်၊ စကားပြောစော်မှာပဲဖြစ်ဖြစ်၊ တိကျရေလူတိစော် ဒေမလွယ်ဆိုရေစကားကို လုံးဝနီးပါး မသုံးဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပနာ လွယ်အောင်လုပ်တတ်ကတ်ပါ။ ယင်းပိုင်လုပ်နိုင်ရေလူတိစော် တရာမှာတယောက်၊ တထောင်မှာတယောက်၊ တသောင်းတသိန်းမှာတယောက်ပါ။ မလွယ်ဆိုစော်မှာလဲ ကိုယ်နန့်ဆိုင်ရာဆိုင်ရာ မလွယ်ရေကဏ္ဍတိသျှိတတ်ပါရေ။ ယင်းပိုင်မလွယ်စော်ကို လွယ်အောင်လုပ်တတ်တေလူတိက လူထဲကလူဇော်တိဖြစ်တတ်ပါရေ။ လူတိုင်းနီးပါး ပဇကတော့ကေ မလွယ်ဆိုစော်မသျှိ.. ဆိုပနာပြောတတ်ကတ်ကေလေ့။ လက်တွိကျကေ လွယ်အောင်မလုပ်နိုင်ပဲနန့် အသျှုံးပီးလားကတ်တေလူတိဂျဲပါဗျာလ်။ ဒေမလွယ်ဆိုရေစကားလုံးနောက်ကွယ်မှာ အရာထပ်ဆင့် မဖြစ်နိုင် ဆိုရေစကားက လိုက်ပါရေ။
ယင်းစကားလုံးကိုလေ့ လူတိကဆန့်ကျင်ကတ်ပြန်ပါရေ။ မဖြစ်နိုင်ဆိုစော် မသျှိဆိုပနာ အလွယ်ကာချေ ပြောချပလိုက်ကတ်ပြန်ပါရေ။ ဒေချင့်မှာလဲ စိုဉ်းစားစရာတိအများကြီးပါဝင်ပါရေ။ စိုဉ်းစားရဖို့စော်ကို သီဖို့လောက်အောင်ကြောက်တတ်တေ ကျွန်တော့်အတွက်ကတော့ကေ စိုဉ်းစားဖို့စော်တိဂျဲထပ်လို့ထပ်လို့ပေါ်လာပြန်ပါရေ။ သင်တန်းခန်းထဲက ဆရာပြောရေပိုင် အိုင်ဒီယာခေတ်အတွက် အဂုကတည်းကနိန်လေ့ကျင့်မှုလို့ပင်ဆိုရပါဖို့လား..။
ပြန်စကတ်ပါမေ..။ မဖြစ်နိုင်ဆိုရေစကားလုံးကို လူတိက ဆန့်ကျင်ကတ်ကေလေ့ မဖြစ်နိုင်ဆိုစော်ရေ ဒေလောက်ကြောက်ကောင်းထမန်းနည်းပညာပေါက်ကွဲမှုလွန်ကဲနိန်ရေခေတ်မှာတောင် ကျွန်တော်ရို့တိကို ချုပ်ကိုင်လွှမ်းမိုးနိန်တုန်းသိပါ။ ဟုတ်ပါလားမသိ။ ဇာအတွက်ကြောင့် ကျွန်တော်ရို့ကိုလွှမ်းမိုးနိန်ပါရေလဲ။ လွှမ်းမိုးနိန်နိုင်စော်ပါလဲ။ စိုဉ်းစားစရာတိပင် မဟုတ်ပါလား။ ဒေနိအချိန်ကျွန်တော်ရို့ကြုံတွိနိန်ရရေ လက်တွိဖြစ်စိုဉ်တိကို ထထဲဝဝင်လေ့လာကြည့်ကတ်ဖို့ဆိုကေ မဖြစ်နိုင်ဆိုစော်မသျှိ၊ မလွယ်ဆိုစော်မသျှိ ဆိုရေစကားလုံးကိုတတွင်ကျကျယ်ပြောနိန်ကတ်တေလူတိလဲ ယင်းလွှမ်းမိုးချုပ်ကိုင်မှုအောက်က ဂနိအချိန်ထိရုန်းမထွက် နိုင်ပဲ တဝဲဝဲလည်လည်နန့် မြုပ်နိန်ကတ်တုန်းပါ။ ဇာကြောင့်ပါလဲ။ မလွယ်ဆိုစော်က နည်းသိကေ အလွယ်ချေဖြစ်လားခစော်မှန်ကေလေ့ မဖြစ်နိုင်ဆိုစော်က ကိုယ်အား၊ ဥာဏ်အားတောင်မက ဇွဲလုံ့လဝီရိယပါ ပေါင်းစပ်နိုင်မှ ဖြစ်နိုင်ရေလို့ ဖြစ်လာပါဖို့စော်။ ယင်းအတွက် ဒေမဖြစ်နိုင်ဆိုရေ စကားလုံးစွာ ကောင်းကြီးကျယ်ရေလို့ပြောရစော်ပါ။ ကိုယ်အားဥာဏ်အားပေါင်းစပ်နိုင်ပြန်သိအုံ့ ဇွဲ၊လုံ့လဝီရိယမပြည့်စုံကေ မဖြစ်နိုင် ဆိုရေစကားလုံးချုပ်ကိုင်မှုကို မကျော်လွှားနိုင်ပါသိ။ ယင်းချင့်မှာ နောက်တခုလိုအပ်ပြန်ပါသိရေ။ ခံယူချက်နန့် ယုံကြည်ချက်။
ယင်းချင့်တိကိုပေါင်းစပ်နိုင်မှ ဒေဂနိအချိန် ကျွန်တော်ရို့ကြုံတွိနိန်ရရေ ခံစားနိန်ရရေ လက်တွိဖြစ်နိန်ရေ မဖြစ်နိုင်ဆိုရေ စကားလုံးကိုကျော်လွှားလွန်မြောက်နိုင်ပါလိမ့်မေ။ စကားအားဖြင့်နန့်တော့ မဖြစ်နိုင်ဆိုစော် မသျှိဆိုရေ အပြောအဟောတိက လွန်မြောက်နိုင်အောင် မှန်ထဲမှာမြင်နိန်ရပိုင်မြင်နိုင်ကတ်ပါစီလို့ တောင်းဆုပြုယင်း ဒေဂနိ စိုဉ်းစားမိသမျှကို ဒေနီရာမှ တခန်းရပ်လိုက်ရပါရေ။

အလွမ်းတကာ့အလွမ်းတိကိုထုတ်ပိုးသိမ်းဆည်းယင်း
မခံစားနိုင်လွန်းလို့ ရင်ထဲကပွင့်အံလာမှုတိကြောင့်
အချိန်မတိုင်ခင်ကတည်းကပင်
အော်မြည်နိန်မိရေ
ရိုးတောင်ထိပ်က
ရွှီဖိုးခေါင်
 ၁၂.၇.၂၀၁၁
India Time: 7:11 PM

အပြည့်အစုံသို့...

Saturday, 9 July 2011

သံသရာဆိုစော်

ဘဝတကွေ့မှာတွိကြုံခံစားဖူးခရေ ဒဏ်ရာတိကြောင့် လက်သျှိရှင်သန်နိန်ရေ အသိတရားတိကို အဂုထက်မကပိုလို့ကြီးထွား  လာအောင်ကြိုးစားယင်း ကိုယ့်ကိုကိုယ်ယုံကြည်မှုဆိုစော် ဇာလေလို့ ရှာယင်းဖွေယင်း ဗီဇအသိတိကို အားကောင်းလာအောင် ပြုစုပျိုးထောင်နိန်မိရေ။
လွန်ခရေ ၂ နှစ်လောက်ကပါ့။ ဖြစ်ချင်စော်ဖြစ်ဖိ၊ မထူးဗျာလ်ဆိုပနာ အရာရာကို ခဝါချပြီးကေ ဂျောက်ထဲကိုဆင်းဖို့အထိစိုဉ်း စားမိခရေအချိန်။ တားနိန်ကတ်တေကြားထဲက ဟန့်နိန်ကတ်တေကြားထဲက ကိုယ့်စိတ်ဝသီအတိုင်း တခုကိုလေ့ဂရုမစိုက် အလေးမပြုချင်လိုက်ဗျာလ်ဆိုကေ အရာအားလုံးကိုဂေါင်းထဲက ထုတ်ပလိုက်တတ်တေ တဇွတ်ထိုးအမိုက်စိတ်တိကြောင့်      ၃ လဆိုရေ အမှောင် မိုက်ဆုံးကာလ တခုကိုဖြတ်သန်းဖူးခရေ။ စခရေ နိကပင် ယောက်ျားတန်မဲ့ မျက်ရည်ပေါက်မျက်ရည်ကြီး ကျပနာ ဝမ်းနည်းပလက်နန့် မထူးစိတ်ကို အသျှုံးပီးဖူးခရေ။ ဇာကြောင့်ယင်းပိုင်မျက်ရည်ကျခရလေ ဆိုစော်ကို အဂုချိန်ပြန်စစ် တမ်းထုတ်ပနာ ဆင်ခြင်မိလိုက်တေခါ ဖြစ်ချင်ခရေ ဆန္ဒတိ၊ ရည်မှန်းချက်တိအားလုံး၊ ဘဝတပါးကိုပြောင်းလားခဗျာလ်ဖြစ်တေ မွီးဖခင်မှာခရေ “မောင်မောင် မင်းတာဝန်နန်း၊ လုပ်ကိုလုပ်ရဖို့၊ ပါပါရို့ရည်မှန်းချက်တိမပြည့်ခ” ဆိုရေ စကားတိကို အထပ်ထပ် ကြားယောင်ယင်း “အားလုံးကို ငါ ဝေးပလိုက်ရဖို့ဗျာလ်၊ အားလုံးကို ငါ ဆုံးသျှုံးလိုက်ရဗျာလ်၊ အားလုံးကို ဂျောင်ထိုးပလိုက်ရ   ဖို့ဗျာလ်” ဆိုရေ စိတ်တိက ရင်ကိုလာပနာ သနတ်နန့် အချိန်းထောင်ပေါင်းသောင်းပေါင်းမရွီမတွက်နိုင်အောင် အပစ်ခံလိုက်ရ ပိုင် ခံစားမိယင်း ယင်းပိုင် မျက်ရည်ပေါက်မျက်ရည်ကြီးတိကျခစော်လို့ သုံးသပ်မိလာရေ။.ဘဝဆိုရေ သံသရာစက်ကွင်းထဲမှာ ရှင်သန်နိန်သမျှကာလပတ်လုံးရေ ရုပ်သျှင် ဗီဒီယိုဇတ်ကား၊ ဝထ္တုဇတ်ညွန်းတိထဲကပိုင် စိတ်ကူးယိုဉ်ဘဝတိနန့် လက်တွိဘဝတိက ကွာခြားလွန်းမက ကွာခြားလွန်းပါရေ။ မိဘ အသိုက်အမြုံထဲမှာသျှိနိန်ခါ ဘဝဆို   စော် ဇာလေ မသိခဖူး။ ထမင်းစော် ထမင်းအိုးကထွက်တေ ဆိုရေအသိမျိုးပိုင် အချိန်တန်အိမ်ပြန်ရောက်ကေ “ မေမေ ဝမ်းဆာရေ၊ ဇာငါးနန့်လဲ၊ အား.. ဝမ်းဆာနိန်ယာ..” ဆိုပနာ ဖိနပ်မချွတ်ခင် လဂစင်(လှီကားစင်) မတက်ခင်ကတည်းကပင် အိမ်ဝကနိန် အော်နိန်ဗျာလ်။ တခါတလီ ကိုယ်မကြိုက်တေ ငါးနန့် ဟင်းနန့်ကျလားခကေ ပူဆိပူဆာ လုပ်တတ်ပြန်သိရေ။ ကျောင်းတက်ဖို့လားဖို့အချိန်ကျပြန်ကေ ဖေ့သာတောင်း၊ ပီးစော်နည်းကေ “ မတက်ဗျာလ်၊ ဒေနိကျောင်းမတက်ဗျာလ်၊ ဒေဖေ့ သာနန့်ကျောင်းမှာ ဇာ ပိုင်လုပ်ဖို့လဲ၊ လ္ဖက်ရည်တခွက်တောင်မရ၊ အချေလို့မှတ်လား မေမေမှာ၊ တက္ကသိုလ်တက်နိန်စော်” ဆိုပနာ မိုးမလင်းခင်ကတည်းကပင် အိမ်ပူယာဆာလုပ်တတ်ပြန်သိရေ။ မိဖက ငါသားချေသမီးချေ ပညာတတ်ပါဇီကြောင်း၊    ကျောင်းတက်ပါဇီကြောင်း မသျှိ သျှိကြောင်းကြံလို့ ထားပီးစော်တောင်မှ တက္ကသိုလ်ကိုရောက်တေအထိ အသိတရားက မဝင်နိုင်။  

အသိတရားချေတဖေ့တပါဒဝင်ဖို့ပျင်ရေအချိန် မိဖကိုသိတတ်ရဖို့ဆိုရေ အသိတရားဝင်ပါလတ်တေအချိန်မှာက အများအကျိုး  ဆိုရေအသိတရားချေတခု နိန်ရာယူအမြစ်တွယ်ပါလတ်ဗျာလ်။ ပေါင်းသင်းဆက်ဆံမှုနယ်ပယ် ကျယ်ပြန့်သထက်ကျယ်ပြန့် လာရေပိုင် အတတ်မျိုးစုံလဲတတ်ပါလတ်တေ။ ယကေလေ့ ဘဝဆိုစော်ကို မသိသိ။ လူငယ်တယောက်အားမာန်ဆိုစော်ကို ဂု ထလုပ်ကေ ဂုဖြစ်ဖို့ဆိုရေ နုနယ်သိရေအတွီးအမြင်ချေတိက လွှမ်းခြုံအုပ်မိုးလို့ အကြောက်တရားကို တွန်းလှန်ဖို့ အဖော်အ ပေါင်းတိ ရှာတတ်လာရေ။ စုပေါင်းမိလာရေ အားအင်ချေတခုကိုအရင်းပြုပနာ အရာရာကို ရင်ဆိုင်ကျော်လွှားမေဆိုရေ အသိ တိနန့်လုပ်ဆောင်နိန်ကတ်တေလို့ ယင်းအချိန်က ကိုယ်ရို့ကိုကိုယ်ရို့ ဂုဏ်တင်အထင်ကြီးမိခကတ်ကေလေ့ အသေအချာ ပြန်ကြည့်လိုက်ကေ မိဖအိမ်ကိုခြီကုပ်ယူထားတုန်းဆိုစော်က ပေါ်လွင်ပါလတ်တေ။

ကိုယ်စိတ်နုလုံးကိုတက်ကြွအောင်လုပ်ဆောင်ပီးရေ စာအုပ်စာပေချေတိနန့်ထိတွိဖန်များလားယင်း ယင်းစာအုပ်ချေတိက       ကိုယ်ရို့ကြိုက်နှစ်သက်တေ စာကြောင်းတိကို အလွတ်ကျပနာ ကော်ပီရိုက်လို့ ခိုးကြောင်ခိုးဝှက်ဖြန့်ချီကတ်တေ။ အိမ်ကသိလားရေတနိ မေမေက “ငါ မျက်စီမြင်ဆင်းရဲ၊ နားဆင်းရဲဖြစ်အောင်လုပ်ဖို့ပျင်နိန်ဗျာလ်လား.. ကြည့်ဇမ် .. ကိုယ့်သားကိုတခေါက်ပြောချက်တခေါက်..” ဆိုရေ မေမေပဇက ပြောလာသံတိ၊ တိုင်တန်းသံတိကို တခုလေ့ ပြန်မ ပြောပဲ စာမဖတ်ကေရာ အမြဲတမ်းဆဲနိန်ငေါက်နိန်တတ်တေ ပါပါက တခုလေ့မပြောခ။ ယကေလေ့ သားအဖနှစ် ယောက်တည်းတွိရေအချိန်တိမှာ “မင်းအဂုလုပ်နိန်စော်တိကို အားလုံး ပါပါသိရေ၊ ယကေလေ့ မင်းအဂုလုပ်ရဖို့ စော်က ပညာအယင်သင်ရဖို့၊ မင်းပညာတတ်လာလို့ အသိအမြင်တိကျယ်လာခါ မင်းလုပ်ချင်ရေအလုပ်ကို မင်း ပိုလုပ်လာနိုင်လိမ့်မေ၊ ကြားလာမောင်မောင် .. ဒေချင့်စော်မင်းတာဝန်.. မျိုးရိုးအစိုင်အဆက်တာဝန်.. ယကေလေ့ အဂု ကျောင်းစာကိုရာ ဂရုစိုက်” ဆိုပနာ ပြောတတ်တေ။ ယကေလေ့ နားမဝင် လူငယ်တယောက်ကိုး။ ဇာနားဝင် ခီဖို့လဲ။ ဖြစ်ချင်စော်ထက်လုပ်သင့်စော်ကို ခွဲခြားမသိသိကေလေ့ လုပ်ကေဖြစ်တေဆိုရေအသိက အရာရာကို တွန်းကန်ဖို့ အဆင်သင့်ဖြစ်နိန်ခလီဗျာလ်။ အမြစ်တွယ်နိန်ခလီဗျာလ်။
ရဲဖော်ရဲဖက်တိနန့် တိတ်တဆိတ်တွိဆုံကတ်ယင်း လုပ်ဖို့စော်တိကို တိတ်တဆိတ်တိုင်ပင်ကတ်ယင်း ဇာလုပ်ကတ်ဖို့ဆိုစော် ကြီးမားရေ ပလန်မသျှိခသိခင်ကတည်းကပင် တနိနိဆိုရေ စကားကအားလုံးသူရင်ထဲမှာ အမြစ်တွယ်နိန်ကတ် ဗျာလ်။ ယကေလေ့ အားလုံးသူစော် မိဖအိမ်ကိုခြီကုပ်ယူထားကတ်တုန်းသိ။ ရှိမှာ ဒုက္ခကန္တာရပေါင်းမကန်မကန် ကိုဖြတ်သန်းရဖို့သိဆိုစော်ကို ထည့်လို့ပင်မတွီးမိခကတ်။ မိဖဘားက နည်းမျိုးစုံနန့်တောင်းလို့ရရေ ဖေ့သာချေတိ ကို စုစည်းကတ်ပနာ ကိုယ်ရို့လုပ်ချင်ရေ (အများအကျိုးအတွက်)လို့ရည်ရွယ်ထားရေ ကဏ္ဍချေတိကို အကောင် အထည်ဖော်ဖို့စိုင်းပြင်းခကတ်တေ။ လုပ်လဲလုပ်ခကတ်တေ။ ပင်ပန်းလို့ပင်ပန်းမှန်းမသိ။ ပထမနှစ်မှာလဲ ရဲဖော်ရဲဖက် ငါးယောက်တိတိတောင် စာမေးပွဲသျှုလိုက်ကတ်သိရေ။ ယကေလေ့ ကိုယ့်ရို့လုပ်ချင်စော်ကိုလုပ်နိန် ကတ်စော်ဆိုခါ ပျော်လို့မော်လို့သိ။ အိမ်မှာက အဆဲခံအပြောခံ။ ယင်းချင့်တိကို မလုပ်ကေ့လို့ အတန်တန်ဖိအားတိ ပီးလာကတ်တေအထိ။ ကျောင်းစာပြင်ဖက်ကိုရောက်လားခကတ်တေ။ ယကေလေ့ ပျော်ရေ၊ ရင်ထဲမှာ ယုံကြည့် ချက်တိခိုင်မာအောင် လုပ်ဆောင်ကတ်တေ။ ရဲဖော်ရဲဖက်အချင်းချင်း အပြန်အလှန်အားပီးကတ်ယင်း တနိနိအ တွက် ယုံကြည်ချက်တိကို ခိုင်မာအောင်မွီးမြူကတ်တေ။ စာအုပ်စာတန်းတိဖြန့်ဝီဖတ်ကတ်ယင်း။ လွယ်အိတ် စာကြည့်တိုက်တည်ဆောက်ယင်း စာဖတ်ကတ်ဖို့ တိုက်တွန်းလုပ်ဆောင်မှုတိနန့် အပြောအဟော ကောင်းကောင်း နန့်လုပ်ခကတ်တေ။ ယင်းချင့်ကနိန်တဆင့်တက်လို့ ပိုကျယ်ပြန့်ရေ အသိုင်းအဝိုင်းထဲကိုထိုးဖောက်ယင်း ပိုကျယ် ပြန့်ရေအလုပ်တိကိုလုပ်ဖို့ တဆင့်တက်ပါလတ်ကတ်တေ။
ယင်းပိုင်နန့် တနိ့ .. မျိုသိပ်ထားရမှုပေါင်းအားလုံးမခံမရပ်နိုင်ဖြစ်ပနာ ဝုန်းဒိုင်းထပေါက်ကွဲကတ်တေ တနိ့ .. ကိုယ်ကိုတိုင် ထထဲဝဝင်ပါဖို့ စိတ်မကူးမိခင် လိုက်လုပ်နိန်ပြီးသားဖြစ်လားဗျာလ်။ မထူးဗျာလ်။ ဇာလုပ်ဖို့သိလဲ။ ယင်းအကြောင်းတိ ကြောင့် စာမေးပွဲတလနောက်ဆုတ်ထားရေစပ်ကြား အရာအားလုံးကိုကြောခိုင်း နှုတ်ဆက်ခရေ။ ချစ်တေ ညီအကို မောင်နှမတိ၊ နန့် ချစ်တေ မွီးမိခင်၊ ဖခင်ရို့ကို ပဇကပပေါ်ထင်ထင် နှုတ်မဆက်ဝံ့ခပဲ အပြီးအပိုင်ထွက်တေခြီလှမ်း မျိုးနန့် ထွက်ပါလတ်တေ.. ည.. ၇ နာရီ ၁၅ မိနစ်။ ဝါကျွတ်ဖို့လဲကောင်းမလိုဗျာလ်ဆိုရေခါ လှမ်းထိပ်မှာ အချေတိ ပပျော်ပပါး ဗြောက်အိုးတိဖေါက်နိန်ကတ်စော်ကို ဝယ်ဖို့ဖေ့သာမသျှိလို့ ငေးကြည့်နိန်ရေ ညီချေကို ဗြောက်အိုးအကြီး သန်တထုတ်ဝယ်ပီးယင်း.. လလိမ်မမာချေနိန်နန်း.. ဆိုရေစကားချေတခွန်းပြောပနာ ရင်ထဲကနှုတ်ဆက်ခရေ။

နောက်ဆက်လို့ရီးပါဖို့သိ..

ဖိုးခေါင်
၉.၇.၂၀၁၁
India Time:5:29 PM

အပြည့်အစုံသို့...

Wednesday, 6 July 2011

တချိန်က ကွိန်း(Queen) ချစ်သူ

ငါရို့မြို့နယ် Family ခရီးစဉ်တလျှောက် နင့်မျက်နှာချေကို ခိုးခိုးကြည့်ရင်း ငါပျော်နိန်ခရေ။
တက္ကသိုလ်ကျောင်းသူကျောင်းသားတိကို စုပနာ အပန်းဖြေခရီးထွက်ကတ်စော် အသူမပျော်ဘဲ သျှိဖို့လဲယေ။ တခြားသူတိထက်တောင် ငါက ပိုလို့ပျော်နိန်သိရေ။ ဇာဖြစ်လို့လဲဆိုကေ ငါချစ်တေ နင်နန့် တတူခရီးလားရစော်ဖြစ်လို့လေ။ ငါရို့က ပထမနှစ်ကျောင်းသားချေတိဖြစ်လို့ ဒေပိုင် ခရီးလားစော် ဒေချင့်ကပထမဆုံး။ ကားထက်မာ ပါလာကတ်တေ ကျောင်းသားတိအားလုံး တေးခြင်းတိ အော်ဆိုကတ်၊ ပျော်ကတ်ရွှင်ကတ်နန့် တက္ကသိုလ်ကျောင်းသားဘဝပါ့။  
ခရီးတဝက်အရောက်မာ ကားကို တနားချေရပ်ပြီးကေ စစိမ်းစစိုနန့် လမ်းဘေးကမြက်ခင်းပြင်ထက်မှာ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသား ဘဝတိအတွက် ဇာခါလေ့သော့မရိုးနိုင်ရေ အစိုဉ်အလာချေတခုကို လုပ်ဆောင်ကတ်တေ။ ယင်းချင့်က ပထမနှစ်ကျောင်းသူ၊ ကျောင်းသားချေ  တိထဲက ကိန်းနန့် ကွိန်း (အလှဘုရင်နန့် အလှဘုရင်မ) ရွီးချယ်ရေ ပျော်ပွဲရွှင်ပွဲချေတခုပါ့။ နင်က ကောင်းလှရေ မ၊မချေတယောက်ဆိုရေခါ ငါကနင့်ကို ကွိန်းဆိုရေ အလှဘုရင်မဘွဲ့ကို ရစီချင်ခစော် အမှန်ပါ။ ငါထင်ရေအတိုင်းဗျာလ် နင့်ကို ကွိန်းအဖြစ်ရွီးချယ်ခံရကြောင်း ငါရို့မြို့နယ် က ဖိုင်နယ်တက်နိန်ရေ အကိုတယောက်ကြေငြာလိုက်တေခါ ငါပျော်လိုက်စော် မပြောကေ့ဖိ။
အပြီးကေ မင်းမင်းဆိုရေ အကောင်ချေတယောက်လည်း  ကိန်း ဆိုရေ အလှဘုရင်ဘွဲ့ကို ရသျှိခသိရေ။ တေးခြင်းတိဖွင့်ထားပြီးကေ နင်ရို့နှစ်ယောက် လူတိအလယ်မာ ကျောင်းသားတိ တောင်းဆိုမှုအရ တွဲကပြရသိရေ။ အခုပိုင်ရာ ကိန်းနန့်ကွိန်း တွဲပြီးကေကရမှန်း စစော     စစီးကပင် ငါသိခဖို့ဆိုကေ  နင့်ကို ကွိန်းရစီချင်ခဖို့မဟုတ်။ အခုက နင်နန့် ကိန်းအဖြစ်ရွီးချယ်ခံရရေ မင်းမင်းက ငါ့ရှိမာ ပိုးအိစံဆိုထားရေ  ၁၆နှစ် တရက်လျော့ တေးခြင်းချေနန့် တွဲကနိန်လိုက်ကတ်စော် ငါ ကောင်းသဝန်တိုစော်မနား။ ငါ ယင်း ကိန်းဆိုရေကောင်ကို သတ်ချင်နိန် စော်လက်သီးကို ယားလို့။ နင်ကလဲ ကျေနပ်နိန်ရေ အရိပ်အရောင်တိဂျဲ ပြနိန်ရေဆိုခါ ငါအသာချေငြိမ်နိန်ရရေပါ့ယေ။
ကိုယ့်ချစ်သူကို တခြားကောင်ချေတယောက်နန့် တွဲပနာကနိန်စော်ကို ငါ ဇာပိုင်မြင်ချင်ဖို့လဲ။ နင်နန့်ငါ့ကိုလဲ ချစ်သူတိမှန်းမသိကတ်ဆိုခါ  ငါ့အ နားက ကျောင်းသားတိက “ကိန်းနန့် ကွိန်း ကောင်းလိုက်စော်မနား” ဆိုရေ စကားသံတိကို ကြားရလီ ငါ့ရင်ထဲမာ အခံရခက် နာကျင်လီဗျာလ်။
လာပြန်ဗျာလ်.. ဂေါင်းဆောင်က ဇာကြေငြာပြန်ဗျာလ်မသိ။ ဇာဟင့် .. ကိန်းက ကွိန်းကို နခမ်းနီဆိုးပီးရဖို့ဆိုကာ။ ကွိန်းကလဲ ကိန်းကို ဂေါင်းဖြီး ပီးရပြန်ဖို့သိလတ်။ အဘာလဲ..အဘာလဲ..။ ကွိန်းဆိုရေ စလွယ်ချေကို လွယ်ထားပနာ ကြယ်နှင်တံချေကို ကိုင်ထားရေ နင်ကပြုံးနိန်စော်ကလဲ မပြောကေ့ဖိ။ ငါလုံးဝသည်းမခံနိုင်ဗျာလ်။ အဂယောင့်ရာ နင်ငါ့ကိုချစ်တေဆိုကေ ငါ့မျက်နှာကို တဖေ့ချေလောက်ထောက်ထားပြီးကေ ငြင်းလိုက်ပလင်တချက်လောက်…ခိုင် နင်နိန်နိုင်လိုက်တေနန်း.. ပျော်နိန်လိုက်တေပင်။
နင်က ဂေါင်းဆောင်ပြောရေစကားကို ဂေါင်းညိတ်အဖြေပီးလိုက်ပြီးကေ  ငါ့ဖက်က ခွင့်ပြုပီးပါဆိုရေ အကြည့်နန့်ငါ့ကို ကြည့်နိန်သိရေ။ ငါကအလိုမတူရေမျက်နှာချေနန့်နင့်ကို ကြည့်ရေမာ နင်ကအကြည့်အလွှဲပြီးကေ ငါ့ကို သျှောင်နိန်ရေနန်း။ ပြီးကေ ဂေါင်းဆောင်အစ်မတ     ယောက်ဘားက ဂေါင်းဖြီးကိုယူပနာ ကိန်းကို ဖြီးပီးနိန်သိရေ။ ကိန်းကလဲ ဇာထူးလို့လဲ။ နင့်ကို လိုစော်ထက်ပိုပနာ နခမ်းနီဆိုးပီးနိန်လိုက်စော်   က။ ဇာအချိန်ကတည်းကပင် ဆိုးပီးချင်နိန်မှန်းမသိ .. ငါနန်း..ငါ။ အရာတခါ  နင်ရို့နှစ်ယောက် သရဖူဆောင်း၊ ရင်ထိုး ထိုးပီးကတ်နန့် ဖြစ်နိန်လိုက်ကတ်စော်။ အဂယောင့် ချစ်သူတိအတိုင်းယာကာဒေ။ ငါလေ လူတိရှိမာ စိတ်ကို ကောင်းထိန်းသိမ်းနိန်ရရေဒေ..ခိုင်။ နင့်လက်ကို  ဆွဲပြီးကေ အဝီးကို ထွက်ပြီးပလိုက်ချင်နိန်ယာ။
နင်ရို့နှစ်ယောက်ကို မှတ်တမ်းတင် ဓါတ်ပုံတိရိုက်လိုက်ကတ်စော်။ မျက်စိကို သျှုပ်လို့။ နင်ကလည်း ပြုံးလို့ရယ်လို့။ ဟိုသကောင့်သား ကိန်း ဆိုရေ ကောင်ကလဲ ပျော်လို့ရွှင်လို့။ အားလုံးကလည်း အတွဲညညီနန့် လှနိန်ပနိန်ကတ်တေ နင်ရို့နှစ်ယောက်ကိုကြည့်ပနာ အားရဝမ်းသာ လက်ခုပ်တိ တီးပြီးကေ အားပီးနိန်လိုက်ကတ်စော်က ငါ့နားထဲမှာ နတ်ပွဲကဆိုင်းသံတိပိုင် အခံရဆိုးလိုက်လီခြင်း။ ဒေခရီးကို လာကတ်တေ ကျောင်းသားကျောင်းသူတိ အားလုံးလည်းပျော်နိန်ကတ်ဖို့။ အခုချိန် ငါကလွဲလို့ပါယေ။
ဒေခရီးအစမာ ရရယ်မမော ပပျော်ရရွှင်ဖြစ်နိန်ခရေ ငါစော် ခရီးတဝက်အရောက်မာတော့ခါ ပျော်ရွှင်မှုတိ ပျောက်ဆုံးလားခရဗျာလ်မနားယေ။ ဟန်ဆောင်ဖို့မတတ်နိုင်လောက်အောင်ပင် ဖြစ်နိန်မိရေ ငါ့ကို အသူတယောက်လေ့ သတိထားမိခလီဖို့မဟုတ်။ ပါဆယ်ဂိမ်းစပြီးကေ ကဇတ်ကတ်ဗျာလ်။ ဖိုင်နယ်က အစ်ကိုတယောက် ကဇတ်တေလူတိအားလုံးကို နောက်ခိုင်းအနိန်အထားနန့် ထိုင်နိန်ရေ။ ပြီးကေ တေးခြင်းဖွင့်ထားရေ။ ယင်းတေးခြင်းကို တန့်လိုက်စော်နန့် တပြိုင်နက် ပါဆယ်ထုတ်လက်ထဲရောက်နိန်ရေလူက မဲနှိုက်ရပနာ ယင်းမဲမာပါရေ အတိုင်း၊ ပြောထားရေအတိုင်း သရုပ်ဆောင်ပြရစော်လေ။ ကဇတ်ပွဲက စဗျာလ်။  နောက်ခိုင်းထားရေ စီနီယာအကိုက တေးခြင်းကို စဖွင့်လိုက် တေဆိုစော်နန့် ပါဆယ်ထုပ်ကလဲ ကဇတ်တေလူတိလက်ထဲမာ အပြီးအလွှားနန့်  တယောက်ပြီးတယောက်…ယောက်..ယောက်.. ရောက်.. တေးခြင်းရပ်လားခရေ။ ပါဆယ်ထုပ်က ကိန်းလက်ထဲမာ။
မဲလိပ်နှိုက်ပြီးကေ ဖွင့်ဖတ်ကြည့်လိုက်တေအခါ ကိုယ်ကြိုက်တေ တေးခြင်းနန့်  ကိုယ်နှစ်သက်တေ ကောင်မချေတယောက်ရှိမာ လားလို့ဆို ပြရဖို့ဆိုကာ။ ယေ.. ကြည့်..ငါထင်ရေအတိုင်းဗျာလ်။ ယင်းကောင်က နင့်ရှိကိုလားပနာ အကျအနရှိဆိုင်ထိုင်လို့ ဂီတာတီးယင်း ဝန်ခံပါ  ဆိုရေ တေးခြင်းကိုဆိုပြနိန်လီဗျာလ်။ အားလုံးကလဲ လက်ခုပ်တီးလို့ အားပီးလို့။ ငါတယောက်ကလွဲလို့။
ဒေကောင် ကောင်းတရားလွန်နိန်ဗျာလ်။ ယကေလေ့ နင်ကိုယ်တိုင်က ဒေကောင်အပြုအမူတိကို အလွန်ဆန်နိုင်ဆိုမှတော့ခါ ငါကဇာတတ်နိုင်ဖို့လဲ။ နင် ငါ့ကြောင့်နန့်တော့ လူတိရှိမာ မျက်နှာမပျက်စီချင် ခိုင်..။  ငါ ဟန်ဆောင်အပြုံးတပွင့်ကို နင့်အတွက် ဖန်ဆင်းပီး လိုက်မိရေ။ နင်ကလဲ  မင်းမင်းဆိုနိန်ရေ တေးခြင်းကို လိုက်ဆိုနိန်စော်ကို ငါတွိနိန်ရရေခါ ငါနင့်ကို ဆုံးသျှူံးမခံချင်ရေစိတ်တိ ဇာနိန်ရာဇာ ဂျောင်ကြားက ပေါ်လာနိန်လေမသိ။ ငါ့စိတ်ထဲမှာ ခါချဉ်အုံ၊ ပုရွက်စိအုံ၊ ခြအုံတိပိုင် ရိုးတိုးရွတနန့် တစိစိကိုက်ခဲလို့။

ပါဆယ်ဂိမ်း ဆက်ကဇတ်ကတ်လို့ပြီးခါ ခရီးဆက်ခကတ်ပြန်ရေ။ မြောက်ဦးမြို့ကိုရောက်လို့ ဘုရားတိဖူးကတ်တေ။ သာယာရေ ငါရို့ ရခိုင့်သ ဘာဝအလှအပတိကို နောက်ခံထားပြီးကေ ဓါတ်ပုံတိရိုက်ခကတ်တေ။ ငါကတော့ခါ လာရေအချိန်ကလောက် စိတ်မပျော်လိုက်ဗျာလ်။ ကျောက်တော်၊ ပုဏ္ဏားကျွန်းရို့ကို အပြန်မာဝင်ခကတ်ပြီးကေ ဘုရားတိအများကြီး ဝင်ဖူးခကတ်တေနန်း။

ငါရို့တက္ကသိုလ်နယ်မြေ မြို့စစ်တွေကိုအပြန်မာ ကျောင်းသားတိအားလုံး တေးခြင်းတိအော်ဆိုကတ်၊ ပျော်ကတ်ရွှင်ကတ်၊ ရယ်ကတ်မောကတ် နန့်ပါ့။ နင်နန့် မင်းမင်းကလဲ တယောက်ကိုတယောက် ငေးလို့ကြည့်လို့ ခိုးကြည့်ခါခိုးကြည့်လို့။ နင် ငါ့ကိုအနားမာထားပြီးကေ မိန့်နိန်ဗျာလ်လား.. ခိုင်.. စိမ်းကားလိုက်တေပင်.. ရက်စက်လိုက်တေပင်..။

နင်ရို့နှစ်ယောက်ကတော့ခါ ပျော်ရွှင်မှုတိကို ရင်တွင်းကိုယ်စီခံစားယင်း။ ငါက ရင်ထဲမာတော့ခါ ဝမ်းနည်းပြီးကေ ကျလာဖို့မျက်ရည်တိကို ယောက်ျားဆိုရေ အသိတခုနန့် ပါးပြင်ထက်ကို မရောက်လာရအောင် အတတ်နိုင်ဆုံးထိန်းသိမ်းယင်း။ ယင်းချင့်တောင် ကားပြတင်းပေါက်က နိန်ဝင်တိုက်ချပလိုက်တေ လီအဝှိတချက်မာ လူမသိသူမသိ ခိုးကြောင်ခိုးဝှက်နန့် ပါးပြင်ထက်ကို မျက်ရည်တစက် လိမ့်ကျလားခသိရေ။
အမှန်ဆိုကေ မင်းမင်းစော် နင်နန့်ငါ့ကြားမာသျှိနိန်ရေ သံယောဇိုဉ်တိကို ဖြတ်တောက်ယူလားဖို့ ကတ်ကျေးတလက်ချင့်။ ငါရို့ အမ်းမြို့နယ် ပျော်ပွဲစားခရီးစော် နင်နန့် မင်းမင်းကို ပိုလို့ နီးစပ်လားစီလိမ့်မေလို့ ငါမထင်မိခ။
မြို့နယ်ပျော်ပွဲစားထွက်ပြီးလို့ တပတ်လောက်အကြာမာ ငါထင်ရေအတိုင်း နင်သျှောင်နိန်ခပြန်ရေနန်း။  မေဂျာမတူကေလေ့ ကန်တင်းတတူ လားကတ်ဖို့ နင်ကို ငါလာခေါ်တိုင်း နင်သျှောင်နိန်ခပြန်ရေ။ ငါ့ဘားကိုလဲ အလာနည်းလားရေ။  မတွိဖြစ်စော် အင်တိုင်ချေလောက်ကြာလား ရေတနိ့မှာ နင်နန့် ငါတွိခကတ်တေ။ နင့်ကိုတွိလို့ ဝမ်းသာအားရဖြစ်နိန်ရေငါ့ကို စကားတခွန်းလေ့မပြောနိုင်သိခင် နင်ပြောလိုက်တေ.. ငါချစ် တေ နှုတ်ခွမ်းချေတိကြားက ငါချစ်တေ အသံချေတိနန့် ငါမကြားချင်ဆုံးစကားလုံးတိကို။
“ကောင်းမြတ် .. ငါနင့်ကို သသေချချာစိုဉ်းစားပြီးမှ ဒေစကားကိုပြောရစော်ရာ။ ငါ နင့်ကို မချစ်မိခ။ ခင်မင်ရုံ အဆင့်လောက်ရာ ရှိခရေ။ အချစ်တိအဖြစ် မပြောင်းလဲခ။  ငါက ယင်းချင့်တိကို အချစ်လို့ထင်ခရေအတွက် နင့်ကို အဖြေပီးမိခစော်ရာ။ အဂုကတော့ခါ ငါသိလိုက်ရ ဗျာလ်။ နင့်ကို စိတ်ကဇတ်မိခစော်။ ဆယ်ကျော်သက်အရွယ် စိတ်အပြောင်းအလဲတခုပါ့။ ငါ့ကို မိန့်လိုက်ဖိနန်း။ ငါ အဂယောင့် နင့်ကိုမချစ်မိခ လို့ရာ”
မြို့နယ်ပျော်ပွဲစားထွက်ပြီးကတည်းက နင်သျှောင်နိန်ခစော်တိ၊ နင် ငါ့ကို မျက်နှာချင်းမဆိုင်ခစော်တိ ပြီးကေ နင်ငါ့ကို စကားမပြောခစော်တိကို ငါသိလိုက်ပါဗျာလ်..ခိုင်။ ငါ့ရင်ထဲက ခံစားချက်တိကို မမြင်နိုင်ကေလေ့ နင်မှန်းဆသိမြင်နိုင်ဖို့စော်ရာ။ ယကေလေ့ နင် ငါ့ဝေဒနာတိကိုတော့ခါ နင်မြင်နိုင် ခလီဖို့တော့မဟုတ်။ ချစ်ခကတ်တေ နိရက်အချိန်တိစော် တနာရီ၊ တရက်ကမဟုတ်ခလီရေအတွက် ငါ ကောင်းခံစားရရေ ..ခိုင်။ နင် ရရက်စစက် ထားခပြီးခါမှ ငါနားလည်သိတတ်မူတိနန့် ကျန်ပီးလိုက်ပါမေ။ ဇာဖြစ်လို့လဲဆိုကေ ငါချစ်တေနင့်ကို စိတ်ချမ်းသာဇီချင်လို့။ ပျော်ရွှင်နိန် ဇီချင်လို့။
ငါ့မျက်ရည်တိ ကျလုကျချင် အချိန်မာပင် မိုးရွာချလိုက်စော်က တိုက်ဆိုင်မှုလား။ နင် မမြင်စီချင်။  ငါ့ အသည်းကွဲမျက်ရည်စက်တိကို။ မိုးရီတိ နန့် ရောလားခရေ ငါ့မျက်ရည်တိ မိုးရီကြားက ငါ့မျက်ရည်တိ၊ မိုးရီတိနန့် ရောနှောလားခရေ ငါ့မျက်ရည်တိကို နင်မမြင်နိုင်ဗျာလ်မနား။
နင်ကတော့ခါ ရရဲဝဝံ့နန့် ငါ့ကို လမ်းခွဲစကားပြောပနာ အားနာနိန်ရေ ပုံစံမျိုး။ မိုးရွာလာလို့ နင်ကအသင့်ပါလာရေ ထီးချေကို ဖွင့်ဆောင်းပနာ ငါ့ဘားက ပြန်ပြောလာဖို့ စကားကို စောင့်နိန်ရေ။ သျှူံးနိမ့်သူတယောက်ဘားက ထွက်ကျလာဖို့ နောက်ဆုံးစကားလုံးတိကိုပါ့။ အရင်ကဆိုကေ မိုးရီထဲမာ ငါရို့နှစ်ယောက် ထီးချေတချောင်းနန့် ပျော်ခကတ်တေ ပုံရိပ်ချေတိကို တွီးမိယင်း ရင်ထဲမာမွန်းကျပ်ပါလတ်တေ။ အခုက နင်ငါ့ကို ထီးမဆောင်းပီးနိုင်ဗျာလ်မနားယေ။ နောက်ဆုံးအနိန်နန့် ငါ့ရင်ထဲက ဆန္ဒချေတခုကိုတောင် နင်မမြင်နိုင်ဗျာလ်။ အဲလေ.. သူ့ဖက်က ဆိုင်ကမ ဆိုင်လီဗျာလ်စော်ကို။

“ရရေ ခိုင်.. သံယောဇိုဉ်တိနန့်ရာ ခင်ကတ်မေဖိနန်း” လို့ ငါက အားတင်းပြောလိုက်ခါမှ နောက်ဆုံးပါ့.. ငါ့အတွက် ငါချစ်ခရေ.. ငါချစ်တေ နင့် အပြုံးချေတပွင့် ကို ငါ့ကိုပီးခရေ။ နှစ်သိမ့်ပြုံးမှန်းသိကေလေ့ ငါတယုတယနန့် သိမ်းထားလိုက်ပါမေ..ခိုင်။  ကိုညီမင်းခိုင်တေးခြင်းထဲ ကပိုင် “ဇာလောက်ဆိုးဆိုးချစ်နိန်မေ.. ဇာလောက်ဆိုးဆိုးချစ်နိန်ဖို့.. ဇာလောက်ဆိုးဆိုးမင်းကိုအပြစ်မမြင်နိုင်ဝေ..”။
နင်က ငါ့ဘားက စကားတခွန်းကို ကြားရပြီးမှ ငါ့ရှိက အသာချေလှည့်ထွက်လားခရေ။ မိုးရီထဲမာ အတွီးပေါင်းမြောက်မြားစွာနန့် ငါ့ တယောက်ထဲ။ နင့်ကို သစ္စမဲ့ရေလို့ ဂေါင်းစိုဉ်မတပ်ချင်..ခိုင်။ မဆုံနိုင်ရေ ဖူးစာလို့ရာ ငါမှတ်ယူလိုက်ပါမေ။ နင့်ကိုချစ်ခရေ ငါ့အချစ်တိက တစက္ကန့်မဟုတ်ခရေပိုင် တခဏတာအတွင်း ရင်ခုန်မှုလည်းမဟုတ်ခလီရေအတွက် တနားချေ ချစ်ခစော်မဟုတ်ပါ..ခိုင်။ ထာဝရတည်တံ့ချင်ခ ရေ အချစ်သစ္စာတရားတိရာ။ ငါ့ရင်ခုန်သံတိလဲ နင့်အတွက်ဆို တခါလေ့ မဟောင်းနွမ်းခဖူးရေ ရင်ခုန်သံတိပါရာ။ အင်း..ဇာပဲပြောပြော..ခိုင်.. အဂုကတော့ခါ ငါစော် တချိန်က ကွိန်းချစ်သူပါ့ယေ။
မိုးရီတိစွတ်နိန်ရေ ထိုင်ခုံတန်းလျားချေတခုမာ တချိန်က ချစ်သူနှစ်ယောက် တယောက်လက်ချေတယောက်ကိုင်လို့ ရီးထားခဖူးရေ “ဇာခါလေ့ လမ်းမခွဲကြေး” ဆိုရေ စာတန်းချေက မပီပြင်ဝိုးတဝါး။ ယင်းစာတန်းအောက်နားချေကမှ ကောင်းမြတ်+ခိုင်နဒီ ဆိုရေ နှစ်ဦးသဘောတူ စာတန်းချေ။ ယင်းစာတန်းချေမာကျခါ ခိုင်နဒီဆိုရေ စာကြောင်းချေက ပျက်ပြယ်နိန်လီဗျာလ်။ မိုးရီစက်တိကြောင့်လား။ ငါ့မျက်စိအမြင်ဝါးနိန်  လို့လား။ မဟုတ်ကေ တစုံတယောက်က ဖျက်လိုက်စော်လားဆိုစော်ကတော့ခါ….။
                                                                                                                      ကောင်းမြတ်ပိုင်ပိုင်
(Teen မဂ္ဂဇင်း၊ဇွန်လ ၂၀၁၁)
                    အင်လိုင်းမှာဖတ်မိရေ ဇတ်လမ်း(ဝတ္ထုတို)ချေတပုဒ်ပါ။ ရခိုင်လီသံနန့်သင့်တင့်လျောက်ပတ်အောင် ပြန်လိုက်ပါယင့်။ 
                                                                                                                             ဖိုးခေါင်
                                                                                                                                                        ၆.၇.၂၀၁၁
India Time:6:48 PM



           


အပြည့်အစုံသို့...

Monday, 4 July 2011

ဂေါင်းဆောင်မှု



·         ဖြစ်နိုင်စော်တိနန့် စတင်ပါ။
·         ဂေါင်းဆောင်တယောက် အရည်အချင်းဆိုစော် အောင်ပွဲပါ။
·  အချိန်ဇာလောက်ကြာအောင် ကြိုးစာခရေဆိုစော် အဓိကမဟုတ်။ အောင်မြင်မှုကို ဖမ်းဆုပ်နိုင် ဖို့ကရာ အဓိကဖြစ်တေ။ အချိန် ကြကြာတိုက်ကေ ဓားတုံးရေ။ ယင်းအတွက် ဓားထက်နိန်ရေ  အချိန်၊ ဓားမြနိန်ရေအချိန်မာ အချိန်မဆွဲပါကေ့။
·         ဆုပီး၊ ဒါဏ်ပီးစနစ်ဆိုစော် နီရာ၊ ဌာနတိုင်း၊ အဖွဲ့အစည်းတိုင်းမာ သျှိသင့်ရေ စနစ်တခုပါချင့်။
· လက်အောင်ငယ်သားတိကို လူနာသည်တယောက်ပိုင် သဘောထားပနာ ကြည့်ရှုပီးပါ။ အသျှင်ဂျာက်ထဲဆင်းကေ လိုက်ဆင်းကတ်ပါလိမ့်မေ။ အသျှင့်အတွက် အသက်စွန့်ဖို့ အသင့် သျှိနိန်ကတ်ပါလိမ့်မေ။
·         သသေချချာအကွက်ချပြင်ဆင်လီလီ အောင်ပွဲရဖို့နီးကပ်လီလီပါဗျာလ်။ ပြင်ဆင်မှုအားနည်း ကေတော့ခါ အောင်ပွဲရဖို့မသေချာပါ။ တခုလေ့ ပြင်ဆင်တွက်ချက်မှုမသျှိဆိုကေတော့ခါ စိုဉ်း စားလို့ရာ ကြည့်ပါလီဖိ။ ယင်းချင့်ကိုကြည့်ပနာ အောင်မြင်ဖို့လား ဆုံးသျှုံးဖို့လားဆိုစော်ပြော နိုင်ပါရေယေ။
·         ပတ်ဝန်းကျင်ကိုလေ့လာပါ။ မိမိကိုယ်ကိုယ် သဘောပေါက်ပါ။ ယင်းပိုင်ဆိုကေ အောင်မြင်မှုနဲ့ မလွဲနိုင်ပါ။
·         အောင်မြင်မှုကို ကြိုပြီးကေ သိနိန်ရေလူစော်၊ အောင်ပွဲရဖို့ ၁၀၀% သေချာပါရေ။ ယကေလေ့ စစ်မရောက် ခင်မြှားကုန်နိန်ကေတော့ခါ ပပျက်လန်လို့ ကျန်ခလီပါဖိယေ။
·         ရှိအရေးကို တွီးပါ။ ဥာဏ်ကို လွှာသုံးပါ။ အခက်အခဲဟူသမျှကို ဖြေသျှင်းနိုင်ပါလိမ့်မေ။
·         နီရာတကာလိုက်ကာကွယ်နိန်ကေ နီရာတိုင်းက ပျော့ကွက်ဖြစ်နိန်ပါလိမ့်မေ။
·         နာမေလိုချင်ရေ စိတ်ကိုသျှောင်ပါ။ အကဲ့ရဲ့ခံရဖို့စော်ကို မကြောက်ပါကေ့။
·         ဂေါင်းဆောင်ကောင်းတိစော် ကိုယ့်မာသျှိရေ အားသာချက်၊ အားနည်းချက်တိကို အမြဲတမ်း တွက်ဆနိန်တတ်တေ။ အားသာချက်ကိုစိုဉ်းစားပြီးကေ စံမံချက်တိကို သက်ဝင်အောင်လုပ် တေ။ အားနည်းချက်တိကို စိုဉ်းစားပနာ ဆက်ခြင်နိုင်ဖို့ကြိုးစားရေ။
·         ရောက်တေအရပ်မာ မိတ်ဆွေဖွဲ့ပါ။ သဘာဝနဲ့ကိုက်ညီအောင် နီထိုင်ပြောဆိုပါ။ သဘာဝနန့် ဆန့်ကျင်နိန်ရေအရာတိကို အထူးဂရုပြုပါ။
·         အချိန်ဆွဲတတ်စော်ကတော့ခါ အဆိုးဆုံးထဲက အဆိုးဆုံးပြဿနာပါယေ။
·         ထွက်ပေါက်မသျှိရေလူတိစော် ဖြစ်တေပိုင် ထွီးသတ်တတ်တေ။ ရွီးစရာလမ်းပိတ်နိန်ရေလူတိ က ကြောက်စိတ်ပျောက်ပနာ မိုက်ရူးရဲဖြစ်လားတတ်တေ။
·         လူတိုင်းကတော့ခါ အမှားနန့်ကင်းရေ လူလို့မသျှိပါ။ ယကေလေ့ အမှားနည်းအောင်၊ အမှားတိ မကန်မကန်မလုပ်မိအောင် ဆင်ခြင်နိန်ထိုင်နိုင်ကေ သူ့အလိုလိုအောင်မြင်မှုတိရလာပါလိမ့်မေ။ (အမှားကိုကြောက်လို့ တခုလေ့မလုပ်ကေတော့ခါ တခုလေ့ဖြစ်မလာဆိုစော်ကိုလေ့ သတိပြု သင့်ပါရေ)။
·         အခြီအနိန်နန့်အချိန်အခါကို လိုက်ပနာ ပြောင်းလဲပါ။ အရာရာတိုင်းကို(တရားသီ=တရသီ၊ တရားကျ=တရကျ) တွက်ဆမထားပါကေ့။
·         တစုံတယောက်က ကိုယ့်ကို အချိန်မရွီး ကျောက်ချနိုင်ရေ။ ယင်းအတွက် အခြီခိုင်အောင်လုပ် ထားပါ။
·         မြှောက်ပင့်မှုတိကို မသာယာပါဇီကေ့။ သတိထားပါ။ မှန်ကန်ရေ ချီးကျူးထောမနာပြုမှုကိုလဲ ရရဲဝဝံ့နန့် လက်ခံတတ်ပါဇီ။
·         ဖြစ်ပေါ်လာနိုင်ဖို့အခြီအနီတိကို အားလုံးတွက်ဆပြီးကေ အဆိုးဆုံးအနိန်အထားထိ ပြင်ဆင် ထားပါ။ အဆိုးဆုံးအနိန်အထားအတွက် အဆင့်သင်မဖြစ်ဆိုကေ အားလုံးဖရိုဖရဲနန့် ကားရီ ကားရားအဆုံးသတ်ရပါလိမ့်မေ။
·     ဖွဲတဆုပ်စာမနိုင်သူစော် ခွန်အားကြီးသူမဟုတ်။ နီတိ၊ လတိကို မြင်သူစော် အမြင်စူးရှသူမ ဟုတ်။ မိုးဂြိုးပစ်သံကို ကြားသူစော် နားပါးသူမဟုတ်။ ယင်းအတွက် မဝင့်ကြွားပါကေ့။
·         ကိုယ်ချင်းစာ ညှာတာတတ်ပါ။ စည်းကမ်းကို တတင်းကိုင်ပါ။
·         ကိုယ်တိုင်လဲ စည်းကမ်းလိုက်နာပါ။ ဖောက်ဖျက်သူကိုလဲ ထိုက်သင့်ရေ ပြစ်ဒဏ်ပီးပါ။
  • အောင်မြင်မှုကို အရှည်တည်တန့်နိုင်ဖို့အတွက် အဓိကလိုအပ်ချက်တိက
      1.ခံယူချက်၊
      2.ဥာဏ်ပညာ၊     
      3.အမြော်အမြင်ကြီးမှု၊
      4.စိတ်ထားကောင်းမွန်မှု၊     
      5.ကြင်နာတတ်မှု၊

      6.သတ္တိဗျတ္တိ    
      7. ပြတ်သားမှု ။


ယင်းအတွက် မျိုးဆက်သစ် ညီနောင်အပေါင်းရို့ ဇာတိမာန်ဇွဲလုံ့လနန့် အနာဂတ်အဖရခိုင်ပြည် အတွက် ဂေါင်းဆောင်ကောင်းတိဖြစ်လာနိုင်အောင် မဆုတ်မနစ်ကြိုးစားလားကတ်ပါမေလို့ ဒေ ဆောင်းပါးချေကို ဖတ်မှတ်ခြင်းဖြင့် စာရိတ္တမဏ္ဍိုင်ကိုပြုပြင်လားကတ်ပါမေဖိလို့ ဆန္ဒပြုလိုက်ပါရေ။

ဒေနီရာချေ က ကူးယူပနာ ရခိုင်လီသံနန့် သင့်တင်လျောက်ပတ်အောင်ပြန်ရီးပါရေ။

ဖိုးခေါင်
၎.၇.၂၀၁၁
India Time:7:23 PM

အပြည့်အစုံသို့...