လူ့ဘဝဖြစ်စိုဉ် ဖြတ်သန်းမှုအကြောင်းအရာတိ..
မှန်သော်တခါ မှားသော် ဆယ်ခါ…
“ အမှားများခြင်းရေ အမှန်နန့် အနီးစပ်ဆုံးဖြစ်တေ ”
“ အမှားကိုထောက်၊ အမှန်ရောက် ”
“ ပြုပြင်တတ်တေလူရေ ပျက်စီးယိုယွင်းမှုကို မြင်တတ်တေ ”
“ အရာရာတိုင်းကို အကောင်းမြင်တတ်ဖို့အတွက် အဆိုးတိကို သိထားဖို့လိုရေ ”
ဇာသူတဦးတယောက်ကလေ့ ဒေပိုင်စကားလုံးတိကို တိုက်ရိုက်မပြောခ။ ယကေလေ့ ဖိုးခေါင် ပြောရေ။ ဖိုးခေါင်က ဇာလေ။ ဖိုးခေါင်ရေ ငှက်နာမေကေလေ့ အဂုက လူနာမေဖြစ်တေ။ ဖိုးခေါင်ရေ အတွီးအခေါ် ပညာသျှင်တယောက်မဟုတ်။ အတွီးသမားဖြစ်တေ။ အတွီးသမားဆိုလို့ စိတ်ကူးယိုဉ် သမားမဟုတ်။ လက်တွိသဘောတရားကိုမှ မြတ်နိုးလိုသူဖြစ်တေ။
ကြားဖူးနားဝတိနန့် ဖတ်မှတ်မိသမျှတိကို ပေါင်းစပ်ပနာ ဖြတ်သန်းလာရေ ဘဝတကွေ့တောင်မက နှစ်ကွေ့၊ သုံးကွေ့ … နိမ့်တုံ၊ မြင့်တုံ လောကနိယာမ သဘောတရားတိနန့် ဆက်စပ်လို့ အထက်ကဆိုခရေ စကားလုံးတိကို ကိုယ်တိုင်ပြောရေ။
ယုံကြည်ချက်အတွက် ခရုတကောင်ပိုင် တရွိရွိလားနိန်သူဖြစ်တေ။ ရိုးသားမှုနန့် သစ္စာတရားကို အသက်နန့်ထပ်တူ တန်ဖိုးထားရေ။ တဖက်သားကို အမြဲတမ်း ဦးစားပီးလိုရေ စိတ်ဆန္ဒသျှိကေလေ့ အနီးစပ်ဆုံးလူတိဘားမာရာ အယင်ဆုံးဖြစ်ပေါ်တတ်တေ။ နှလုံးသားကိုက အချစ်ဆုံး ဖြစ်တေ။ ခံစားမှုကို တခါတလီ ကိုးကွယ်တတ်တေ။ ကြောင်တိကြောင်တောင်အတွီးတိနန့် အနာဂတ်မာ ကိုယ့်တိုင်းပြည်ကိုယ့် လူမျိုးအတွက် အီးချမ်းလွတ်လပ်မှုသဘောတရားတိကို တထောင့်တနီရာက ယူဆောင်ပီးလာနိုင်ရေ သူတိ
ထဲမာ တယောက်အပါအဝင်ဖြစ်ဖို့ မျော်လင့်ထားရေ။
သျှုပ်ထွီးမှုတိကြားထဲမာ နိတဓူဝ နိန်ထိုင်ကေလေ့ တောင်စိုဉ်တောင်တန်းတိ အရိပ်အောက်မာ အီးချမ်း၊ နွီးထွီးရေ ဟာလာဟင်းလင်း တဲကုတ်ချေထဲက ကောက်ရိုးမွိရာထက်ကနိန် ကြယ်စုံရေဉာဉ့်တိကို ပက်လက်လှန်ကြည့်ယင်း ငြိမ်းချမ်းခြင်းသဘောတရားကို မြတ်နိုးလိုသူဖြစ်တေ။
ဖိုးခေါင်
No comments:
Post a Comment