Tuesday 26 April 2011

"ဂယောက်ဂယက်အတွီးတိနန့် တနားတပို ကခုန်ခြင်း"


ဘ၀.........?
အချစ်.........?
အပေါ်ယံတဒင်္ဂ ခံစားချက်နန့် ပြောရေတချို့ လူတိနှုတ်ဖျားကစကားလုံး
စက်ရုံကထွက်လာရေ တရုတ်ကုန်ပစ္စည်းတိပိုင် တပုံစံတည်း တသမတ်တည်း
ပေါပေါများများတော့ခါထွက်ယင့်....ကြာရှည်မခံ ...

ဒေမြို့ ကလူ.........?
Lipton Tea ပိုင်
လ္ဘက်အိတ်ချေကို ကြွီခွက်အလှပထဲက ရပူမာ ခပ်တည်တည်စိမ်လို့ စတိုင်ကျကျသောက်ရကေလေ့
အဆင်းရာရှိယင့်..ပေါ့ပျက်ပျက်နန့် အရသာကမသျှိ.....သောက်လို့ လေ့မခြီ ...

ငါရို့ ပြည်ကလူ.........?

နွားနို့ နန့် ကျကျနနဖျော်ထားရေ
အနှစ်အရသာ အပြည့်နန့် လမ်းဘေးဆိုင်ချေက လ္ဘက်ရည်တခွက်ပိုင်
နွီးထွီးရေ၊ ဟန်ဆောင်မှုကင်းရေ
ယင်းအရသာချေကိုရာ စိတ်ထဲကဆာလောင်မွတ်သိပ်တေ
အာသီသသျှိရေ၊ တန်ဖိုးထားရေ ...

နိုင်ငံ.........?
ကောက်ကျစ်ယုတ်မာမှု ပိုက်ကွန်တိနန့် မတရားအဓမ္မ ဖမ်းထားရေ ငါစိမ်းသည်တိလက်မာ
နပူလှန်းပနာဆားနန့် အနယ်ခံထားရရေ ငါးပိုင်
အနိုင်စားခံနီရစော်တိလေ့ ငံကျိကျိဖြစ်ပါလတ်ဗျာလ် ...


လူမျိုး(မိသားစု).........?
နောက်ဆုံးပေါ်ဖက်သျှန်၊ ကား၊ နည်းပညာ
အရာရာတိထက် ဒေမိသားစုချေထဲကလူတိအချင်းချင်း
ချစ်ခင်မှု၊ လေးစားမှု၊ နားလည်မှု၊ စာနာမှု၊ ဖေးကူမှု၊
တန်ဖိုးထားမှု၊ စည်းလုံးမှုတိက ပိုအဓိကကျရေမဟုတ်လား ...

အနာဂတ်(လမ်း).........?
အရှိမာ ဆက်လျှောက်ရဖို့ လမ်းတခုသျှိရေ
ဘလောက်ထိ ရှည်ဖို့ လဲ၊ ချောမွေ့ ဖို့ ကြမ်းတမ်းဖို့ လဲ
တန်ခိုးသျှင်မဟုတ်တေငါရို့ တိမသိနိုင်
တတ်နိုင်စော်ကချစ်ခင်ကတ် ညီညွတ်ကတ်မေ
လမ်းဆုံးပန်းတိုင်မရောက်ခင် ပြိုလဲမကျလားဖို့ အရေးကြီးရေ ...

အချိန်ကာလ.........?

ဘဝတိကို လောင်ကျွမ်းစီရေအရာ
ဇာအစိတ်အပိုင်းတိက ပြာကျဖို့ လဲ
ဇာအစိတ်အပိုင်းတိက ကျန်လိုက်ဖို့ လဲ
တခုလေ့မကျန်အောင် ပြာမဖြိုက်လီဖို့ တော့ခါလိုရေ ...

စိတ်ကူး.........?
တိမ်စိုင်ချေတိပိုင် မျောနီရေ
သစ်ရွက်ခြောက်ချေတိပိုင် လွင့်နီရေ
ဗရဗရီ မဖြိုက်ဖို့ အရေးကြီးရေ ...

မျှော်လင့်ချက်.........?
ကိုယ့်ရင်ဘတ်ထဲက ထိုးနီစော်ခေါင်းလောင်းသံကို
ကြားနိုင်ရေ နားချေတစုံ ငါ့ပန်ဒိုရာသေတ္တာထဲမာ သျှိနီပါဇီ.........။


နွယ်ဦးခိုင်(လခြမ်းမြီ)
ဒေနီရာ ချေက ကူးယူဖေါ်ပြပါရေ။

ဖိုးခေါင်
၂၅.၄.၂၀၁၁
India Time: 6:55 PM

1 comment:

  1. အချိန်ကာလ.......ဘ၀တိကိုလောင်ကျွမ်းစီရေ အရာ။
    ဇာအစိတ်အပိုင်းက ပြာကျလားဖို့လဲ။ ဇာအစိတ်အပိုင်းကကျန်ခဖို့လဲ။
    ကကောင်း ထက်မြက်တေစိတ်ကူးတိနန့် လောကနန့် လူသားတိကို မကြောက်ပဲ မီးလိုက်တေ မေးခွန်း။

    ReplyDelete