မင်းကို စစွဲလလမ်း
ချိုက်ခစော်
ငါ့ ဘဝပျက်စီးခြင်းအစလား..။
နူးညံ့ရေ မာယာတိကိုသုံးဗနာ
ရိုင်းစိုင်းရေ အိပ်မက်နွံထဲ
ငါ့ကို အရောက်ပို့..။
မင်းလှည့်စားမှုတိအောက်မာ
ရက်ပြတ်ကျသျှုံးနီစော်
ငါ့ အပြစ်ရာထားလိုက်ပါဖိ..။
ကကောင်းလှရေ သက်တံ့တောင်
မင်းမျက်စောင်းတချက်အောက်မာ
ဖပြားဝပ်လခရဖူး..။
လီအလွင့်မာ ရယ်နိန်ကျ
သစ်ရွက်ချေတိတောင်
မင်းအပြုံးတပွင့်ကြောင့်
ရယ်သံတိရပ်တန့်လခ..။
သွီးအီးရေ ပန်းတပွင့်ကိုမှ
နမ်းမိခရေငါ
အနံ့ သျှူသွင်းဖို့တောင်
အချိန်မရခ..။
နူးညံ့ကွန် ဆောင်ထားရေ
မင်းမျက်လုံးတိအောက်မာ
ဆင်ခြင်ဖို့အသိဥာဏ်တိ
ကြက်ပျောက်ငှက်ပျောက်..။
နနာကျကျင်နန့်
အခန်းကျဉ်းထဲမာ အိပ်နီစော်
အလင်းတိ နောက်ခိုင်းလခမှန်းတောင်မသိလိုက်..။
မင်းသတ်ပခရေနှလုံးသား
အခိုးအငွိ့ အဖြိုက်တောင်မှ
အာကာထက်ကို ပျံတက်ခွင့်မရခ..။
မာယာများရေ လောက
မညီညာမှုတိနန့် လကမ္ဘာ
ဒဏ်ရာဗလဗွနန့် ငါ့နှလုံးသား
စကြာဝဠာထဲ ကျင်ကိုင်ယင်း
သံသရာတပတ်လည်အောင်
ငါ စောင့်နီလိုက်မေ။
ဖိုးပြည့်
ဒေနီရာ ချေက ကူးယူဖေါ်ပြပါရေ။
ဖိုးခေါင်
၂၈.၄.၂၀၁၁
India Time: 9:01 AM
No comments:
Post a Comment