ကျွန်တော်ရို့ လူ့အဖွဲ့အစည်းမာ လူတယောက်နန့်တယောက် ငြင်းခုံကတ်ဗျာလ်ဆိုကေ သျှူံးစော် ပဲဖြစ်စီ၊ နိုင်စော်
ပဲဖြစ်စီ အမုန်းနန့်စီရာ လမ်းခွဲတတ်ကတ်စော်များပါရေ။ သျှူံးလားရေလူက မိမိအယူအဆကို ထောက်ပံ့နိုင်ရေ ခိုင်မာတိကျရေ အချက်အလက်မသျှိလို့ ၊ တဖက်သားကို မတုံ့ပြန်နိုင်လို့ရာ အသျှူံးပီးလိုက်ရ စော်ဆိုကေလေ့ သူ့နှလုံးအိမ်ထဲမာတော့ခါ မအီးမြနိုင်ဘဲ သျှူံးရစော်ကို မခံချိမခံသာနန့်နိုင်လားရေလူကို အမုန်း ပွား နိန်တတ်ကတ်ပါရေ။ နိုင်လားရေလူကလဲ အငြင်းအခုံလုပ်နိန်ရေ အချိန်တလျှောက်လုံး တဖက်လူက ထိုး နှက်ချက်တိကို သတိရပနာ “ဒေကောင်ကို အမြဲတမ်းနိုင်နိန်မှဖြစ်ဖို့” ဆိုပနာ စိတ်ထဲမာ ကြုံးဝါးလို့ အမုန်းပွားနိန် တတ်ပြန်ပါရေ။
လူရို့သဘောဆိုစော်ရေ မိမိနန့်သဘောထားချင်းမတူရေလူကို မနှစ်သက်တတ်ပါ။ သဘောထားခြင်းမ တူရာကနိန်တဆင့်တက်ပနာ ငြင်းခုံကတ်တေ အနိန်အထားရောက်လာကေ မနှစ်သက်တေ အဆင့်ကနိန် အ မုန်းပွားရေ အဆင့်ကို ရောက်သျှိလားကတ်လီပါရေ။ ယင်းအတွက်ကြောင့် အမေရိကန်က ကမ္ဘာကျော်စာရီးဆ ရာကြီး ဒေးလ်ကာနက်ဂျီက သူ့နာမေကျော်စာအုပ်ဖြစ်တေ ‘လူပေါ်လူဇော်လုပ်နည်း’ စာအုပ်မာ အခြားလူတ ယောက်ကို ကိုယ့်ဖက်ပါအောင်စည်းရုံးသိမ်းသွင်းရေနိန်ရာမာ ‘မငြင်းပါကေ့’ လို့ဆိုထားခပါရေ။ ယကေလေ့ ငြင်းခုံခြင်းက ပြဿနာသျှိစော်တော့ခါ မဟုတ်ပါ။ ငြင်းခုံသူရို့ စိတ်နိန်စိတ်ထားကရာ ပြဿနာသျှိနိန်လို့ဖြစ်ပါ ရေ။ အမှန်က ငြင်းခုံခြင်းဆိုစော်မာလေ့ မငြင်းနိုင်ရေ အလှတရားတခုသျှိနိန်လီပါရေ။
“ဒေက လူ့အဖွဲ့အစည်းတိမာ အငြင်းအခုံကို အားမပီးကတ်ပါ။ လူကြီးနန့်လူငယ် အမြင်မတူပြန်ကေ လေ့ အချက်ကျကျငြင်းကတ်စော်ထက် လူကြီးတိက ငါရို့လူကြီး မင်းရို့က နားထောင်ဆိုရေ ပုံစံမျိုး တဖက်ပိတ် စကားကိုရာ ပြောတတ်ကတ်ပါရေ။ ရွယ်တူခြင်းငြင်းကတ်ပြန်ကေလေ့ အဆုံးသတ်မာ ရန်ပွဲနန့်ဆုံးစော်ရာများ ပါရေ။ ရန်မဖြစ်ကေတောင် အမုန်းတရားနန့် အဆုံးသတ်ကတ်စော်ဂျဲပါဗျာလ်” ဆိုပနာ စာနယ်ဇင်းသမားတ ယောက်က သုံးသပ်ပြဖူးပါရေ။
ယကေလေ့ အငြင်းအခုံလုပ်ခြင်းကို စနစ်တကျ စကားရည်လုခြင်း (Debate) အဖြစ်ပြောင်းလဲနိုင်ဖို့ဆို ကေ အကျိုးရလဒ်တိအများကြီးသျှိပါရေ။ နိုင်ငံတကာမာ အငယ်ဆုံးကျရေ အခြီခံကိစ္စရပ်တိကနိန်စလို့ သမ္မတ ရွီးကောက်ပွဲတိအထိ စကားရည်လုပွဲတိက ကကောင်းအရေးပါရေ အခန်းကဏ္ဍမာသျှိနိန်စော်ကို တွိရပါရေ။ တယောက်နန့်တယောက် စကားရည်လုကတ်ဗျာလ်ဆိုလို့သျှိကေ စကားရည်လုရခြင်း အကြောင်းကိစ္စ၏ အား သာချက်၊ အားနည်းချက်တိကို ပပီပပြင် ကကွက်ကကွင်းမြင်နိုင်ပနာ နားထောင်ရရေ ပရိတ်သတ်ကလဲ အားသာချက်များရေဖက်ကို ရွီးချယ်နိုင်ကတ်ပါရေ။
“တရုတ်ပြည်မာ ဒီမိုကရေစီ အမူအကျင့်ထူထောင်ရေအနိန်နန့် မူလတန်းကျောင်းသားတိ အ တန်းဂေါင်းဆောင်ရွီးစော်မာတောင် အရွီးခံဖို့ကျောင်းသားနှစ်ယောက် (Debate) လုပ်ပြီးမှ ရွီးနိန်ဗျာလ်လို့ ဆိုပါ ရေ။ နောက်ပြီးကေ နိုင်ငံတကာမာလည်း အရေးကြီးရေဆုံးဖြတ်ချက်တခုကိုချရဖို့ဗျာလ်ဆိုလို့သျှိကေ အဆိုပြု ရေသူနန့် ငြင်းရေသူနှစ်ယောက်က အချက်အလက်တိ ခခိုင်မမာကိုင်စွဲပနာ (Debate) လုပ်ကတ်ရပါရေ။ ပြီးခါ မှ လူထုက နားထောင်ပနာ ကြိုက်ရာဖက်ကို ရွီးချယ်အတည်ပြုကတ်ရပါရေ။ အမေရိကန်မာ သမ္မတရွီးဖို့ဗျာလ် ဆိုလို့သျှိကေ သမ္မတလောင်းနှစ်ယောက် ပြိုင်နိန်ရေ စကားရည်လုပွဲကို တီဗွီကနိန်တဆင့် တနိုင်ငံလုံးကို ပြသ ပါရေ။ အားလုံးကကြည့်ပနာ ဆုံးဖြတ်ချက်ကိုရွီးချယ်လို့ ရပါရေ” ဆိုပနာ နိုင်ငံတကာ သတင်းအယ်ဒီတာ တ ယောက်က ဆိုပါရေ။
စကားရည်လုခြင်း (Debate) တိရေ လလွတ်လလပ်ရွီးချယ်ခွင့်အတွက်လည်း အထောက်အပံ့ဖြစ်စီရေ အလေ့အထတခုဖြစ်ပါရေ။ “ကိုယ့်အယူအဆတခုတည်းကိုရာ အဟုတ်၊ အမှန် ထင်နိန်ကတ်ပနာ တခြားလူအ ယူအဆတိကိုကျကေ သေးသိမ်ရေလို့ ထင်နိန်ကတ်တေ တတ်ယောင်ကားတိ နတ်ယောင်ကားတိများပါရေ။ “အမှန်သိလာဆိုကေလေ့ မသိ၊ မသိလားဆိုပြန်ကေလေ့ သိရေ၊ တတ်လာဆိုပြန်ကေလေ့ မတတ်၊ မတတ်လား ဆိုပြန်ကေလေ့ တတ်တေ” ယင်းပိုင်ပုံစံမျိုးတိကိုဂျဲ တွိမြင်ကြားသိနိန်ရရေ ဆိုရေခါ ဇာအချိန်မာ အကျွန်ရို့ ရခိုင်လူ့အဖွဲ့အစည်းတိ တိုးတက်ပါဖို့လဲ၊ အမြင်တိ ကောင်းကျဉ်းလွန်းကတ်ပါရေ” ဆိုပနာလဲ ပြည်ပမာကျောင်း တက်နိန်ရေ ရခိုင်လူငယ်ချေတယောက်က ပြောပါရေ။
လူထုပရိတ်သတ်ရှိမာ တဖက်လူနန့်ယှိဉ်ပြိုင် စကားရည်လုပွဲလုပ်လိုက်ဗျာလ်ဆိုကေ ပြောစရာစကား တိဇာကိုရောက်လားမှန်းမသိကတ်ပဲ နဂိုရုပ်တိပေါ်လာတတ်ကတ်ပါရေ။
“သူများနိုင်ငံတိမာ ဇာကြောင့်စကားရည်လုကတ်တေလဲဆိုကေ တဖက်လူအမြင်ကို ကောင်းကောင်း ခြီဖျက်နိုင်ပြီးကေ ကိုယ့်အယူအဆခိုင်မာကြောင်းကို လူအများရှိမာ ပြောဆိုသက်သီပြနိုင်သူကိုမှ အရည်အချင်း သျှိသူလို့ မှတ်ယူကတ်တေအတွက်ကြောင့်ဖြစ်ပါရေ” ဆိုပနာ စကားရည်လုပွဲတိမာ ဆုတိရဖူးရေ လူငယ်ချေတ ယောက်ကလဲ ပြောပါရေ။
ကမ္ဘာ နာမည်ကျော် စွန့်ဦးတီထွင်သူတိဖြစ်ကတ်တေ ဂျူးလူမျိုးတိရေ ကမ္ဘာကျော်အောင် အငြင်းသန် ကတ်ပါရေ။ သူရို့တိက ကိစ္စတခု မကျေလည်မချင်း ညမအိပ်ဘဲနန့်တောင်ငြင်းကတ်တေလို့ဆိုပါရေ။ သူရို့တိ မာ ငြင်းကတ်ခုံကတ်တေဆိုစော် အလဟသတော့ခါ မဟုတ်ပါ။ ငြင်းခုံခြင်းနောက်မာ အကျိုးရလဒ်တိအများကြီး သျှိနိန်ပါရေ။ သဘောမနောပြည့်ဝရေ ငြင်းခုံသူရို့ ငြင်းခုံမှုအပြီးမာ ကျေလည်မှုတိရလာတတ်ပါရေ။ ထိုကျေ လည်မှုတိကတဆင့် အပြုသဘောဆန်ရေ လုပ်ရပ်တိကို ပေါ်ပေါက်လာတတ်စီပါရေ။ ထိုအပြုသဘောဆန်ရေ လုပ်ရပ်တိကမှတဆင့် ကောင်းကျိုးရလဒ်တိ ပေါ်ပေါက်လာဖို့ဆိုစော်မာလဲ မလွဲမသွေပင်ဖြစ်ပါရေ။ ကျေလည်မှု မသျှိကေတော့ခါ ကောင်းကျိုးထက် ဆိုးကျိုးတိဝင်လာပနာ ဖိအားပီးခိုင်းစေမှုတိကရာ ယှဉ်တွဲပါဝင်လာဖို့ဖြစ်ပါ ရေ။
ယေနန့် အချက်အလက် ခခိုင်မမာနန့် ငြင်းခုံခြင်း(ဝါ) စကားရည်လုခြင်း အမှုအကျင့်တိကို လူထုကြား မာ လက်ခံကျင့်သုံးလာဗျာလ်ဆိုကေ ကျေလည်မှုတိ၊ သေချာရည်ရာမှုတိ၊ မျှတကောင်းမွန်ရေ ဆုံးဖြတ်ချက်တိ၊ အဖြေတိကို ရသျှိလာဖို့ဖြစ်ပါရေ။ ယကေလေ့ (Debate Society) ထူထောင်နိုင်ဖို့က လက်သျှိအနိန်အထားနန့် ဆိုကေ လိုအပ်ချက်တိမကန်မကန်(အများကြီး) သျှိနိန်ပါသိမ့်ရေ။
“သူများတိမာက ငြင်းကတ်ဗျာလ်ဆိုကေ စင်ထက်မာ တဖက်သားအယူအဆကို ထောင့်စိအောင် ထောက်ပြ၊ ဝေဖန် ကေလေ့ စင်အောက်ကိုရောက်လားခရေအချိန်မာကျကေ အအီးဆဆီး(အအီးဆဆေး) နန့် လက်ဆွဲနှုတ်ဆက်နိုင်ကတ်ပါရေ။ ဒေမာက တယောက်ယောက်အဆိုကို ထပြီးကေ အတိုက်အခံလုပ်လိုက် စော်နန့် အလုပ်ခံရရေလူက ‘ငါ့ကိုထိုးနှက်ဗျာလ်’ လို့ စမြင်ပါရေ။ ဝေဖန်မှုကိုလည်း အအီးဆဆီးမတုံ့ပြန်နိုင် ကတ်ပါဗျာလ်။ ပြောရေလူနန့် သူ့ဝေဖန်ချက်ကို ခွဲခြားပနာ မမြင်ကတ်ပါ” ဆိုပနာ ဝါရင့်ပညာသျှင် ရှေ့နေတ ယောက်ကသုံးသပ်ပြပါရေ။
Debate Society ကိုထူထောင်နိုင်ဖို့ဆိုကေ ဝေဖန်မှုကို လက်ခံနိုင်ဖို့၊ အအီးဆဆီး(အအီးဆဆေး) တုံ့ ပြန်နိုင်ဖို့လိုပနာ ယင်းပိုင်ဖြစ်ဖို့ဆိုစော်ကလဲ သဘောကွဲပြားမှုကို လက်ခံနိုင်မှုစွမ်းရည်မြင့်မားနိန်မှရာ ဖြစ်ပါလီဖို့။ သဘောကွဲပြားမှုတိကို လက်ခံနိုင်ဖို့ဆိုစော်မာလည်း ပွင့်လင်းလွတ်လပ်တေ အသိပညာအခြီခံ လူ့အဖွဲ့အစည်း တိမာရာ ဖြစ်နိုင်ပါရေ။ သဘောထားကြီးရေ ဖွင့်ထားရေ စိတ်ပိုင်သျှင်တိမှရာ သူရို့ကို ဦးတည်ဝေဖန်လာမှုတိကို လက်ခံနိုင်ဖို့ဖြစ်ပါရေ။
အယင်က လူရို့၏ ဥာဏ်ရည်မြင့်မားမှုကို IQ (Intelligence Quotient) ဥာဏ်ရည်အနိမ့်အမြင့်ပြအ မှတ်နန့် တိုင်းတာခကတ်ကေလေ့ ဂနိလက်သျှိအချိန်မာကျကေ IQ ထက် EQ (Emotional Quality) စိတ်လှုပ် သျှားမှုတိကို ဇာလောက် ထိန်းချုပ်နိုင်လေဆိုစော်နန့်ရာ တိုင်းတာလာကတ်ဗျာလ်ဖြစ်ပါရေ။ ယင်းအချက်ကို ကြည့်စော်နန့် EQ မြင့်ရေလူတိရာ သူရို့စိတ်လှုပ်သျှားအောင်လုပ်လာရေ ဝေဖန်မှု၊ ထိုးနှက်မှုတိကို သက် တောင့်သက်သာတုံ့ပြန်နိုင်ကတ်စော်ကို မြင်တွိနိုင်ပါရေ။ သူရို့တိက အသျှူံးကိုလည်း လက်ခံနိုင်ကတ်ပါရေ။ ယင်းအတွက်ကြောင့် EQ မြင့်ရေ လူတိနန့်ဖွဲ့စည်းထားရေ အသိုင်းအဝိုင်းနန့်ရာ Debate Society ကို ထူထောင်နိုင်ပါလိမ့်မေ။
လက်သျှိကမ္ဘာတဝန်းလုံးမာ ဖြစ်ပေါ်လာရေ ကိစ္စရပ်တိမာ အယင်ကထက် ပိုလို့သျှုပ်ထွီးလာပြီးကေ ဆုံးဖြတ်ချက်တိမာလည်း အယင်ကအစိုဉ်အလာဟောင်းတိနန့် ဆုံးဖြတ်ဖို့ မဖြစ်နိုင်ဗျာလ်ဖြစ်ပါရေ။ လက်သျှိဖြစ် ပေါ်နိန်ရေ အဖြစ်အပျက်အချက်အလက်တိနန့်ရာ ဆုံးဖြတ်ရဖို့ဗျာလ်ဖြစ်ပါရေ။ ယင်းပိုင်အခြီအနီမာ Debate က ပီးရေ အဖြေရလဒ်က ဘက်တဖက်ထဲကလာစော်မဟုတ်ပဲ အနည်းဆုံးဘက်နှစ်ဖက်ကလာခြင်းဖြစ်တေအတွက် ပိုလို့စိတ်ချရပါရေ။
“ဒေနိ့ခေတ်အခါကြီးမာ ဇာလုပ်ငန်းမာမဆို တဖက်တည်းအမြင်နန့် ချရေဆုံးဖြတ်ချက်တိစော် မျှတမှု သျှိရေလို့ မဆိုနိုင်ပါ။ ဒေမာက Debate ထက် တဦးတယောက်တည်းက ပြောရေစကား Monologue တိကို ပိုပြီးအားသန်ကတ်ပါရေ။ Monologue က လူတိကို လွှမ်းမိုးလို့ရကေလေ့ Debate ပိုင်မျိုးမျှတမှုမသျှိနိုင်ပါ။ Debate တိလုပ်စော်မာ အနည်းဆုံး နှစ်ယောက်ကနိန် အများကြီးထိ ပါဝင်ငြင်းခုံဆွေးနွေးလို့ရရေအတွက် ထွက်ပေါ်လာရေရလဒ်စော် အများကြီးမျှတပြီးကေ စိတ်ချရပါရေ” ဆိုပနာ ဝါရင့်ပုဂ္ဂိုလ်တဦးက သုံးသပ်ပြပါရေ။
အပြီးကေ သူကဆက်လို့ ပြောစော်က “လက်ခံနိုင်စွမ်းမြင့်သူရို့ အပြန်အလှန်ငြင်းခုံမှုတိက ပိုလို့ဖွံ့ဖြိုး တိုးတက်တေ လူ့အဖွဲ့အစည်းဖြစ်လာဖို့ အထောက်အပံ့ဖြစ်စီစော်ကိုတော့ခါ မငြင်းနိုင်ရေ အမှန်တရားပင်ဖြစ် တေအတွက် အမှန်တရားနန့် ပိုနီးစပ်ဖို့ ကျွန်တော်ရို့အားလုံးမာန်မပါစတမ်း ငြင်းဖို့လိုအပ်နိန်ပါဗျာလ်။ ဒေနိ့အ ထိရာ ဒေးကာလ်နက်ဂျီ တယောက်သျှိနိန်ဖို့သိဆိုပါကေ သူ့နာမေကျော် ‘လူပေါ်လူဇော်လုပ်နည်း’ ကျမ်းကြီးထဲ မာ “ငြင်းပါ၊ ယကေလေ့ တဖက်သားစကားက ပိုလို့အချက်အလက်တိခိုင်မာနိန်ကေ အပြုံးမပျက်လက်ခံလိုက် ပါ” ဆိုပနာ ပြောင်းရီး၊ မရီးဆိုစော်ကိုတောင် ငြင်းလိုက်ချင်ပါသိမ့်ရေ”။
စာရီးစရာမ နွဲ့ယဉ်အေး ရီးထားရေဆောင်းပါးကို ရခိုင်လီသံနန့် သင့်တင့်လျောက်ပတ်အောင်ပြန်ပါရေ။
ဖိုးခေါင်
၁.၅.၂၀၁၁
India Time:3:34
Sunday 1 May 2011
ငြင်းခုံခြင်း၏ အခြားတဖက်
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment