Tuesday 3 May 2011

နောက်ဆုံးဖယောင်းတိုင် (ဝါ) --------------?




အကျွန် ပုံပြင်ချေတပုဒ်ပြောပြပါမေ….

တခါက .. အလင်းမဟိရေ အခန်းချေတခန်းထဲမာ ဖယောင်းတိုင်ချေ (၅) တိုင်သျှိပါရေလတ်။ ယင်းဖယောင်းတိုင်တိ မာ မီးတောက်ချေကိုယ်စီနန့် လင်းလို့ပါလတ်။ ယင်းဖယောင်းတိုင်ချေ (၅) တိုင်ကထွက်လာရေ လင်းအားကြောင့် မဲမှောင်နိန်ရေ ယင်းအခန်းချေစော် လင်းထိန်နိန်ပါရေလတ်။

ယေပိုင်နန့် တရက်နိန်ခါ ယင်းအခန်းချေကို လီပြီနုချေတိဝင်လာပါရေလတ်။ အစခါတော့ခါ ညညင်သသာချေနန့် ဆိုပါယင့်။ နောက်တဖြည်းဖြည်း လီပြင်းချေတိကျလာပါရေလတ်။ တခါတခါလဲ မတိုက်ပါလတ်။ ယင်းပိုင်နန့် လီတိစော်ပြင်းလားပြီးကေ လီပြင်းတချက် အတိုက်မာ ဖယောင်းတိုင်ချေ တတိုင် မီးသီလားလီပါရေ။ ယေခါ ယင်းအခန်းချေမာ အလင်း အားတဖေ့ချေလောက်လျော့ကျလားပါရေလတ်။ ယင်း မီးသီလားရေ ဖယောင်းတိုင်ချေ နာမေကို “ အချစ်” လို့ ခေါ်ရေလို့ ဆိုပါရေ။

အရာနောက်တခါ လီအတိုက်မာ နောက်ထပ် ဖယောင်းတိုင်ချေတတိုင် မီးသီလားပါရေလတ်။ ယင်း ဒုတိယသီ လားရေ ဖယောင်းတိုင်ချေကို “သံယောဇိုဉ်” လို့ခေါ်ပါရေလတ်။ ယင်း “သံယောဇိုဉ်” ဆိုရေ ဖယောင်းတိုင်ချေ သီလားခစော်နန့် အခန်းချေစော် တနားကထက် ပိုလို့ မှောင်ကျလားပါရေလတ်။ အခန်းချေထဲမာ “အချစ်” “သံယောဇိုဉ်” ဆိုရေ ဖယောင်းတိုင်ချေတိက လင်းအားမသျှိဗျာလ်ဆိုရေခါ အခန်းချေစော် တဖေ့ချေလောက် တိတ်ဆိတ်လားပနာ အမှောင်ထုကရာ ပိုလာပါလီရေ။

ယင်းပိုင်နန့် အရာနောက်ထပ် ဖယောင်းတိုင်ချေတတိုင်ပါ လီပြင်းအတိုက်မာ သီလားပြန်ပါရေလတ်။ ယင်းဖယောင်းတိုင်ချေကိုက “မိတ္တာ” လို့ခေါ်ပါရေလတ်။ အမှောင်ထုက ပိုလို့ကြီးစိုးလားပြီးကေ နောက်ထပ် လီတချက်အတိုက်မာ စတုတ္ထဖယောင်းတိုင်ချေလဲ သီလားပြန်ပါရေလတ်။ ဒေ စတုတ္တဖယောင်း တိုင်ချေကိုက “ဂရုဏာ” လို့ခေါ်ပါရေလတ်။ ဖယောင်းတိုင်ချေ (၅) တိုင်လင်းအားနန့် လင်းထိန်နိန်ရေ ယင်းအခန်းချေစော် အဂုအခါ တိတ်ဆိတ်ခြောက်သွိလို့သျှိနိန်လီပါရေ။ ယင်းပိုင်နန့် နောက်ဆုံးကျန်လိုက်တေ ဖယောင်းတိုင်ချေစော် သူ့အဖော် ဖယောင်းတိုင်ချေတိ သီလားကေလေ့ တတိုင်တည်းလင်းအားနန့် တဖြည်းဖြည်းကြီးစိုးလာရေ အမှောင်ထုကို အံတုနိန်ပါရေလတ်။ လီပြင်းတိကလဲ အဆက်မပြတ်ကျလာနိန်ပြန်ပါရေလတ်။

ဇာအချိန်ထိ ဖယောင်းတိုင်ချေ တောင့်ခံနိုင်ပါဖို့လဲ? ..

ယင်းဖယောင်းတိုင်ချေရာ ထပ်လို့သီကျလားကေတော့ခါ ယင်းအခန်းချေလဲ လုံးဝမှောင်အတိကျလားလီရပါဖို့ ဗျာလ်။ ယင်းပိုင်နန့် စကားမဆုံး လီပြင်းတချိန်းအားနန့်တိုက်ပလိုက်တေအချိန်….
ဇာကပေါ်လာမှန်းမသိရေ လက်ချေနှစ်ဖက်က ယင်းဖယောင်းတိုင်က မီးချေကို ကာကွယ်ပီးလိုက်ပါရေလတ်။
အပြီးကေ ပဇကလဲ “ အင်း.. တော်သိယင့် ဖယောင်းတိုင်ချေတတိုင်ကျသိလို့ရာမနားယေ.. မဟုတ်ကေ တခန်းလုံးမှောင်နိန်ဖို့ထော..” လို့ဆိုပနာ နောက် ဖယောင်းတိုင်ချေတိကို ကျန်ခရေဖယောင်းတိုင်ကနိန် မီးကူးလို့ထွန်းလိုက်ပါရေလတ်။ ယေအခါ အခန်းချေစော် လင်းထိန်လာပြီးကေ အယင်ကအတိုင်းပြန်လို့ လလင်း ကကြင်းဖြစ်လားလီပါရေလတ်။

ယင်းအတွက် လူတယောက်နန့်တယောက်ကြားမာပဲဖြစ်ဖြစ်၊ ချစ်သူနှစ်ယောက်ကြားမာပဲဖြစ်ဖြစ်၊ မိသားစုတစုကြားမာပဲဖြစ်ဖြစ်၊ အသင်းတိ၊ အဖွဲ့အစည်းတိ ကြားမာပဲဖြစ်ဖြစ် စရေ ဇာနီရာမာမဆို နောက်ဆုံးကျန်ခရေ “နားလည်စာနာတတ်မှု” ဆိုရေ ဖယောင်းတိုင်ချေတတိုင်ကို လက်ချေနှစ်ဖက်နန့် ကာပီးတတ်ဖို့ဆိုကေ လီပြင်းအဝိအဝိုက်အတိုက်အခိုက်တိကြောင့်သီကျလားရေ
“အချစ်” “သံယောဇိုင်” “မိတ္တာ” “ဂရုဏာ” ဆိုရေ ဖယောင်းတိုင်ချေတိကို ပြန်ထွန်းညှိယူလို့ရပါရေ။

ယင်းအတွက် နန့် ဇာအချိန်ဇာအခြီအနီမာပင် ဖြစ်လီပတ်စီ အချင်းချင်းတိကြားမာ၊ ညီအကိုမောင်နှမတိကြားမာ၊ ချစ်သူရည်းစားတိကြားမာ၊ မိသားစုတိကြားမာ “နားလည်စာနာတတ်မှု” ဆိုရေ ဖယောင်းတိုင်ချေကတော့ကေ အမြဲတမ်းလင်းနိန်ဖို့လိုရေလို့ထင်ပါရေ။ ယင်းဖယောင်တိုင်းချေရာသီကျလားဖို့ဆိုကေ ပတ်ဝန်းကျင်လောကဆို ရေ အခန်းချေလဲ မှောင်မိုက်ဆိတ်သုဉ်းလားလီရပါဖို့။ ပျော်စရာဆိုစော်လဲ ရှာလို့တွိလီဖို့မဟုတ်ပါဗျာလ်။

ယကေလေ့ ဒေနိ အကျွန်ရို့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတိမာ ယင်းပိုင်မဟိကတ်ပါ။ လက်ချေ ကာမပီးကတ်ပါ။ လီပြင်းဒဏ်တိကြောင့် ကစဉ့်ကလျားနန့် ဟိုရောက်ဒေရောက် ဖြစ်ပျက်ခြင်းမျိုးဇာနှစ်မျိုးနန့်မသိ ဖြစ်ပျက်နိန်
ကတ်စော်မာတောင် အချင်းချင်း ဂျောက်တွန်းနိန်ကတ်သိရေ အဖြစ်မျိုးတိနန့်…. …. အဘာ၊ အမင် မသျှိ.. နားလည်မှု.. စာနာတတ်မှုဆိုရေ ဖယောင်းတိုင်ချေ မသျှိ….။

ယင်းအတွက်…

- တယောက်နန့် တယောက်ကြားမာ ညီအကိုမောင်နှမစိတ်ချေတိနန့် “နားလည်စာနာတတ်မှု” ဆိုရေ ဖယောင်းတိုင်ချေရာသျှိခဖို့ အမြဲတမ်းလင်းနိန်ဖို့ဆိုခကေ ဇာလောက်ပျော်စရာကောင်းပါဖို့လဲနန်း…။

ချစ်တေ ညီအကိုမောင်နှမအပေါင်းရို့ ကိုယ့်စိတ်နှဖြာကျန်းမာချမ်းသာကတ်ပြီးကေ “နားလည်စာနာတတ်မှု” ဆိုရေ ဖယောင်းတိုင်ချေကို ကာကွယ်ပီးရေ လက်ချေတစုံဖြစ်နိုင်ကတ်ပါစီလို့ ဆန္ဒပြုယင်း…


ဆောင်းပါးသျှင် လင်းလင်း ရီးသားထားစော်ကို ရခိုင်လီသံနန့် သင့်တင့်လျောက်ပတ်အောင် အပိုအလိုဖြည့်ထည့်ယင်း ပြန်ရီးပါရေ။

ဖိုးခေါင်
၎.၅.၂၀၁၁
India Time: 8:10 PM

2 comments:

  1. ကြိုးစားမှုတိအဆက်မပြတ်တွီ့ရလို့ဝမ်းသာပါရေ။ ဖယောင်းတိုင်ချေသာဓကနန့် ၀တ္ထု ချေတပိုဒ်ကိုလေ့ မိတ်ချေထောက်လို့ နားထောင်ခပါယင့်။
    ရခိုင်စာပီ တိုးတက်ပါစီ။

    အဆွေတော်
    ရခိုင်သမီးပျို

    ReplyDelete
  2. ခံစားလို့ကောင်းပါယင့်
    အသိတရားချေတိ ဗဟုသုတချေတိလည်းမှတ်ထားစရာပါ

    ReplyDelete