Tuesday 31 May 2011

တကြိမ်မာတခု

ညီအကိုမောင်နှမရို့ သိမှတ်ကတ်ပြီးသား၊ ဖတ်မှတ်ကတ်ပြီးသား အကြောင်းအရာချေတခုနန့် ဂနိကျွန်တော်ရို့လူဘောင်နန့်ဆက်စပ်ပနာတွီးတောမိရေ  အတွီးချေတခုကို မျှဝီလိုက်ပါယင့်…

          ကျွန်တော်ရို့ မိတ်ဆွေတယောက်က လူသူသျှင်းရေ မက္ကဆီကို ကမ်းခြီတနီရာမာ သူ တွိကြုံခရရေ အဖြစ်အပျက်ချေတခုကို ပြောပြပါရေ။
          နီဝင်ဆည်းဆာအချိန် ကမ်းခြီမာသူတယောက်တည်းလျှောက်လားယင်းက ဟိုးအဝီးမာ လူတယောက်ကို လှမ်းမြင်လိုက်ရရေ။ တဖြည်းဖြည်းအပါးကိုရောက်လာခါ ဒေသခံတယောက် ဆိုစော်ကို သတိပြုမိလိုက်တေ။ ယင်းလူက ကမ်းခြီသောင်စပ်မာ ကကုန်းကကုန်းနန့် လားနိန်စော်ကနိန် တစုံတခုကို ငုံ့ကောက်ပနာ ပင်လယ်ရီထဲကို လွင့်ပစ်လိုက်တေ။ နောက်လဲ တဖေ့ချေရှိကိုလားလိုက် တခုခုတွိကေ ကောက်ယူလိုက်
လွှင့်ပစ်လိုက်နန့် လုပ်နိန်ရေ။
.
ကျွန်တော်ရို့မိတ်ဆွေရေ သူ့အနားကိုရောက်လားပြီးကေ သသေချချာကြည့်လိုက်တေ အခါ လှိုင်းနန့်ပါလာပြီးကေ သောင်ပြင်မာ တင်ကျန်နိန်ခရေ ကြယ်ငါးချေတိကို ရီထဲပြန်ပစ်ချ နိန်စော် ဆိုစော်ကိုသိလိုက်ရရေ။
          ဒေလူ ဇာရည်ရွယ်ချက်နန့်လုပ်နိန်လေဆိုစော်ကို ကျွန်တော်ရို့ မိတ်ဆွေ စိုဉ်းစားလို့ မရဖြစ်လားရေ။ ယင်းပိုင်နန့် သူ့ကိုနှုတ်ဆက်ပြီးကေ တတည့်ပင်မိန်းကြည့်လိုက်တေ။ “ မသိ လို့ တခုလောက်မိန်းချင်ပါယင့်၊ အကို ဇာလုပ်နိန်စော်ပါလေ”..
          “ကြယ်ငါးတိကို သမုဒ္ဒရာထဲ ပြန်ပို့ပီးနိန်စော်ပါလေ၊  အကိုမြင်ရေအတိုင်းပါဗျာလ်ယေ၊ အဂု ဖြားကျချိန် သောင်ပြင်ထက်မာ တင်ကျန်နိန်ခရေ ကြယ်ငါးတိစော် ဖြားတက်ချိန်
ရောက်အောင် ဒေမာ ကကောင်းကြာအောင်စောင့်နိန်ရပါဖို့သိ၊ ယကေလေ့ ယင်းလောက်ကြာ
ဖို့ဆိုကေ အောက်ဆီဂျင်ပြတ်ပနာ သီဖို့စော်ပါဗျာလ်”
          “ဟုတ်ပါရေ၊ ယင်းချင့်ကိုတော့ခါ ကျွန်တော်လဲ သဘောပေါက်ပါယင့်” ဆိုပနာ ကျွန်တော်ရို့ မိတ်ဆွေက ဆိုပါရေ။ အပြီးကေ သူကဆက်လို့ “ယကေလေ့  ဒေကမ်းခြီတ လျှောက်မာ ကြယ်ငါးတိ ထောင်နန့်သောင်းနန့်ချီလို့ သျှိနိန်ဖို့စော်ပါဗျာလ်၊  ယင်းအကောင်တိ အားလုံးကို အကို့အနိန်နန့် ဇာပိုင်လိုက်ကောက်ပါဖို့လဲ၊ တယောက်တည်းနန့် မဖြစ်နိုင်ပါယေ။ ပြီးကေ အကိုလဲစိုဉ်းစားကြည့်ပါ၊ ဒေကမ်းရိုးတန်းတလျှောက်လုံးဆိုကေ အဂုပိုင် သောင်ပြင် ပေါင်းရာနန့်ချီပနာ သျှိနိန်ပါဖို့၊ ယင်းပိုင်သောင်ပြင်တိုင်းမာ သျှိနိန်ရေ ကြယ်ငါးတိကို ဇာပိုင် လုပ်ပါဖို့လဲ၊ သူ့သဘာဝနန့် သူဖြစ်နိန်စော်ကို အကို့တယောက်ကြောင့် ဇာတိထထူးခြခြား ပြောင်းလဲလားနိုင်ပါဖို့လဲ”
          ယေခါ ဒေသခံပုဂ္ဂိုလ်က ပြုံးလိုက်တေ။ နောက်ထပ်ကြယ်ငါးတကောင်ကို ကောက် လိုက်ပနာ “တခြားအကောင်တိအတွက် မထူးခြားကေလေ့ ဒေကြယ်ငါးတယောက်အတွက် ကတော့ခါ ထူးခြားပါရေယေ” ဆိုပနာ ပင်လယ်ရီထဲကို လှမ်းပစ်ထည့်လိုက်လီပါရေ။

လူ့ဘဝမာ အသေးအမွှားချေတိရာဆိုရေကိစ္စတိစော်လေ့ အသေအချာစိုဉ်းစားကြည့်ကေ လေးနက်တေအဖြစ်တိကို တွိရတတ်ပါရေ။ ဂနိအချိန်ဝါးအစည်းပြီရေပိုင်ပြီနိန်ရေ ကျွန်တော်ရို့ လူ့ဘောင်လောကမာ အသေးအမွှားချေတိရာ၊ သမန်ကာလျှံကာ ကိစ္စတိရာဆိုပနာ ဂရုမစိုက်ခ
ကတ်လို့ အာရုံမထည့်နိုင်ခကတ်လို့ အလှမ်းကျယ်ပနာ အလယ်လတ်ခရရေ လက်တွိသဘော တရားတိအများကြီးပါ။ ကိုယ်တိုင်လဲ ကြုံတွိကောင်းကြုံတွိခံစားဖူးခကတ်ပါလိမ့်မေ။ အထက် က အဖြစ်အပျက်ချေမာပိုင် ကြယ်ငါးတိအားလုံအတွက် သူမလုပ်နိုင်သိတိုင်အောင် ကြယ်ငါး တကောင်အတွက် သူလုပ်ဆောင်ချက်ရေ ကကောင်းကြီးတန်ဖိုးသျှိလီပါရေ။
         
 “ယကေလေ့  ဒေကမ်းခြီတ လျှောက်မာ ကြယ်ငါးတိ ထောင်နန့်သောင်းနန့်ချီလို့ သျှိနိန်ဖို့စော်ပါဗျာလ်၊  ယင်းအကောင်တိ အားလုံးကို အကို့အနိန်နန့် ဇာပိုင်လိုက်ကောက်ပါဖို့လဲ၊ တယောက်တည်းနန့် မဖြစ်နိုင်ပါယေ။ ပြီးကေ အကိုလဲစိုဉ်းစားကြည့်ပါ၊ ဒေကမ်းရိုးတန်းတလျှောက်လုံးဆိုကေ အဂုပိုင် သောင်ပြင်ပေါင်းရာနန့်ချီပနာ သျှိနိန်ပါဖို့၊ ယင်းပိုင်သောင်ပြင်တိုင်းမာ သျှိနိန်ရေ ကြယ်ငါးတိကို ဇာပိုင် လုပ်ပါဖို့လဲ၊ သူ့သဘာဝနန့် သူဖြစ်နိန်စော်ကို အကို့တယောက်ကြောင့် ဇာတိထထူးခြခြား ပြောင်းလဲလားနိုင်ပါဖို့လဲ”

ကျွန်တော်ရို့ ရခိုင်ပြည်သူလူထုတိကို သောင်ပြင်ပေါင်းရာနန့်ချီပနာသျှိနိန်ရေ သောင်ပြင်တိထက်က ကြယ်ငါးချေတိအဖြစ်မြင်ယောင်ကြည့်ပါ။ ဖြားတက်လာဖို့အချိန်ကိုစောင့်ယင်း အောက်ဆီဂျင်ပြတ်လို့ မျိုးတုန်းလားဖို့အနိန်အထားပါ။ အထက်က အဖြစ်အပျက်ချေမာက ကြယ်ငါးချေတိကို ပင်လယ်ပြင်ထဲပစ်ချရကောင်းမှန်း အသူတယောက်ကလေ့ မသိခကေလေ့ ကျွန်တော်ရို့လူဘောင်အသိုင်းအဝိုင်းက ယင်းပိုင် မဟုတ်ပါ။ ကိုယ့်လူမျိုးအတွက် ကိုယ်လုပ်ရကောင်းမှန်း အားလုံးသူရင်ထဲမာ သိနိန်ကတ်ပြီး သား၊ သျှိနိန်ကတ်ပြီး သားပါရာ။

ယကေလေ့ ကြယ်ငါးချေတကောင်ကို ပင်လယ်ထဲ ပြန်ပစ်ချပီးလိုက်တေအခါ
ရီထဲကိုပြန်ရောက်လားရေ ကြယ်ငါးချေအတွက် အသက်ဆက်ရှင်သန်ခွင့် ဆိုရေ အကျိုးကျေးဇူးကိုခံစားခွင့်ရခပါရေ။ ယကေလေ့ ကိုယ့်လူမျိုးအတွက် လုပ်ရဖို့ဆိုရေ အသိတိ သျှိကတ်တေ ကျွန်တော်ရို့လူမျိုးတိမာက ကြယ်ငါးချေတကောင်ခံစားရ ရေအကျိုးကျေးဇူးတရားတိပိုင် ခံစားခွင့်ရနိန်ကတ်ပါလာ။ စိုဉ်းစားမိလာပါရေ။ လုပ်ရဖို့ဆိုရေအသိတရားတိနန့် သောင်ပြင်တိုင်းမာသျှိနိန်ရေ ကြယ်ငါးတိအားလုံးအတွက် သိမ်းကြုံစိုဉ်းစားယင်း နောက်ဆုံး တကောင်တလီတောင်ပင်လယ်ထဲကို ပြန်မရောက်နိုင်ခပဲ အောက်ဆီဂျင်ပြတ်လို့ မျိုးပြုန်းလား ဖို့အနိန်အထားတောင်ဖြစ်လာဖို့ ရောင်ခြည်တိတောင်
မဆိုကောင်းဆိုကောင်းသန်းနိန်ပါယာ။

အလှမ်းကျယ်လို့ အလယ် မလတ်ကတ်စီချင်ပါ။ လက်တွိသဘောတရားတရားနန့်ဆက်စပ်လို့ ကျွန်တော်ရို့ ကိုယ်နိုင်ရေ နိန်ရာက တာဝန်သသိနန့် အလုပ်လုပ်လားကတ်ပါမေ။ တယောက်ကိုတယောက် အပြစ်တင် ဝေဖန်နိန်စရာအကြောင်း၊ သပုပ်လီလွင့်ပြောနိန်စရာ အကြောင်းလဲမသျှိပါဗျာလ်။ ကိုယ်စီကိုယ် စီလုပ်ဆောင်မှုတိနန့် အားလုံးကိုတပြိုင်တည်းပင်လယ်ထဲကို ပစ်ချကတ်မေဆိုရေ စိတ်ကူး၊ မနိုင်မနင်းစိတ်ကူးထက် “တခြားအကောင်တိအတွက် မထူးခြားကေလေ့ ဒေကြယ်ငါးတ
ကောင်အတွက် ကတော့ခါ ထူးခြားရဖို့” ဆိုရေ ကိုယ်စီကိုယ်စီအသိတရားတိကရာ ပိုလို့ အလုပ်ဖြစ်ဖို့မြင်ပါယင့်။ ယင်းပိုင်ဆိုကေတော့ခါ ကျွန်တော်ရို့လိုချင်ရေဖြစ်ချင်ရေပိုင် တပြိုင်နက်ထဲ အားလုံးကို ပင်လယ်ထဲရောက်အောင်ပစ်ချနိုင်ပါလိမ့်မေ။ မဟုတ်ကေတော့ခါ ပစ်ချဖို့အတွက် လုံးပမ်းယင်းနန့် တဖြည်းဖြည်းလုံးပါးပါးရပါဖို့။

ယင်းအတွက် ညီအကိုမောင်နှမရို့ကို မျှဝီရေ ကျွန်တော်အတွီး၊ သဘောတရားကတော့ခါ အားလုံးအတွက် သိမ်းကြုံစိုင်းစားစော်ထက် ကိုယ်နိုင်ရေ၊ ကိုယ်နိုင်ဖို့ တနီရာရာကနိန်လို့ တခုချင်းတခုချင်းကို ကိုယ်စီ၊ ကိုယ်စီလုပ်ဆောင်လားကတ်ဖို့ ဆိုကေ ကျွန်တော်ရို့အားလုံးရည်မှန်းရေ ပန်းတိုင်ကိုတနိရောက်လာဖို့စော်ကမလွဲဆိုစော်ပါ။

ချစ်တေညီအကိုမောင်နှမအပေါင်းရို့အားလုံး ကိုယ်စိတ်နှဖြာရွှင်လန်းနိုင်ကတ်ပါဇီ။
( အတွီးအခေါ်ချေတခုဖြစ်တည်လာအောင် ထုတ်နုတ်မှတ်သားရေ နီရာချေက
ဆရာဖေမြင့်၏ “နှလုံးသားအဟာရ” )

ဖိုးခေါင်
၃၁၊၅။၂၀၁၁
India Time :2:27 PM

No comments:

Post a Comment