Tuesday 23 August 2011

ဟီးရိုး နန့် သတ္တိ



·          ယောက်ျားကောင်း၊ ယောက်ျားမြတ်ရို့ အနှစ်သာရစော် အသိစိတ်၊ အသိတရား ဖြစ်တေ။

·          တရွာတည်းသားချင်း၊ တရပ်တည်းသားချင်း၊ တကျောင်းတည်းသားချင်းထဲမှာ တယောက်က နွားကျောင်းသားဖြစ်ပနာ တယောက်က ဝန်ကြီးချုပ်ဖြစ်ရခြင်းရေ သတ္တိဖြစ်တေ။

·          သတ္တိစော်၊ လုပ်ရည်ကိုင်ရည်နန့် လုပ်ရဲ ကိုင်ရဲမှု နှစ်ခုလုံးမှာ အကျုံးဝင်ရေ။

·          ပြောဝံ့၊ ဆိုဝံ့၊ လုပ်ဝံ့၊ ကိုင်ဝံ့၊ တွီးဝံ့၊ တောဝံ့ ဟိဖို့လိုရေ။

·          ယင်းအတွက် သတ္တိကို မွီးမြူလိုက်ပါ။  မကြာခင် ရှိတန်းကို ရောက်လာပါလိမ့်မေ။

·          လူ့ဘဝမှာ အမိုက်မှောင်ဆုံး ကာလတိနန့် ကြုံရတတ်တေ။ တိမ်တိုက်တိနန့် ဖုံးနိန်တတ်ပြန်ရေ။ ယကေလေ့ တည်ငြိမ်ရေ စိတ်နှလုံးနန့် ကျလုလုစိတ်ကို ဆွဲနိုင်သမျှဆွဲတင်ထားပါ။ ဇာလောက်ပင် ဖုံးနိန်ရေ တိမ်တိုက်ပင်ဖြစ်လီပတ်စီ ငွီရောင်အနားကွပ်က ရှိတတ်စမြဲဆိုစော်ကို သတိရလိုက်ပါ။

·          ကျဆုံးခြင်းစော်ရေ အောင်မြင်ခြင်းအတွက် ပထမဆုံးခြီလှမ်းဖြစ်တေ။
·          သရော်လှောင်ပြောင်မှုခံရတိုင်း သည်းခံစိတ်အပေါ်မှာ သတ္တိအပင်ကို စိုက်ပါ။ မကြာခင်မှာ သီးပွင့်လာဖို့စော်က ဧကန်မုချချင့်။

·          စိတ်ပျက်အားငယ်မှုတိနန့် ကြုံတိုင်း သတ္တိကို မွီးမြူရရေ။ ဖြစ်လာရေ စိတ်အားငယ်မှုကို ဒေအတိုင်းဆက်ထားကေ နဂိုကဟိနိန်ရေ ကိုယ့်စိတ်ဓါတ်တိပါ မြောင်းထဲကိုရောက်လားနိုင်ရေ။ ယင်းပိုင် စိတ်အားငယ်မှုကို သတ္တိနန့်ရာ ခြီဖျက်နိုင်ဖို့။

·          ကိုယ်ရည်မှန်းထားရေ ပန်းတိုင်ကို အရောက်ချီတက်နိုင်ဖို့အရေး ဖျက်ဆီးနိုင်စော်အရာက ကိုယ့်ကိုကိုယ် မယုံမကြည်ဖြစ်ခြင်းဖြစ်တေ။

·          တခါတလီ အကျွန်ရို့စိတ်ထဲမှာ ဟိနိန်ရေ သံသယတိစော်ရေ သစ္စာဖောက်တိဖြစ်တေ။ သွီးထိုးတတ်တေ။ ဆွဲဆောင်တတ်တေ။ ပျက်စီးခြင်းကို ရောက်စီရေ။

·          တခု သတိထားရဖို့စော်က ဆုံးသျှုံးဖို့ကိုကြောက်လို့ တခုလေ့မလုပ်ပဲနန့် သျှောင်နိန်ကေ။ အောင်မြင်မှုတိကိုလဲ သျှောင်ပြီးသားဖြစ်နိန်ပါလိမ့်မေ။

·          သတ္တိဟိရေ လူစွမ်းကောင်းတိရေ အောင်မြင်ဖို့အကြောင်းကို စိုဉ်းစားလုပ်ဆောင်ယင်း ဆုံးသျှုံးမှုအတွက်လဲ တကွက်ကြိုတင် ပြင်ဆင်ရေ။ ယကေလေ့ လူသာမန်တိကတော့ကေ သက်သာ ဖို့အကြောင်းကို စိုဉ်းစားလုပ်ဆောင်ယင်း ဆုံးသျှူံးမှုဖြစ်လာဖို့အတွက် ဒူးတုန်နိန်တတ်တေ။

ဒေနီရာ ချေက ကိုးကားပါရေ။

ဖိုးခေါင်
၂၃.၈.၂၀၁၁
India Time:4:55 PM











No comments:

Post a Comment