Monday 10 October 2011

မိန့်မရရေ လိမ္မော်သီးတလုံး


မိဘမဲ့ကျောင်းက ကြီးပြင်းလာလတ်တေ လူငယ်တယောက်က သူတွိကြုံဖူးခရေ အတွိအကြုံချေတခုကို အဂုပိုင် ပြောပြပါရေ။

အကျွန်အချေကပင် အကျွန့်မိဘတိ သီလားခလို့ ၉ နှစ်သားမှာ လန်ဒန်မြို့က မိဘမဲ့ ကျောင်းတကျောင်းမှာ လားနိန်ခရပါရေ။ မိဘမဲ့ကျောင်းလို့ ဆိုစော်ပါရာ ထောင်နဲ့ ကောင်းကွာစော် မဟုတ်ပါယေ။ နိခင်းအချိန်တိမှ အကျွန်ရို့ ၁၄ နာရီလောက် အလုပ် လုပ်ကတ်ရပါရေ။ ပန်းခြံမှာ စိုက်ရ၊ ပျိုးရရေ။ မီးဖိုချောင်မှာ ကူပီးရရေ။ တခါတလီ လယ်လဲ ထွန်ရပါရေ။ ယကလေ့ တ နိပြီးကေ တနိရာ ကုန်လားခပါရေ။ အကျွန်ရို့ဘဝတိစော် ပြောင်းလဲမလာခပါ။

တနှစ်ပတ်လုံးမှာ အကျွန်ရို့အတွက် နားရက် တရက်ရာဟိပါရေ။ ယင်းနိစော် ခရစ်မတ်နိပါ။ ယင်းနိမှာ ဘုရားသခင်ကို ပူဇော် ရေအနိန်နဲ့ လူတိုင်း လိမ္မော်သီးတလုံးစီ ရကတ်ပါရေ။ ခရစ်စမတ်မှာ အကျွန်ရို့အတွက် အစားအသောက်ကောင်းတိ မသျှိ.. ကဇတ်စရာ အရုပ်တိမသျှိ.. ကျနော်ရို့အတွက် ဝီစုစော် လိမ္မော်သီး တလုံးပါရာ။ တနှစ်ပတ်လုံး အမှား မကျူးလွန်ရေလူ၊ ပြော သမျှ စကားကို နားထောင်ပြီးကေ လိမ္မာရေလူမှရာ လိမ္မော်သီး ရစော်ပါ။ ယင်းအတွက်ကြောင့် ခရစ်စမတ် လိမ္မော်သီးစော်  အကျွန်ရို့အားလုံးအတွက် တနှစ်ပတ်လုံး မျှော်လင့်ချက် ဖြစ်ခပါရေ။

ယင်းပိုင်နဲ့ ခရစ်စမတ် ပွဲတော်ရက် တရက်ရောက်လို့ လာပြန်ပါရေ။ ယင်းရက်က အကျွန့်အတွက် ကမ္ဘာပျက်တေနိပါ။ အချေ တိအားလုံး လိမ္မော်သီးရဖို့အတွက် ကျောင်းအုပ်ကြီးရှိမှာ တန်းစီနိန်ကတ်တေ အချိန်မှာ အကျွန်က အခန်းဒေါင့်တနီရာမှာ အ ပြစ်ဒဏ်ခံနိန်ရပါရေ။ ဇာဖြစ်လို့လဲဆိုကေ ကုန်ခရေ နွီရာသီအချိန်မှာ ကျောင်းကနိန် ထွက်ပြီးဖို့ ကြိုးစားခမိလို့ပါ။

လိမ္မော်သီးရရေ အချေတိစော် ခြံထဲမှာ ကဇတ်ခွင့်ရကတ်ကေလေ့ အကျွန်က အိပ်ခန်းထဲက အပြင်ကို မထွက်ရဘဲ တရက် ပြတ်လုံး လဲလို့နိန်ခရပါရေ။ အကျွန် ကောင်းဝမ်းနည်းမိရေ။ ကကောင်းလဲ ရှက်မိရေ။ အခန်းဒေါင့်ချေမှာ တယောက်တည်း ကုတ်ပနာ သငယ်ချင်းတိ ကဇတ်နိန်ရေ အသံကိုနားထောင်ယင်း တယောက်ထဲ ကောင်းဝမ်းနည်းလာပနာ မျက်ရည်ကျမိပါ ရေ။ ဒေလောကမှာ အကျွန်အသက်ရှင်နိန်စော် တခုလေ့ အဓိပ္ပါယ်မသျှိဗျာလ် လို့ဆိုပနာလဲ စိုဉ်းစားမိလာပါရေ။

တအောင့်လောက်အကြာမှာ အကျွန့်အခန်းထဲကို ဝင်လာရေ ခြီသံတခုကို အကျွန်ကြားမိလိုက်တေ။ အကျွန် ခန္ဓာကိုယ်နဲ့ လုံး နိန်ရေ ပုဆိုးကို လက်တဖက်က ဆွဲလှန်လိုက်စော်ကို အကျွန်သိလိုက်တေ။ မျက်စိကို အသာချေဖွင့်လို့ ကြည့်လိုက်တေမှာ  ဝီလီလို့ ခေါ်ရေ အကောင်ချေတယောက်က ကုတင်ရှိမှာ ရပ်နိန်စော်ကို တွိလိုက်ရရေ။ သူ့ညဖက်လက်နှစ်ဖက်မှာ ဆုပ်လို့ကိုင် ထားရေ လိမ္မော်သီးကို အကျွန့်ကို ကမ်းပီးနိန်စော်ရာမနား။ သူ့ဘားမှာ ဇာပိုင်ပျင်လို့ လိမ္မော်သီး တလုံးအပိုပါလာလတ်ရလေ လို့ ဆိုစော် အကျွန်စိုဉ်းစားမရ ဖြစ်လားရေ။ ဝီလီကို ကြည့်လိုက် လိမ္မော်သီးကို ကြည့်လိုက်နဲ့ အကျွန် ဇဝေဇဝါ ဖြစ်နိန်မိရေ။

ဝီလီက လက်ကို ရှိတိုးပနာ ထပ်ကမ်းပီးလာပြန်ရေ။ အခွံနွှာထားရေ လိမ္မော်သီးကို အသေအချာကြည့်လိုက်မိခါမှ အရာရာကို အကျွန်သဘောပေါက်လားမိရေ။ အကျွန့်မျက်လုံးအိမ်တိမှာ မျက်ရည်တိပြည့်တက်ပါလတ်စော် ဇာပိုင်ပြောပါဖို့လဲ.. တခုပိုင် လေ့ မခံစားနိုင်ပါဗျာလ်လေ။

ဝီလီကမ်းပီးလာရေ လိမ္မော်သီးကို လက်နှစ်ဖက်နဲ့ အကျွန် တယုတယ ယူလိုက်တေ။ မဟုတ်ကေ လိမ္မော်သီးတိ အမွှာလိုက် အမွှာလိုက် ကွဲထွက်လားလီဖို့။ ဇာဖြစ်လို့လဲဆိုကေ ဝီစုရရေ အချေဆယ်ယောက်က ဒေခရစ်စမတ်မှာ အကျွန့်ကိုလည်း လိ မ္မော်သီး တလုံးရစီချင်၊ လိမ္မော်သီးတလုံး ပိုင်စီချင်ရေ ဆန္ဒတိနဲ့ သူရို့ဝီစုထဲက လိမ္မော်သီး တစိပ်စီကို ယူပြီးကေ လိမ္မော်သီး တလုံးဖြစ်အောင် ပေါင်းလိုက်စော်ပဲ ဖြစ်ပါရေ။ အကျွန့်ဘဝမှာ ယင်း လိမ္မော်သီးစော် အချိုဆုံး၊ အကောင်းဆုံး ခရစ်စမတ် လက်ဆောင် ဖြစ်ခပါရေ။ သူရို့ဘားက စစ်မှန်ရေ သူသငယ်ချင်းပီသမှုကို အကျွန်ခံစားမိလိုက်ရလို့ပါလေ။

သငယ်ချင်း မိတ်ဆွေဆိုစော် ဘဝမှာ အဖိုးတန် အပေါင်းအဖော်တိပါ။ မတော်တဆ ပြောလိုက်မိရေ စကားချေ တခွန်းနဲ့ အပြု အမူတိအတွက် စိတ်ထိခိုက်မှုဖြစ်နိန်ပါလား.. ယင်းပိုင်စိတ်ထိခိုက်မှုဖြစ်နိန်ကေ ကိုယ့်လက်ထဲက လိမ္မော်သီးချချိုချေတစိပ်ကို မျှဝီလိုက်ပါ.. နှလုံးသားက ရယ်မောသံတိ ကိုယ့်ကိုယ်ကို ပြန်ကြားရပါလိမ့်မေ။

အကျွန်ကြိုက်နှစ်သက်တေ ပို့စ်ချေတခုပါ။ ဒေပို့စ်ချေကိုလဲ အကျွန်ကြိုက်နှစ်သက်တေ ဘာသာပြန်စာရွီးဆရာမ နိုင်းနိုင်းစနေ ပြန်ထားစော်ပါ။ အကျွန်ကြိုက်နှစ်သက်မိလို့ ပြန်ပြီးက ကိုယ့်ရခိုင်လီသံနဲ့ပြန်ရွီးပနာ အမှတ်တရ အနိန်နဲ့ တင်လိုက်ပါယင့်။

ဖိုးခေါင်

၁၀.၁၀.၂၀၁၁

India Time-6:51 PM

 

No comments:

Post a Comment