Tuesday 26 April 2011

အဂင့်ဂင့် စိတ်ကူး

ညဉ့် တညဉ့် 
အာကာထက်မာ
ငွေရောင်ကြယ်ကစုံ
ငွေလရောင်ကဆန်း
လှချင်တိုင်းလှ လှလိုနီ၏။။။။။။။။။

ငွေလမင်းရောင် ငွေကြယ်စင်အောက်
တေးသခြင်းသံ သံပြိုင်ထပ်ကာ
အပြုံးချင်းပြိုင် ချစ်သခြင်းကို
ကကြည်နနူး ဆိုချင်ပါ၏ ဆိုချင်၏။။။။။။။။။

အမောင့်ရင်ခွင် တချက်ချေလောက်
ခေါင်းချေမှီကာ ရင်ခုန်သံ
တထိတ်ထိတ်ကို နားထောင်ချင်၏ ထောင်ချင်၏။။။။။။။။
အမောင့်လက်နှင့် လက်ချင်းထပ်
မြက်ခင်းစိမ်းထက် ကြယ်ကြွီကျချိန်
တခုသောဆု တောင်းချင်ပါ၏ တောင်းချင်၏။။။။။။။။

အမောင့်နှုတ်ခမ်းဖျား ချိုသောစကား
နှစ်လုံးတည်းသော ချစ်တယ်ဆိုရေ
စကားချေကို ကြားချင်ပါ၏ ကြားချင်၏။။။။။။။။။။။

ဖြစ်ချင်နီရေ စိတ်ကူတိုင်း
မြင်ဇီကြားဇီ သိပါဇီ
ဝီးရပ်ကနှမစကား ပါးလိုက်ပါယင့်ကား။။။။။။။။

စောသဇင်

No comments:

Post a Comment