အိုင်ယာလန်နိုင်ငံ( Republic Of Ireland) ကနိန် အေအမ်ပီက သွီးရင်းရို့ကို ချစ်ဖွယ်ဦး နှုတ်ခွန်းဆက်သက်ပါရေ။ အကျွန် ဒေမှာ ခရစ်စမက် အားလပ်ရက်နန့် တနားချေ Irish သူငယ်ချင်းတိဘက်ကို အလည်ရောက်နိန်ပါရေ။ ဒေမှ အယင် တစ်နှစ်နိန်ဖှုးပါရေ။ အိုင်ယာလန် နိုင်ငံရေ နှစ်ပေါင်း ၈၀၀ လောက် အင်္ဂလိပ်လောက်အောက်မှာ ကျရောက်ခပြီးဂေ၊ လွပ်လတ်ရေး ရကတ်တေခါ၊ တောင်နှင့် မြောက်ဆိုပြီးဂေ ၂ ခြမ်းကွဲလားပါရေ။ မြောက်အိုင်ယာလန်က UK(united Kingdom) အုပ်ချူပ်မှုအောက်မှ ဟိပြီးကေ အဂု ချစ်ဖွယ်ဦး ရောက်နိန်ရေ တောင်အိုင်ယာလန်တော့ခါ (Republic Of Ireland) ဆိုပြီးကေ သီးခြားနိုင်ငံပါ။ လူဦးရေက ၄ သန်းဟိပြီးကေ ရခိုင်ပြည်နန့် မတိမ်းမယိမ်းပါ။ မြောက်အိုင်ယာလန်မှာ အင်္ဂလိပ်တိ ပိုများပါရေ။ မဲခွဲကတ်တေခါ မြောက်အိုင်ယာလန်သားတိက အင်္ဂလိပ်လောက်ကမှာ နိန်ဖို့ဆိုပြီးကေ ဆုံးဖြတ်လို့ သူရို့ ဆန္ဒအတိုင်း ယင်းမှာ ကပ်ကျန်လိုက်ကတ်စွာပါ။
တောင်အိုင်ယာလန်ကိုလာဖို့ဆိုကေ လန်ဒန် အိုင်ယာလန် သံရုံးကနိန် ပြည်ဝင်ခွင့် ဗီဇာ အယင်လုပ်ရပါရေ။ ယူကေ ဗီဇာ ဟိကေ မြောက်အိုင်ယာလန်၊စကော့တလန်နန့် အင်္ဂလန်နန့် ဝေလ နယ်တိကို လားချင်ပိုင်လားလို့ပါရေ။ တခြားနိုင်ငံသားတိ ...ဥပမာ..ကိုးရီးယား၊ဂျပန် နန့် တခြား တိုးတက်တေ နိုင်ငံတိရေ ဥရောပနိုင်ငံတိနန့် UK ကို ဗီဇာ မလိုဘဲ ၃ လလည်ပတ်ခွင့်ဟိပါရေ။ ချစ်ဖွယ်ဦးရို့ ပိုင် မြန်မာ ပတ်စပို့ နန့် ဆိုကေတော့ခါ ချဖောင်သာ တက်ကေလေ့ ဗီဇာ လိုပါရေ။
အိုင်ယာလန်နိုင်ငံရေ နှစ်ပေါင် ၈၀၀ ကြာလားပြီးနောက်ပိုင်မှာ တစ်နိုင်ငံလုံး အင်္ဂလိပ်စကားပြောပါရေ။ ယေဂေလေ့ အစိုးရကနိန် မဟာဗျူဟာချက်မှတ်ဘနာ မိမိရို့အမင်ဘာသာ စကားပြန်လည်ဟြင်သန်လာအောင် အသက်သွင်းနိန်ပါရေ။ ဥပမာ..ကျောင်းတိမှာ Irish ဘာသာစကား မသင်မနိန်ရ သင်ရပါရေ။ လမ်းတိ၊ယုံးတိနန့် အိုင်ယာလန်နိုင်ငံနိန်ရာတိုင်းမှာ ဆိုင်းဘုတ်တိကို Irish ဘာသာစကားနန့် အင်္ဂလိပ်ဘာသာ ၂ ဘာသာပေါင်း ရွီးထားပါရေ။ အိုင်ယာလန် ဘာသာရွှီးရေ သတင်းစာတိလေ့ နိန့်တိုင် ထွက်နိန်ပါယာ။ ရေဒီယိုလိုင်းတိ အများကြီး ရို့နန့် အိုင်ယာလန် အမင်ဘာသာ ကျန့်ပြန့်လာအောင် လုပ်နိန်ပါရေ။
လွတ်လပ်တေ လူမျိုးတစ်မျိုးရေ ဇာပိုင်လုပ်လုပ် ကျက်သရေ ဟိပါရေ။အိုင်ယာလန် နိုင်ငံရေ ဥရောပ အတိုးတက်ဆုံး နိုင်ငံထဲမှာ ပါပါရေ။ ပိုလန် နိုင်ငံက လူတိ အိုင်ယာလန်မှာ လာပြီးကေ အလုပ်လုပ်ကတ်စွာမကန်ပါ။ အာဖရိက က လူမျိုးတိလဲ အိုင်ယာလန်မှာ အလုပ်လုပ်လို့ဟိကတ်ပါရေ။ အိုင်ယာလန်လူမျိုးတိရေ ရခိုင်တိ နန့် တူစွာချေတိဟိပါရေ။ ကောင်းဖော်ရွှေပါရေ၊ စကားပြတ်ပြတ်သသားနန့် ကောင်း အကျယ်ကြီးပြောပါရေ။ ဟာသ ကောင်းပြောတတ်ပါရေ။ အင်္ဂလိပ်တိကို ခွီးပိုင် ၀တ်ပိုင် နတ်စွာ၊ယိစွာ ဟသတိ မကန်ပါ။ အကျွန်ရေ ငါးမျှားစွာ ၀ါသနာ ပါပါရေ။ အကျွန်ငါးမျှားနိန်ဂေ "ငါးရ ယင်းလား ဝေး" ဆိုဘနာ ၀ါးတပြန် နှစ်ပြန်လောက်က အော်ပနာဇီ မီးကတ်ပါရေ။ အကျွန်ရို့ ရခိုင်တိ အော်ဘနာ ဘုတ်တိက တစ်ယောက်နန့် တစ်ယောက်လှမ်းပြောကတ်စွာနန့်တူပါရေ။ လမ်းတိမှာ တစ်ယောက်နန့် တွိကတ်ကေလေ့ ယပိုင်ပါ။ ပြုံးဘနာ၊ရယ်ပနာ၊ စကားတိ အလုံးလုံးနန့် အော်ပြော နှုတ်ဆက်ကတ်ပါရေ။ ဟန်ဆောင်မှုမဟိပါ၊ဂျီးမများပါ။ စကော်တလန်မှာ အကျွန်ငါးမျှားဂေ တစ်ယောက်လေ့ ဂရုမစိုက်ပါ။
အိုင်ယာလန် နိုင်ငံရေ အင်္ဂလိပ် ထိန်းချူပ်မှုအောက်မှာ ခါးသီးမှုနန့် မနည်း ကျင်ကိုင်ခရပါရေ။ လွတ်လပ်တေ အိုင်ယာလန် နိုင်ငံက အကျွန့်ကို ကိုင်လှုပ်နိုင်ရေ စကားတစ်ခွန်းက " Go home, English soldiers" ဆိုရေ ရာဇသံဖြစ်ပါရေ။ မင်းရို့ "အင်္ဂလိပ်စစ်သားတိ အိမ်ပြန်ကတ်" ဆိုရေ စကားရေ အိုင်ယာလန်သားတိ လွပ်လွတ်မှုကို ဇာလောက်ထိ ငတ်မွတ်နိန်ကတ်လေ ဆိုစွာ အကျွန်ခံစားနားလည်နိုင်ပါရေ။ လှုသားရို့အတွက် ခွင့်မလွတ်နိုင်ရေ အပြုအမှုရေ လှုမျိုးတစ်မျိုး(၀ါ) တိုင်းပြည်တစ်ပြည်က တစ်ခြားလူမျိုး၊တိုင်ပြည်တစ်ပြည်ကို ထိန်းချုပ်၊ သွီးစုပ် ခြင်းတိဖြစ်တေလို့ အကျွန်နားလည်ပါရေ။ ငြိမ်းချမ်းခြင်းအရသာကို ခံစားချင်ဂေ ထိန်းချုပ်ခြင်းနန့် အလုပ်မဖြစ်ပါ၊ ထိန်းချုပ်ခြင်းမှ ဆက်သွယ်ခြင်း ဆိုရေ မဟာဗျုဟာကို ကျင့်သုံးသင့်ပါရေ။
အိုင်ယာလန်မှာ နာမည်အကြီးဆုံးအားကစားတစ်ခုက Irish rugby ဆိုရေ အားကစားဖြစ်ပါရေ။ ပျော်ဖို့ကောင်းကောင်းပါရေ။ အင်္ဂလိပ်အသင်းနန့် အိုင်ယာလန်နိုင်ငံက အသင်းပြိုင်ဖြစ်ဂေ တစ်နိုင်ငံလုံး အင်္ဂလိပ်အသင်းကို အမျိုးမျိုးရယ်စရာတိ နန့် TV ရို့ ရေဒီယိုနန့် သတင်းစာတိကနိန် ဟာသ လုပ်ကတ်ပါရေ။ လူတိုင်းပါးစ မှာလေ့ ယင်းအကြောင်းပါယာ။
အကျွန် လီဆိပ်ကနိန် ဒါဘလိန် မြို့တော်ကို လာရာ လမ်းတစ်ချောက် မှာ ခေတ်မှီ တိုက်တာအဆောက်အအုံတိနန့် ကမ္ဘာအဆင့်မှီ ပို့ဆောင်ရေး ယဉ်တိနန့် ချုပ်ချခတ်နိန်ပါရေ။ ပေါက်တော နန့် စစ်တွေ အကွာအ၀ီးဟိရေ မြီအောက် တောင်ခေါင်းတစ်ခုကိုလေ့ ဖြတ်ရပါရေ။ Dublinမှာ ဟိရေ ကားဂိတ်ကနိန် တစ်နိုင်ငံလုံးကို အဆင့်မြင့် ဘတ်(စ်) ကားတိ စီးပနာ လားလို့ရပါရေ။ အကျွန်က Waterford city နန့် Killenny ဆိုရေ မြို့ ၂ မြို့ကြားက carrick-on-suir ဆိုရေ ကျွန်းမြို့ချေကို အလည်လာစွာဖြစ်လို့ ကား နန့် ၃ နာရီလောက်ကြာခပါရေ။
လွပ်လပ်မှုအရာသာကို အိုင်ယာလှုမျိုးတိ ငြိမ်းချမ်းစွာနန့် ခံစားနိန်ကတ်ပါယာ။ လွပ်လပ်မှုရို့ အသီးအပွင့်တိ ဖြစ်တေ မိမိကြံကမ္မာကို မိမိရို့ ဖန်တီးနိုင်မှုနန့် အိုင်ယာလန်နိုင်ငံ အောင်လံတော်ကို ကမ္ဘာမြေပုံ တစ်နိန်ယာမှာ သိက္ခာဟိဟိ နန့် လွင့်တင်နိုင်ခကတ်ယာဖြစ်တေ အိုင်ယာလန်သားတိအတွက် ဂုဏ်ယူပါရေ။လေးစားပါရေ။ လွပ်လပ်မှုကို မြတ်နိုးရေ အိုင်ယာလန်နိုင်ငံသားရို့ မာနကို ဇာတစ်ခုကမှ ထာဝရ မတားဆီးနိုင်ခကတ်ပါ။
ပျော်ရွှင်နိုင်ကတ်ပါဇီ။
ချစ်ဖွယ်ဦး (ရင်အုံတော်ဓာတ်)
ဒေနီရာ ချေက ကူးယူဖေါ်ပြပါရေ။
ဖိုးခေါင်
၂၅.၄.၂၀၁၁
India Time: 5:36 PM
No comments:
Post a Comment