ဖြစ်အောင်လာဖို့
တခါက မြို့ချေတမြို့မာ နိခင်းဖက် ငလျင်လှုပ်လို့ တမြို့လုံးနီးပါး ပြိုပျက်စီးလာခရေ။ ယင်းအထဲက မူလတန်းစာသင်ကျောင်းတကျောင်းက အဖြစ်အဆိုးဆုံး။ ကျောင်းထဲမာ ဆရာ၊ ဆရာမတိနန့် အချေတိ မကန်မကန် စာသင်လို့သျှိနိန် ကတ်တေအချိန်ဖြစ်လို့ ကျောင်းသူ၊ ကျောင်းသားချေတိနန့် ဆရာ၊ ဆရာမတိအားလုံးစော် ယင်းကျောင်းပြိုစော်ထဲကိုပါလားရေ။ ငလျင်ကလဲ ဇာလောက်ပြင်းထန်လီဖို့လဲ ဆိုကေ စာသင် ကျောင်းထဲက တယောက်လဲ ထွက်လို့မရောက်လိုက်ခင်မာ ကျောင်းတခုလုံးပိပြားလားခရေ။
ငလျင်လှုပ်ပြီးစော်နန့် ဟိုကဒေက မိဖတိနန့် သက်ဆိုင်သူတိ၊ ကယ်ဆယ်ရေးလုပ်သား တိ ကျောင်းရှိကိုရောက်လာကတ်တေခါ အားလုံးစိတ်ဓါတ်ဘဗုံးကျလားကတ်တေ။ ယင်း ကျောင်းနားကိုရောက်လာသူမှန်သမျှရေ မျက်စိတမှတ်လျပ်တပြက်အတွင်းမာ ကျောင်းခန်းထဲ က အချေတိစာဆိုသံ၊ ရယ်ကတ်တေအသံ၊ ပပျော်ရရွင်အသံတိကို နားကမထွက်သျှိကတ် တုန်းသိ။ တယောက်လေ့ တခုလေ့ မပြောနိုင်ကတ်ပဲ ယင်းအပျက်အစီးပုံကိုရာကြည့်ဗျာလ် အသံတိတ်ငိုနိန်ကတ်တေ။
ကယ်ဆယ်ရေးလုပ်သားတိကလဲ ဂေါင်းတခါခါနန့် အသက်ရှင်နိန်ရေ အချေတိသျှိလို သျှိငြား ကြိုးစားပန်းစားလိုက်ရှာနိန်ကတ်တေ။ ယင်းပိုင်နန့် တရက်နီဝင်လို့ မိုးလင်းလားရေ အချိန်ထိ အသက်ရှင်ကျန်နိန်ရေ အချေတိနန့် ဆရာ၊ ဆရာမ တယောက်တလီတောင်မတွိ။
မိဖတိကလဲ ကယ်ဆယ်ရေးလုပ်သားတိ တယောက်ယောက်ဆွဲထုတ်လာစော်မြင်တိုင်း ကိုယ့်သားသမီး၊ သူ့သားသမီး အလုအယက် ငိုယိုကြည့်သျှု့လို့။ ကယ်ဆယ်ရေးလုပ်သားတိ နန့် လိုက်ရှာသူက ရှာ။ ရုပ်ပျက်ဆင်းပျက်ဖြစ်နိန်ရေ သားသမီးအလောင်းကိုမြင်လိုက်ရလို့ နီရာချင်း သတိမိန့်ရေလူကမိန့်။ ယင်းပိုင်နန့် ၃ ရက်မြောက်နိမာ ကယ်ဆယ်ရေးလုပ် သားတိက အသက်ရှင်ကျန်ရစ်တေလူမသျှိဗျာလ်ဆိုရေ အကြောင်းကို ကြေငြာပြီးကေ လူတိ ကိုပြန်ခိုင်းလိုက်တေ။
လူတိကလဲ တယောက်ပြီးတယောက် ပြန်လားခကတ်ဗျာလ်။ ကယ်ဆယ်ရေးလုပ်သား တိနန့် သက်ဆိုင်ရာ ရဲဝန်ထမ်းတချို့ရာ ကျန်သျှိနိန်ရေအချိန်မာ လူတယောက်စော် ကျုပ်လ လူးပေလလူးနန့် အုတ်ခဲတိ ပျဉ်ပြားတိ၊ သံပြားတိကိုဖယ်ပနာ တခုခုကို အသည်းအသန် ရှာ နိန်စော်ကို တွိလိုက်ရရေ။ ယေခါ ကယ်ဆယ်ရေ ဝန်ထမ်းတိက သူ့ကို ဇာရှာနိန်စော်လေ.. လို့ ဆိုပနာ မိန်းကတ်တေအခါ သူက သူ့သားကိုရှာနိန်စော်ဖြစ်ကြောင်း.. သူ့သားစော်အသက်ရှင် လို့ သျှိနိန်စော်သေချာကြောင်း ပြောပနာ ဆက်ရှာနိန်လီရေ။ ကယ်ဆယ်ရေးဝန်ထမ်းတိက ဒေမာ အသက်ရှင်လို့ ကျန်နိန်ရေလူတယောက်လေ့ မသျှိဗျာလ်.. အဂုက သုံးရက်လေ့ မြောက်ဗျာလ်.. အသက်ရှင်လို့ကျန်နိုင်စရာအကြောင်းလေ့ မသျှိဗျာလ် ဆိုပနာပြောကတ်တေ။ တချို့သူနန့်သိကတ်တေ လူတိကလဲ သူ့ကိုအမျိုးမျိုးလာပနာ ဖျောင်းဖျကတ်ကေလေ့ မရ.. ဇာပိုင်အကြောင်းကြောင့်ပဲဖြစ်ဖြစ် သူဖြစ်အောင်လာဖို့၊ ရောက်အောင်လာဖို့ဆိုစော်ကို သူ့သား ကိုအမြဲတမ်းပြောပြီးသား၊ သူလာအောင်စောင့်နိန်ဖို့လဲ သူ့သားကို အမြဲတမ်းမှာပြီးသားလို့ ပြန် ပြောပနာ ဆက်ရှာနိန်လီပါရေ။
ယေပိုင်နန့် ယင်းနိနီမဝင်တဝင်အချိန်လောက်မာ သူ့သားစာသင်ခန်းလို့ ထင်ရလောက်
တေ နီရာက အင်တိုင်ချေလောက်ကြီးရေ အုတ်ပုံ တပုံထက်ကိုတက်ပနာ အုတ်ချပ်ကြီးတချပ် ကိုလှန်လိုက်စော်နန့် အသံတသံကို သူစလို့ ကြား လိုက်ရရေ.. “ ပါပါလား.. ပါပါ.. ပါပါလား..” ဆိုရေ အသံစော် သူ့မာသျှိသမျှခွန်အားတိနန့် ယင်းကျောက်ခဲပုံတိကို ဖယ်ပလိုက်ဖို့အတွက် အားခွန်တိဖြစ်လားစီခရေ။ ထော.. သူမြင်တွိ လိုက်ရပါဗျာလ်.. မဲမှောင်နိန်ရေ ထောင့်ကျဉ်းချေ တခုထဲကိုသူငုံကြည့်လိုက်ဗျာလ်.. “သားချေ..သားချေ” အသံပြုလိုက်စော်နန့် အောက်က အသံတသံကို သူကြားလိုက်ရရေ.. “ဝေး.. မင်းရို့ကို ငါပြောရေမနား.. ငါ့ပါပါ ဖြစ်အောင်လာဖို့ ငါရို့ကို ကယ်ဖို့လာကိုလာဖို့လို့..” ဆိုရေ အသံကိုကြားရပနာ အောက်ကပြန်အော်ပြောရေ.. “ပါပါလာဖို့စော်ကို မောင်မောင်သိရေ.. ယင်းအတွက် မောင်မောင်သငယ်ချင်းတိကိုလဲ ခေါ်ထားရေ.. သူရို့ကကောင်းကြောက်နိန်ကတ်ယာ.. သူရို့ကိုအယင် အပြင်ကိုထုတ်ပီးပါ..” ဆိုပနာ ပြန်ပြောသံကြားစော်နန့် သူဝမ်းသာလားခပြီးကေ ကယ်ဆယ်ရေး ဝန်ထမ်းတိအကူ အညီနန့် ယင်းအခန်းထောင့်ချေမာ ကြောက်စိတ်နန့် ဝမ်းဆာစော်ဒဏ်ရောပနာ သတိမိန့်နိန် ရေ အချေသုံးယောက်နန့် စုစုပေါင်း အချေ (၇) ယောက်အသက်ကို ကယ်တင်နိုင်ခရေ။
ယင်းတကျောင်းလုံးမာ အသက်ရှင်ကျန်လိုက်စောဆိုလို့် ယင်းအချေ (၇) ယောက်ရာ သျှိခလီရေ။
ယင်းအတွက်…
သားသားမီးနန့် မိဖတိကြားမာသျှိရေ နက်သျှိုင်းရေ မိတ္တာတရားအပြင်….
လူတယောက်နန့်တယောက်ကြားမာ နက်သျှိုင်းရေ တွယ်တာမှုတိနန့် တဦးကိုတဦး
ယုံကြည်မှုစော်ဇာလောက်ထိ အရေးကြီးလေဆိုစော်ကိုပါ သိသျှိခံစားမိရပါရေ။
ဖိုးခေါင်
၆၊၄၊၂၀၁၁
နယူးဒေလီ
အိန္ဒိယနိုင်ငံ။
No comments:
Post a Comment