Monday 25 April 2011

နွီဦးရွက်ကြွီ

          အိမ်ရှိ လမ်းမထက်မာ ရွက်ကြွီတသိုက်….။ နွီဦးလီပွီ အဝိအဝိုက်တိကြားမာ ကျရေပိုင်၊ကြုံရေပိုင်…  ထို..ဒေ လွင့်ပါးလို့..။ အထိန်းအကွပ်မဲ့ သစ်ရွက်ကြွီချေတိကို ရင်ထဲက  စီးကျလာကေလေ့ နှုတ်ကထွက်ကျ မလာရေ စကားလုံးချေတချို့်နန့် ဂရုဏာပွား မိန်းခွန်းထုတ်လိုက်ချင်မိရေ .. မင်းရို့.. ဇာနိန်ရာ.. ဇာသောင် ကမ်းမာ.. ခိုနားလို့သျှိလီကတ်ဖို့လဲ…..။

          ဟိုး.. အဝီးတနိန်ရာက လွင့်ပျံ့လာရေ .. တေးခြင်းသံချေတချို့ကလဲ.. အကြားအာရုံနန့် အမြင်အာရုံကို ညီမျှခြင်းချပီးနိန်ရေပိုင်…။

          ခေါင်းလောင်းသံဆိတ်.. ဝီးလွင့်ခြင်းထဲ..    ခြောက်ကပ်မွန်းကျပ်လို့.. စာသင်ခုံဆိုစော်လည်း အိမ်မက်ထဲမာ.. မကြားဝံ့မနာသာ.. မမြင်ဝံ့မကြည့်ဝံ့စရာ.. ကကောင်းရုပ်ဆိုး အကျည်း တန်လားဗျာလ်ကာ…..။

          ဖြစ်ချိန်တန်လို့ဖြစ်ခရပနာ.. ပျက်ချိန်တန်လို့ အဆုံးအစမဲ့ ပျက်စီးရစော်လား….။

“ အဘာဝါ.. အဘာ ဇာကို လားခလေ.. အမင်ဝါ.. အမင် ဇာကို လားခလေ..”

                                                          +++++

“ ဖရဲသီးပါရေ.. .. ဖရဲသီး……….ဖရဲသီးပါရေ.. ဖရဲသီး…………”

“ဝေး… ဖရဲသီး.. လာလတ်ယာ..ဒေကို..”

အိမ်ရှိက သဝါပင်အောက်မာထိုင်လို့  ထိုအကြောင်းဒေကြောင်း ပြောနိန်ကတ်ယင်းကနိန်..အနားက အကို က လှမ်းခေါ်လိုက်တေ..

“ဝေး.. ဖိုးခေါင် မင်းလဲစားဖို့လား..”

“အေး.. အကိုး.. ကျွန်တော် တဖဲ့စားပါမေ..”

“မချေ.. တဖေ့ကို ဇာလောက်လဲ ..”

“ တဖေ့ကို (၁၀၀) ပါ .. အခင်… ”

ယင်းအကိုဘားက ဖေ့သာ (၁၀၀၀) တန်တရွက် ထုပ်ပီးလိုက်တေ။
ဖရဲသီးဗန်းကို လက်တဖက်နန့် ကိုင်ယင်း ကျန်လက်တဖက်က အိပ်ထဲကဖေ့သာကို အထုတ်မာ ဖရဲသီးဗန်း လိမ့်ကျလားဖို့ပိုင်ပျင်လားရေ။ ကျွန်တော်လက်တဖက်နန့် အသာချေ ထိန်းပီးလိုက်တေ။

“လာ..လာ..မချေ ဒေမာထိုင် .. ဗန်းကို အခင်ကိုင်ပီးထားမေ..”

ယင်းခါမှ ဖရဲသီးဗန်းကို အသာချေချဗျာလ် အင်္ကျီအိပ်ထဲမာ ပလက်စတိတ်နန့်အထပ်ထပ် ထုတ်ထားရေ ဖေ့သာတိကိုထုတ်လို့ ဖေ့သာ သျှစ်ရာကို ရွီပီးရေ။
အပြီးကေ ကျွန်တော်ရို့နှစ်ယောက်မျက်နှာကို မဝံ့မရဲကြည့်ပနာ…

“ အခင်.. ရီတခွက်လောက်သောက်လို့ရပါဖို့လား…” အသံညညင်ချေနန့် ပြောလိုက်တေ။

ယင်း မ၊မချေကို ကျွန်တော် ယင်းခါမှ စစိနနှံ ကြည့်မိရေ။ သနပ်ခါးကို ကျားနိန်အောင် ပါးကွက် လိမ်းထားစော်မာ နဖူးပြင်ချေထက်ကနိန် အပြိုင်အဆိုင်စီးကျနိန်ရေ ချွေးသီးချွေး     ပေါက်တိက ယင်းသနပ်ခါးချေတိကို အလုအယှက်ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားနိန်ကတ်တေ။ နီပူကကျရေဒဏ် မျက်နှာ ကို တိုက်ရိုက်မကျ အောင်အတွက် သနပ်ခါးကို ကျားနိန်အောင်လိမ်းထားစော်လား..မဟုတ်ပဲနန့် မ၊မချေဖြစ်လို့ သနပ်ခါးကြိုက်တေအတွက် လိမ်းထာစော်လားမဆိုနိုင်။ မျက်လုံး  တတောက်ချေတိက အရွယ်နန့် မလိုက်အောင် ဘဝလောကဓံကို ကြကြံ့ခံနိုင်ဖို့အတွက် သျှိနိန်ရေ အားခွန်တိပိုင်။
အနားက အကိုက အိမ်ထဲကအချေတယောက်ကို ရီတခွက် ယူလာဖို့ လှမ်းအော် ပြော လိုက်တေ။

“ တနားချေနန်း.. မချေ..”

“ ဟုတ်ပါယင့်..”  ဘဝလောကဓံကို ရုန်းကန်နိန်ရကေလေ့ ယဉ်ကျေးသိမ်မွိရေ မူအယာချေတိကို တွိမြင်ရရေအတွက် စိတ်ကပြောချင်နိန်မိရေ၊ မိန်းချင်နိန်မိရေ စကားတိကို ပဇကနိန်ပြောလိုက်မိရေ။

“ မချေ .. ကျောင်းနိန်လား..”
“ ဟုတ်ပါရေ.. ကျောင်းနိန်ပါရေ..”
“ ဇာနှစ်တန်းလဲ..”
“ ဒေနှစ်ဆိုကေ ..( ၆ )တန်းတက်ပါဖို့…”
“ ဟုတ်လား.. ဇာမာနိန်လေ.. ”
“ မင်းဂံ အကွက် (၁၈) မာနိန်ပါရေ”
“ အော်.. ယကေ မချေမာ ဘာဘာရို့မေမေရို့ မသျှိကတ်လား..”
“ အခင်ချေ.. ရီပါယာ..” အိမ်ထဲက အချေတယောက်လာပီးရေ….
“ အေး..အေး.. ယာ .. မချေ.. သောက်”

ရီခွက်ကို လှမ်းယူပနာ အငမ်းမရ သောက်နိန်ရေ သူ့ကိုကြည့်ဗျာလ် ကိုယ့်တူချေတိနန့် နှိုင်းလို့် ကြည့်နိန်မိရေ..။

ရီသောက်လို့ ပြီးခါ ခွက်ကို လှမ်းပီးယင်း.. “ ကျေးဇူးတင်ပါရေ” .. အသံတတိုးချေနန့် မဝံ့မရဲပြောလိုက်တေ သူ့စကားလုံးချေတိက ကျွန်တော်ရို့နှစ်ယောက်ရင်ကို လှုပ်ခတ်လားဇီရေ။ အိမ်က တူတမတိတောင်  “ ကျေးဇူးတင်ပါရေ ” ဆိုရေစကားကိုပြောတတ်ဖို့အတွက် အာပေါက်အောင် သွန်သင်ပီးတောင်မရ.. ။ ကျွန်တော်ရို့အပါအဝင် အားလုံးသောလူတိနီးပါး သိ ထားကတ်တေ အသိက .. ဘဝပီးကံကြောင့် နိတဓူဝ ရုန်းကန်လှုပ်ရှားနိန်ကတ်ရရေ လူတိမာ ယဉ်ကျေးသိမ်မွိခြင်းဆိုစော်ကို ဂေါင်းထဲတောင်မထည့်နိုင်အား.. ဆိုပနာ သိထားကတ်တေ။ ပြောရဖို့ဆိုကေ စာမတတ်၊ ပီမတတ်၊ ကျွန်းက၊ ကမ်းက အချေတိဆိုကေ စကားပြောရိုင်းကတ်တေ.. အလိမ္မာဆိုစော် ဇာကို ခေါ်လေမသိ… ယိုဉ်ကျေးမှုဆိုစော် ဇာကိုပြောလေ မသိ.. ဆိုပနာ သိထားကတ်တေ.. ကျွန်တော်ရို့ မြို့ကြီးသားတိ အသိ။

 မိုးလင်းကပင် နီတဝင် နီပူရရဲတတောက်အောက်မာ ရပ်တကာ၊ ရွာတကာလှည့်ဗျာလ်  ဖရဲသီးစိပ်ဗန်းကို ဂေါင်းမာတင်လို့ တနိ့လုံးရောင်းမှ တရက်မာ (၄၊ ၅ ရာ) လောက်ရာမြတ်ဖို့   အမြတ်အတွက် ရုန်းကန်နိန်ရရေ မ၊မချေတယောက်ကို ကျွန်တော်ရို့သိထားရေ အသိအတိုင်း  ထင်မြင်မိစော်တိ တတက်စင်အောင် လွဲမှားလားရေ။

“ မချေ .. တနားချေနိန်အုံ့သိပလင်.. နီပူကလဲ ကောင်းပြင်းကား.. ထမင်းစားခဗျာလ်.. လား.. ”  ဖရဲသီးစိပ်ဗန်းကို ဂေါင်းမာပြန်တင်ပနာ လားဖို့ပျင်နိန်ရေ ယင်းမ၊မချေကို ကျွန်တော် တားယင်း.. မိန်းလိုက်တေ။

“ ဟုတ်ပါရေ.. စားခပါဗျာလ်”

အနားက အကိုကလဲ .. “ မချေမာ တနားချေ ထိုင်နိန်အုံ့သိ.. မညောင်းလား.. ထိုင်နိန် .. ထိုင်နိန်.. အားနာဖို့မလို..”

သူလဲ ညောင်းနိန်ရေ ထင်ယင့်.. သဝါပင်ကလဲ အရိပ်ကောင်းရေဆိုခါ အညောင်းဖြေပနာ တနား ထိုင်ချင်သိပုံလဲရရေ.. ဗန်းကိုပြန်ချပနာ .. အသာချေပြန်ထိုင်ရေ။

“ ယကေ .. မချေမာ ဘာဘာရို့.. မေမေရို့ မသျှိလား..”
“ မသျှိပါ.. ”
“အမ်.. ဟုတ်လာ.. သီလားခကတ်ဗျာလ်လား..”
“ မသိပါ.. အကျွန်အချေကပင်.. ဘာဘာ၊ မေမေဆိုစော် တခါလေ့ မမြင်ဖူးပါ..”
“ ယကေ .. အဂု အသူနန့် နိန်လဲ..”
“ အယင်ကတော့ခါ ယင်းနားက ဘုန်းကြီး ကျောင်းမာနိန်ပါရေ.. အခင်ရို့သိပါမနား.. မင်းဂံက အချေမွီးဇတ်စော် ကျောင်းပါလေ..”
“ အော်.. ယင်းကျောင်းမာ နိန်ခစော်လား.. ယကေ ယင်းကျောင်းက အချေတိအားလုံးကို အစိုးရက ခေါ်လားခဗျာလ်လို့ပြောရေကာ.. မချေက ဇာပိုင်ကျန်ခလေ..”

“ အကျွန်က ဆရာတော်သျှိနိန်ရေ အချိန်ကပင် အဂုအကျွန်နိန်ရေ အိမ်က အရီးရို့ အခင်ရို့ ကျောင်းကိုလာကေ အကျွန့်ကိုအမြဲတမ်းအိမ်ကို ခေါ်လားကတ်ပါရေ.. ယင်းပိုင်နန့် နောက်ပိုင်း ဆရာတော်ဘားက အကျွန့်ကို တောင်းပနာ သူရို့အိမ်မာခေါ်ထားစော်ပါ..”

“ ယကေ မချေက ဇာဖြစ်လို့ ဖရဲသီးရောင်းနိန်လဲ.. ”

“ အကျွန်ကျောင်းတက်ချင်လို့ပါ.. ဒေကျောင်းပိတ်ရက်မာ ဖရဲသီးရောင်းယင်း.. ဖေ့သာ စုနိန်စော်ပါ..”

ရင်ထဲမာ မွန်းကျပ်ပိတ်ဆို့လားရေ..။ ဆရာတော်ကိုလဲ စိတ်ထဲက သတိရလိုက်မိရေ..။ အယင့်အယင်က ယင်းကျောင်းကို ရောက်ဖြစ်တိုင်း တွိမြင်ရရေ မြင်ကွင်းချေတိကို မျက်စိထဲ   မာမြင်ယောင်လာမိရေ..။ ဗုဒ္ဓဓမ္မတရားအတိုင်း ဖြစ်ချိန်တန်လို့ ဖြစ်ခပနာ၊ ပျက်ချိန်တန်လို့ ပျက်စီးလားခရစော်လား… ဇာပဲပြောပြော ဆရာတော်ထားသျှိခရေ ရင်ခွင့်မဲ့ရို့အတွက် ရည်မှန်းချက်ကိုကား အသူတယောက်တွိမြင်ဖမ်းဆုပ်နိုင်ခလီပါဖို့လဲ..
အဂုက.. ကျွန်တော် မြင်တွိလိုက်ရပါဗျာလ်.. ဆရာတော် အရိပ်အာဝါသအောက်မာ ကြီးပြင်းလာရေ ဒေမ၊မချေကို ကြည့်ခြင်းအားဖြင့် ပြည့်စုံခြင်းဆိုစော် ဗလာနတ္တိကေလေ့ လူယိုဉ်ကျေးမှုကို နားလည်အောင်၊ လိမ္မာအောင် သွင်သင် လမ်းပြပီးခပနာ  ဘဝကို အနိုင်မခံအရှုံးမပီးရေ စိတ်ဓာတ်တိကို အရွယ်နန့်မမျှအောင် ထည့်သွင်းပီးနိုင်ခပါဗျာလ်။
      ဆရာတော်၏ စေတနာ၊ မိတ္တာ၊ ဂရုဏာ၊ ကျေးဇူးတရား.. ရင်ခွင့်မဲ့ရို့၏ ကျေးဇူးတော်သျှင်  .. အဂုက နွီဦးရွက်ကြွီတိပိုင် ထိုဒေ .. တစစီ.. တစစီ.. တစစီ..။

ကူသူမဟိ.. ကယ်သူမဟိ.. အဘာ၊အမင်.. မဟိ..။

          အထိန်းအကွပ်မဲ့ ကြွီကျလားခရေ သစ်ရွက်ကြွီချေတိကို ရင်ထဲကစီးကျလာကေလေ့ နှုတ်ကထွက်ကျမလာရေ စကားလုံးချေတချို့်နန့် ဂရုဏာပွား မိန်းခွန်းထုတ်လိုက်ချင်နိန်မိရေ.. မင်းရို့.. ဇာနိန်ရာ.. ဇာသောင်ကမ်းမာ.. ခိုနားလို့သျှိလီကတ်ဖို့လဲ…..။ ဇာနီရာ.. ဇာသောင် ကမ်း..မာ. ခိုနားလို့ သျှိလီကတ်ဖို့လဲ.. မပြောကောင်းမဆိုကောင်း… ထိုလူဒေလူတိ ပြောကတ် တေပိုင်.. ကောလဟာလတိပိုင် မဟုတ်ပါဇီကေ့.. မဖြစ်ကတ်ပါဇီကေ့။ ရောက်တေနိန်ရာတိုင်း မာ ကူညီတတ်တေ လူတိ၊ ချစ်ခင်သနား၊ ညှာတာတတ်တေ လူတိနန့် တွိဆုံနိုင်ကတ်ပါလီ။ လီပွီ ကြမ်းကေလေ့ လီကြမ်းမဖြစ်ပါဇီကေ့။ မုန်တိုင်းကြမ်းကေလေ့ ဆူနာမီမဖြစ်ပါဇီကေ့။

ဖိုးခေါင်
၎.၄.၂၀၁၁
နယူးဒေလီ
အိန္ဒိယနိုင်ငံ။

  




           

2 comments:

  1. ဒေဝတ္ထုတို စော်လေ့ လူတိုင်းနှလုံးသားကို အရည်ပျော်ကျလားစီရေ ရသ နန့် နားလည်နိုင်ရေ အခြေအနေတိ အများကြီးပါဝင်နီပါရေ။
    ကြိုးစားဆိုရေ စကားကိုပြောစရာမလိုကေလေ့ ထပ်လို့ တိုက်တွန်းခပါရေ။
    ကြိုးစားပါ။

    ReplyDelete
  2. ကကောင်းရင်နာစရာ သနားစရာ ကောင်းရေ အဖြစ်သျှေတိပါ။ဒေပိုင် ခံစားချက်တိကို ဖော်ထုတ်ပနာ ရီးထားရေ အတွက် ကျေးဇူးတင်ပါယင်.။ဗမာတိ အသျှေတိကို ဗမာပြည်ကိုခေါ်လားခစော်ရေ စပြီကြီးမြိုရေ ပိုင် ရခိုင်မျိုးပျောက်အောင် မျိုနိန်ကတ်စော်ပါ.ဂွမြို.နယ်က လူတိလည်း ဗမာဖြစ်အောင် သွတ်သွင်း နိန်ပါဗျာယ်။ဒေအတိုင်းရာ ရခိုင်လူမျိုးတိ ဆက်လို.နိန်ခကေ များမကြခင် ရခိုင်လူမျိုး ပျောက်လားပါဖို.။ယင်းအတွက်နန်. ရခိုင်လူမျိုးနန်. ရခိုင်နိုင်ငံတော် လွတ်မြောက်အောင် လုပ်ကတ်ရပါလိမ်.မေ။ဒေချင်.စော် မလုပ်မနိန်ရ ၇ခိုင်သားတိုင်း တာဝန်လို. စွဲမြဲထားကတ်ရပါဖို.။ကျေးဇူးတင်ပါယင်.။

    ReplyDelete