Monday 9 May 2011

၁၅၀၀ ပြည့်ဖို့ တစ်အလို

မိုးသီးတိ တဖြောက်ဖြောက်ကျနိန်ရေ .. လီကလဲ တဝီဝီတိုက်နိန်ရေ..
ကျွန်တော်လဲ လ္ဖက်ရည်ဆိုင်ဒေါင့်ချေမာထိုင်လို့ ဇာမှန်းမသိ လမ်းမဖက်ကို ငေးကြည့်နိန်မိရေ ..
ဆိုင်ကဖွင့်ထားရေ ဗမာတေးခြင်းသံချေတပုဒ်ကလဲ ဇာမှန်းမသိ ခံစားမှုတခုခုကို ပီးနိန်ရေပိုင်..။

မျက်စိထဲကို ဖြတ်ဝင်လာရေပုံရိပ်ချေတခု.. ကျွန်တော် အသေအချာဖမ်းဆုပ်လိုက်တေ..
“သူ”.. ကျွန်တော့ ရင်တိ ဒိတ်ခနဲဖြစ်လားရေ.. ပန်းရောင်ချိတ် အထက်အောက်ဆင်တူချေနန့် ယယိုဉ်ချေလှနိန်ရေကာ..
ဆောင်းထားရေထီးချေကလဲ ပန်းရောင်ချေ..။ မျက်လွှာချေချပြီးကေ တလှမ်းချင်း တလှမ်းချင်းလှမ်းလာနိန်ရေ သူ့ပုံစံချေက
ကျွန်တော် မြင်ဖူးနိန်ကျပုံစံအတိုင်း..။

ဆိုင်ရှိနားကိုရောက်တေခါ အယင်ကထိုင်နိန်ကျခုံချေကို မျော်လင့်ခြင်းတိ မကန်မကန်နန့် လှမ်းကြည့်ရေပုံစံမျိုး ချထားရေမျက်လွှာချေကို ပင့်အကြည့်.. ကျွန်တော့ရင်တိ ဗရမ်းဗတာ ဖြစ်လားရေ.. ထော.. “သူ” ကျွန်တော့ကို မြင်လားဗျာလ်.. သူ့မျက်နှာချေ ဝင်းပလားခရေ.. ခြီထောက်ချေတိကိုလဲ စုံရပ်ပလိုက်တေ..
ကျွန်တော် ဇာလုပ်ရဖို့လဲ.. သျှောင်ဖို့အချိန်လဲမရလိုက်ဗျာလ်.. ကျွန်တော် သူ့ကို လှမ်းကြည့်လိုက်တေ..
ကြည့်ဇမ်.. တချိန်က သူ့အနားမာအရိပ်ပိုင်သျှိနိန်ခရေ အချိန်တိက ကျွန်တော်မက်မောတွယ်တာခဖူးရေ အပြုံးချေတိနန့် ကျွန်တော့်ကို ပြုံးပြနိန်စော်ရာမနားယေ..

ကျွန်တော်ထရပ်လိုက်တေ.. အပြီးကေ တလှမ်းချင်း သူ့ရှိကိုလှမ်းလားယင်း..

“ဖြိုး” နီကောင်းယင့်လား.. ကျောင်းလခလာသွင်းစော်ဟန်.. တယောက်တည်းကာ..”

စကားလုံးချေတိကို အတတ်နိုင်ဆုံးထိန်းလို့ပြောလိုက်တေအချိန် .. ဇာကမှန်းမသိ နတ်ပွဲတပွဲက အလိုက်ကမ်းဆိုးမသိ.. ရင်ဖတ်ထဲမာဝင်လို့ ဆိုင်းလာတီးနိန်ကတ်တေ..။

“အင်း.. ကျောင်းလာသွင်းဟာ.. နင်ဝါ နီကောင်းယင့်မနား..”

“အင်း..ကောင်းရေ.. လာလေ.. ဆိုင်မာ မထိုင်ဗျာလ်လား..”

“အဟင့်.. မထိုင်ချင်ဗျာလ်.. နင်တယောက်တည်း ဒေမာဇာလုပ်နိန်လေ..”

ကျွန်တော် မဖြေချင်.. (ဒေခုံချေမာ ဒေဆိုင်ချေမာ ငါအမြဲတမ်းလာထိုင်နိန်ကျ နင့်ကိုသတိရတိုင်း..) ဆိုပနာ ကျွန်တော် မပြောချင်..မဖြေချင်)ယင်းအတွက်..

“ငါလဲ ကျောင်းလခလာသွင်းစော်.. မရောက်စော်ကြာလို့ဆိုင်မာ တနားထိုင်နိန်စော်ရာ..”

“အော်..” ဆိုရေ လီသံတတိုးချေနန့် သူ့မျက်နှာချေ ညှိုးကျလားခရေ..။

“ငါ.. လားလိုက်ဖို့ယာ..” လို့ဆိုပနာ

ကျွန်တော့ရှိက တလှမ်းချင်းလှည့်ထွက်လားရေ သူ့ကို ပြောဖို့စကားရှာမရလိုက်.. အယင်အချိန်ပိုင်ဆိုကေ(တချိန်ကပိုင်ဆိုကေ).. သူ့လက်ချေကို ကျွန်တော်လှမ်းဆွဲမိဖို့.. မဟုတ်ကေ သူလားရာလမ်းမာ ငုံ့ထားရေ သူ့မျက်နှာချေကို ဂေါင်းငုံ့လို့ မျက်လုံးချင်းဆုံအောင် ကြည့်မိဖို့.. အဂုက.. .. ..

ကျွန်တော်ရင်ထဲမာ တခုခုပျောက်ဆုံးလားခရေပိုင်တွိလိုက်တေ.. ရင်ဖတ်ကဆို့နင့်လာရေ ခံစားချက်တချို့လှိုင်းထပါလတ်တေ..
ယင်းနိန်ရာအတိုင်း ဂေါင်းငိုက်စိုက်နန့် ဇာအချိန်ထိ ကျွန်တော်ရပ်နိန်မိမှန်းမသိ ..

“အကိုး.. မိုးရီထဲမာ ဇာလုပ်နိန်ပါလေ.. ဒေလောက်မိုးကြီးနိန်စော်မာ ” ဆိုပနာ
ဆိုင်ထဲက စားပွဲထိုးချေ လှမ်းအော်ပြောမှ သတိဝင်လာရေ..

ကျွန်တော် ကျောင်းဖက်ကို လှမ်းကြည့်မိယင်း တချိန်က ပုံရိပ်ချေတိကို တွိလိုတွိငြား ရှာကြည့်နိန်မိရေ..
ကျောင်းကြီးလဲတိတ်ဆိတ် ခြောက်သွိလို့.. အော်.. ယင်းပိုင်နန့်.. ကျွန်တော်ရို့နှစ်ယောက်လဲ ... ... ... ..

.. .. ... .. .. ... .. .. ... .. ..


ဖိုးခေါင်
၉၊၅၊၂၀၁၁
India Time:6:07

1 comment:

  1. မပြောပါကေ့ မပြောပါကေ့ လွမ်းနီရဖို့ဆွေးနီရဖို့ ဇာတခုလေ့မပြောပါကေ့။
    တေးခြင်းဆိုပစ်ခပါရေ။

    တပိုင်းတစချေပါရာ ဇတ်လမ်းက။ ယေလေ့မျက်လုံးထဲမှာ ကွင်းနီပါရေ မြင်ကွင်းက။

    ရခိုင်သမီးပျို

    ReplyDelete