Saturday 18 June 2011

အခြီတူ

ရင်ခွင်ပွီ့ပိုက် သမီးချေအိပ်ဖို့
ညစိုဉ်မပြတ် မရိုးထပ်ပါ
ပမာပုံထား မှတ်သားလောက်အောင်
ပုံပြင်၊ ၀တ္ထုတင်စားပြုကာ
ပြောပြပါရေ မှတ်သားလွယ်ဖို့
ဘ၀တစ်ကွီ့ မှားမတွိအောင်
ဇာသို့ကရှောင် ဇာပိုင်ဆောင်ဖို့
ဇာမှာကနား ဇာကိုလားဖို့
ဇာသူ့ကိုခင် ဇာပိုင်ကြင်ဖို့
အဖမှာကား ဆုံးမထားလဲ
သမီးလှချေ သိမကြွယ်ဘဲ
တူသူကိုရှာ ခင်လတ်ပါရေ
ကြိုက်ချင်းတူရာ ကြင်လတ်ပါရေ
ဒေမှာလက်ဟိ ဒုက္ခတွိခါ
ဘ၀ချင်းတူ ကြင်၊ခင်လူရို့
ကူပံ့ပါလဲ ရာမထင်ဘဲ
မြီခဲတစ်လှည့် ဖက်တစ်လှည့်နန့်
လီပြင်းကိုပြန် လှန်အာခံဖို့
မဟိအားခွန် မာန်မတန်ခါ
လွင့်ကာပါရ ပြိုကာကျနန့်
အဆွီဖက်ဝဲ ကျွန်မြီခဲကို
မဖုံးပါနိုင် ကျွန့်မှာဇာပိုင်ဖိခီနိုင်ဖို့
မျက်ရည်စို့လို့ မုန်တိုင်းထဲမှာ
ပျက်ရပါရေ ဘ၀ဒေသို့။

သိရီစောခြိမ့်

No comments:

Post a Comment