Wednesday 6 July 2011

တချိန်က ကွိန်း(Queen) ချစ်သူ

ငါရို့မြို့နယ် Family ခရီးစဉ်တလျှောက် နင့်မျက်နှာချေကို ခိုးခိုးကြည့်ရင်း ငါပျော်နိန်ခရေ။
တက္ကသိုလ်ကျောင်းသူကျောင်းသားတိကို စုပနာ အပန်းဖြေခရီးထွက်ကတ်စော် အသူမပျော်ဘဲ သျှိဖို့လဲယေ။ တခြားသူတိထက်တောင် ငါက ပိုလို့ပျော်နိန်သိရေ။ ဇာဖြစ်လို့လဲဆိုကေ ငါချစ်တေ နင်နန့် တတူခရီးလားရစော်ဖြစ်လို့လေ။ ငါရို့က ပထမနှစ်ကျောင်းသားချေတိဖြစ်လို့ ဒေပိုင် ခရီးလားစော် ဒေချင့်ကပထမဆုံး။ ကားထက်မာ ပါလာကတ်တေ ကျောင်းသားတိအားလုံး တေးခြင်းတိ အော်ဆိုကတ်၊ ပျော်ကတ်ရွှင်ကတ်နန့် တက္ကသိုလ်ကျောင်းသားဘဝပါ့။  
ခရီးတဝက်အရောက်မာ ကားကို တနားချေရပ်ပြီးကေ စစိမ်းစစိုနန့် လမ်းဘေးကမြက်ခင်းပြင်ထက်မှာ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသား ဘဝတိအတွက် ဇာခါလေ့သော့မရိုးနိုင်ရေ အစိုဉ်အလာချေတခုကို လုပ်ဆောင်ကတ်တေ။ ယင်းချင့်က ပထမနှစ်ကျောင်းသူ၊ ကျောင်းသားချေ  တိထဲက ကိန်းနန့် ကွိန်း (အလှဘုရင်နန့် အလှဘုရင်မ) ရွီးချယ်ရေ ပျော်ပွဲရွှင်ပွဲချေတခုပါ့။ နင်က ကောင်းလှရေ မ၊မချေတယောက်ဆိုရေခါ ငါကနင့်ကို ကွိန်းဆိုရေ အလှဘုရင်မဘွဲ့ကို ရစီချင်ခစော် အမှန်ပါ။ ငါထင်ရေအတိုင်းဗျာလ် နင့်ကို ကွိန်းအဖြစ်ရွီးချယ်ခံရကြောင်း ငါရို့မြို့နယ် က ဖိုင်နယ်တက်နိန်ရေ အကိုတယောက်ကြေငြာလိုက်တေခါ ငါပျော်လိုက်စော် မပြောကေ့ဖိ။
အပြီးကေ မင်းမင်းဆိုရေ အကောင်ချေတယောက်လည်း  ကိန်း ဆိုရေ အလှဘုရင်ဘွဲ့ကို ရသျှိခသိရေ။ တေးခြင်းတိဖွင့်ထားပြီးကေ နင်ရို့နှစ်ယောက် လူတိအလယ်မာ ကျောင်းသားတိ တောင်းဆိုမှုအရ တွဲကပြရသိရေ။ အခုပိုင်ရာ ကိန်းနန့်ကွိန်း တွဲပြီးကေကရမှန်း စစော     စစီးကပင် ငါသိခဖို့ဆိုကေ  နင့်ကို ကွိန်းရစီချင်ခဖို့မဟုတ်။ အခုက နင်နန့် ကိန်းအဖြစ်ရွီးချယ်ခံရရေ မင်းမင်းက ငါ့ရှိမာ ပိုးအိစံဆိုထားရေ  ၁၆နှစ် တရက်လျော့ တေးခြင်းချေနန့် တွဲကနိန်လိုက်ကတ်စော် ငါ ကောင်းသဝန်တိုစော်မနား။ ငါ ယင်း ကိန်းဆိုရေကောင်ကို သတ်ချင်နိန် စော်လက်သီးကို ယားလို့။ နင်ကလဲ ကျေနပ်နိန်ရေ အရိပ်အရောင်တိဂျဲ ပြနိန်ရေဆိုခါ ငါအသာချေငြိမ်နိန်ရရေပါ့ယေ။
ကိုယ့်ချစ်သူကို တခြားကောင်ချေတယောက်နန့် တွဲပနာကနိန်စော်ကို ငါ ဇာပိုင်မြင်ချင်ဖို့လဲ။ နင်နန့်ငါ့ကိုလဲ ချစ်သူတိမှန်းမသိကတ်ဆိုခါ  ငါ့အ နားက ကျောင်းသားတိက “ကိန်းနန့် ကွိန်း ကောင်းလိုက်စော်မနား” ဆိုရေ စကားသံတိကို ကြားရလီ ငါ့ရင်ထဲမာ အခံရခက် နာကျင်လီဗျာလ်။
လာပြန်ဗျာလ်.. ဂေါင်းဆောင်က ဇာကြေငြာပြန်ဗျာလ်မသိ။ ဇာဟင့် .. ကိန်းက ကွိန်းကို နခမ်းနီဆိုးပီးရဖို့ဆိုကာ။ ကွိန်းကလဲ ကိန်းကို ဂေါင်းဖြီး ပီးရပြန်ဖို့သိလတ်။ အဘာလဲ..အဘာလဲ..။ ကွိန်းဆိုရေ စလွယ်ချေကို လွယ်ထားပနာ ကြယ်နှင်တံချေကို ကိုင်ထားရေ နင်ကပြုံးနိန်စော်ကလဲ မပြောကေ့ဖိ။ ငါလုံးဝသည်းမခံနိုင်ဗျာလ်။ အဂယောင့်ရာ နင်ငါ့ကိုချစ်တေဆိုကေ ငါ့မျက်နှာကို တဖေ့ချေလောက်ထောက်ထားပြီးကေ ငြင်းလိုက်ပလင်တချက်လောက်…ခိုင် နင်နိန်နိုင်လိုက်တေနန်း.. ပျော်နိန်လိုက်တေပင်။
နင်က ဂေါင်းဆောင်ပြောရေစကားကို ဂေါင်းညိတ်အဖြေပီးလိုက်ပြီးကေ  ငါ့ဖက်က ခွင့်ပြုပီးပါဆိုရေ အကြည့်နန့်ငါ့ကို ကြည့်နိန်သိရေ။ ငါကအလိုမတူရေမျက်နှာချေနန့်နင့်ကို ကြည့်ရေမာ နင်ကအကြည့်အလွှဲပြီးကေ ငါ့ကို သျှောင်နိန်ရေနန်း။ ပြီးကေ ဂေါင်းဆောင်အစ်မတ     ယောက်ဘားက ဂေါင်းဖြီးကိုယူပနာ ကိန်းကို ဖြီးပီးနိန်သိရေ။ ကိန်းကလဲ ဇာထူးလို့လဲ။ နင့်ကို လိုစော်ထက်ပိုပနာ နခမ်းနီဆိုးပီးနိန်လိုက်စော်   က။ ဇာအချိန်ကတည်းကပင် ဆိုးပီးချင်နိန်မှန်းမသိ .. ငါနန်း..ငါ။ အရာတခါ  နင်ရို့နှစ်ယောက် သရဖူဆောင်း၊ ရင်ထိုး ထိုးပီးကတ်နန့် ဖြစ်နိန်လိုက်ကတ်စော်။ အဂယောင့် ချစ်သူတိအတိုင်းယာကာဒေ။ ငါလေ လူတိရှိမာ စိတ်ကို ကောင်းထိန်းသိမ်းနိန်ရရေဒေ..ခိုင်။ နင့်လက်ကို  ဆွဲပြီးကေ အဝီးကို ထွက်ပြီးပလိုက်ချင်နိန်ယာ။
နင်ရို့နှစ်ယောက်ကို မှတ်တမ်းတင် ဓါတ်ပုံတိရိုက်လိုက်ကတ်စော်။ မျက်စိကို သျှုပ်လို့။ နင်ကလည်း ပြုံးလို့ရယ်လို့။ ဟိုသကောင့်သား ကိန်း ဆိုရေ ကောင်ကလဲ ပျော်လို့ရွှင်လို့။ အားလုံးကလည်း အတွဲညညီနန့် လှနိန်ပနိန်ကတ်တေ နင်ရို့နှစ်ယောက်ကိုကြည့်ပနာ အားရဝမ်းသာ လက်ခုပ်တိ တီးပြီးကေ အားပီးနိန်လိုက်ကတ်စော်က ငါ့နားထဲမှာ နတ်ပွဲကဆိုင်းသံတိပိုင် အခံရဆိုးလိုက်လီခြင်း။ ဒေခရီးကို လာကတ်တေ ကျောင်းသားကျောင်းသူတိ အားလုံးလည်းပျော်နိန်ကတ်ဖို့။ အခုချိန် ငါကလွဲလို့ပါယေ။
ဒေခရီးအစမာ ရရယ်မမော ပပျော်ရရွှင်ဖြစ်နိန်ခရေ ငါစော် ခရီးတဝက်အရောက်မာတော့ခါ ပျော်ရွှင်မှုတိ ပျောက်ဆုံးလားခရဗျာလ်မနားယေ။ ဟန်ဆောင်ဖို့မတတ်နိုင်လောက်အောင်ပင် ဖြစ်နိန်မိရေ ငါ့ကို အသူတယောက်လေ့ သတိထားမိခလီဖို့မဟုတ်။ ပါဆယ်ဂိမ်းစပြီးကေ ကဇတ်ကတ်ဗျာလ်။ ဖိုင်နယ်က အစ်ကိုတယောက် ကဇတ်တေလူတိအားလုံးကို နောက်ခိုင်းအနိန်အထားနန့် ထိုင်နိန်ရေ။ ပြီးကေ တေးခြင်းဖွင့်ထားရေ။ ယင်းတေးခြင်းကို တန့်လိုက်စော်နန့် တပြိုင်နက် ပါဆယ်ထုတ်လက်ထဲရောက်နိန်ရေလူက မဲနှိုက်ရပနာ ယင်းမဲမာပါရေ အတိုင်း၊ ပြောထားရေအတိုင်း သရုပ်ဆောင်ပြရစော်လေ။ ကဇတ်ပွဲက စဗျာလ်။  နောက်ခိုင်းထားရေ စီနီယာအကိုက တေးခြင်းကို စဖွင့်လိုက် တေဆိုစော်နန့် ပါဆယ်ထုပ်ကလဲ ကဇတ်တေလူတိလက်ထဲမာ အပြီးအလွှားနန့်  တယောက်ပြီးတယောက်…ယောက်..ယောက်.. ရောက်.. တေးခြင်းရပ်လားခရေ။ ပါဆယ်ထုပ်က ကိန်းလက်ထဲမာ။
မဲလိပ်နှိုက်ပြီးကေ ဖွင့်ဖတ်ကြည့်လိုက်တေအခါ ကိုယ်ကြိုက်တေ တေးခြင်းနန့်  ကိုယ်နှစ်သက်တေ ကောင်မချေတယောက်ရှိမာ လားလို့ဆို ပြရဖို့ဆိုကာ။ ယေ.. ကြည့်..ငါထင်ရေအတိုင်းဗျာလ်။ ယင်းကောင်က နင့်ရှိကိုလားပနာ အကျအနရှိဆိုင်ထိုင်လို့ ဂီတာတီးယင်း ဝန်ခံပါ  ဆိုရေ တေးခြင်းကိုဆိုပြနိန်လီဗျာလ်။ အားလုံးကလဲ လက်ခုပ်တီးလို့ အားပီးလို့။ ငါတယောက်ကလွဲလို့။
ဒေကောင် ကောင်းတရားလွန်နိန်ဗျာလ်။ ယကေလေ့ နင်ကိုယ်တိုင်က ဒေကောင်အပြုအမူတိကို အလွန်ဆန်နိုင်ဆိုမှတော့ခါ ငါကဇာတတ်နိုင်ဖို့လဲ။ နင် ငါ့ကြောင့်နန့်တော့ လူတိရှိမာ မျက်နှာမပျက်စီချင် ခိုင်..။  ငါ ဟန်ဆောင်အပြုံးတပွင့်ကို နင့်အတွက် ဖန်ဆင်းပီး လိုက်မိရေ။ နင်ကလဲ  မင်းမင်းဆိုနိန်ရေ တေးခြင်းကို လိုက်ဆိုနိန်စော်ကို ငါတွိနိန်ရရေခါ ငါနင့်ကို ဆုံးသျှူံးမခံချင်ရေစိတ်တိ ဇာနိန်ရာဇာ ဂျောင်ကြားက ပေါ်လာနိန်လေမသိ။ ငါ့စိတ်ထဲမှာ ခါချဉ်အုံ၊ ပုရွက်စိအုံ၊ ခြအုံတိပိုင် ရိုးတိုးရွတနန့် တစိစိကိုက်ခဲလို့။

ပါဆယ်ဂိမ်း ဆက်ကဇတ်ကတ်လို့ပြီးခါ ခရီးဆက်ခကတ်ပြန်ရေ။ မြောက်ဦးမြို့ကိုရောက်လို့ ဘုရားတိဖူးကတ်တေ။ သာယာရေ ငါရို့ ရခိုင့်သ ဘာဝအလှအပတိကို နောက်ခံထားပြီးကေ ဓါတ်ပုံတိရိုက်ခကတ်တေ။ ငါကတော့ခါ လာရေအချိန်ကလောက် စိတ်မပျော်လိုက်ဗျာလ်။ ကျောက်တော်၊ ပုဏ္ဏားကျွန်းရို့ကို အပြန်မာဝင်ခကတ်ပြီးကေ ဘုရားတိအများကြီး ဝင်ဖူးခကတ်တေနန်း။

ငါရို့တက္ကသိုလ်နယ်မြေ မြို့စစ်တွေကိုအပြန်မာ ကျောင်းသားတိအားလုံး တေးခြင်းတိအော်ဆိုကတ်၊ ပျော်ကတ်ရွှင်ကတ်၊ ရယ်ကတ်မောကတ် နန့်ပါ့။ နင်နန့် မင်းမင်းကလဲ တယောက်ကိုတယောက် ငေးလို့ကြည့်လို့ ခိုးကြည့်ခါခိုးကြည့်လို့။ နင် ငါ့ကိုအနားမာထားပြီးကေ မိန့်နိန်ဗျာလ်လား.. ခိုင်.. စိမ်းကားလိုက်တေပင်.. ရက်စက်လိုက်တေပင်..။

နင်ရို့နှစ်ယောက်ကတော့ခါ ပျော်ရွှင်မှုတိကို ရင်တွင်းကိုယ်စီခံစားယင်း။ ငါက ရင်ထဲမာတော့ခါ ဝမ်းနည်းပြီးကေ ကျလာဖို့မျက်ရည်တိကို ယောက်ျားဆိုရေ အသိတခုနန့် ပါးပြင်ထက်ကို မရောက်လာရအောင် အတတ်နိုင်ဆုံးထိန်းသိမ်းယင်း။ ယင်းချင့်တောင် ကားပြတင်းပေါက်က နိန်ဝင်တိုက်ချပလိုက်တေ လီအဝှိတချက်မာ လူမသိသူမသိ ခိုးကြောင်ခိုးဝှက်နန့် ပါးပြင်ထက်ကို မျက်ရည်တစက် လိမ့်ကျလားခသိရေ။
အမှန်ဆိုကေ မင်းမင်းစော် နင်နန့်ငါ့ကြားမာသျှိနိန်ရေ သံယောဇိုဉ်တိကို ဖြတ်တောက်ယူလားဖို့ ကတ်ကျေးတလက်ချင့်။ ငါရို့ အမ်းမြို့နယ် ပျော်ပွဲစားခရီးစော် နင်နန့် မင်းမင်းကို ပိုလို့ နီးစပ်လားစီလိမ့်မေလို့ ငါမထင်မိခ။
မြို့နယ်ပျော်ပွဲစားထွက်ပြီးလို့ တပတ်လောက်အကြာမာ ငါထင်ရေအတိုင်း နင်သျှောင်နိန်ခပြန်ရေနန်း။  မေဂျာမတူကေလေ့ ကန်တင်းတတူ လားကတ်ဖို့ နင်ကို ငါလာခေါ်တိုင်း နင်သျှောင်နိန်ခပြန်ရေ။ ငါ့ဘားကိုလဲ အလာနည်းလားရေ။  မတွိဖြစ်စော် အင်တိုင်ချေလောက်ကြာလား ရေတနိ့မှာ နင်နန့် ငါတွိခကတ်တေ။ နင့်ကိုတွိလို့ ဝမ်းသာအားရဖြစ်နိန်ရေငါ့ကို စကားတခွန်းလေ့မပြောနိုင်သိခင် နင်ပြောလိုက်တေ.. ငါချစ် တေ နှုတ်ခွမ်းချေတိကြားက ငါချစ်တေ အသံချေတိနန့် ငါမကြားချင်ဆုံးစကားလုံးတိကို။
“ကောင်းမြတ် .. ငါနင့်ကို သသေချချာစိုဉ်းစားပြီးမှ ဒေစကားကိုပြောရစော်ရာ။ ငါ နင့်ကို မချစ်မိခ။ ခင်မင်ရုံ အဆင့်လောက်ရာ ရှိခရေ။ အချစ်တိအဖြစ် မပြောင်းလဲခ။  ငါက ယင်းချင့်တိကို အချစ်လို့ထင်ခရေအတွက် နင့်ကို အဖြေပီးမိခစော်ရာ။ အဂုကတော့ခါ ငါသိလိုက်ရ ဗျာလ်။ နင့်ကို စိတ်ကဇတ်မိခစော်။ ဆယ်ကျော်သက်အရွယ် စိတ်အပြောင်းအလဲတခုပါ့။ ငါ့ကို မိန့်လိုက်ဖိနန်း။ ငါ အဂယောင့် နင့်ကိုမချစ်မိခ လို့ရာ”
မြို့နယ်ပျော်ပွဲစားထွက်ပြီးကတည်းက နင်သျှောင်နိန်ခစော်တိ၊ နင် ငါ့ကို မျက်နှာချင်းမဆိုင်ခစော်တိ ပြီးကေ နင်ငါ့ကို စကားမပြောခစော်တိကို ငါသိလိုက်ပါဗျာလ်..ခိုင်။ ငါ့ရင်ထဲက ခံစားချက်တိကို မမြင်နိုင်ကေလေ့ နင်မှန်းဆသိမြင်နိုင်ဖို့စော်ရာ။ ယကေလေ့ နင် ငါ့ဝေဒနာတိကိုတော့ခါ နင်မြင်နိုင် ခလီဖို့တော့မဟုတ်။ ချစ်ခကတ်တေ နိရက်အချိန်တိစော် တနာရီ၊ တရက်ကမဟုတ်ခလီရေအတွက် ငါ ကောင်းခံစားရရေ ..ခိုင်။ နင် ရရက်စစက် ထားခပြီးခါမှ ငါနားလည်သိတတ်မူတိနန့် ကျန်ပီးလိုက်ပါမေ။ ဇာဖြစ်လို့လဲဆိုကေ ငါချစ်တေနင့်ကို စိတ်ချမ်းသာဇီချင်လို့။ ပျော်ရွှင်နိန် ဇီချင်လို့။
ငါ့မျက်ရည်တိ ကျလုကျချင် အချိန်မာပင် မိုးရွာချလိုက်စော်က တိုက်ဆိုင်မှုလား။ နင် မမြင်စီချင်။  ငါ့ အသည်းကွဲမျက်ရည်စက်တိကို။ မိုးရီတိ နန့် ရောလားခရေ ငါ့မျက်ရည်တိ မိုးရီကြားက ငါ့မျက်ရည်တိ၊ မိုးရီတိနန့် ရောနှောလားခရေ ငါ့မျက်ရည်တိကို နင်မမြင်နိုင်ဗျာလ်မနား။
နင်ကတော့ခါ ရရဲဝဝံ့နန့် ငါ့ကို လမ်းခွဲစကားပြောပနာ အားနာနိန်ရေ ပုံစံမျိုး။ မိုးရွာလာလို့ နင်ကအသင့်ပါလာရေ ထီးချေကို ဖွင့်ဆောင်းပနာ ငါ့ဘားက ပြန်ပြောလာဖို့ စကားကို စောင့်နိန်ရေ။ သျှူံးနိမ့်သူတယောက်ဘားက ထွက်ကျလာဖို့ နောက်ဆုံးစကားလုံးတိကိုပါ့။ အရင်ကဆိုကေ မိုးရီထဲမာ ငါရို့နှစ်ယောက် ထီးချေတချောင်းနန့် ပျော်ခကတ်တေ ပုံရိပ်ချေတိကို တွီးမိယင်း ရင်ထဲမာမွန်းကျပ်ပါလတ်တေ။ အခုက နင်ငါ့ကို ထီးမဆောင်းပီးနိုင်ဗျာလ်မနားယေ။ နောက်ဆုံးအနိန်နန့် ငါ့ရင်ထဲက ဆန္ဒချေတခုကိုတောင် နင်မမြင်နိုင်ဗျာလ်။ အဲလေ.. သူ့ဖက်က ဆိုင်ကမ ဆိုင်လီဗျာလ်စော်ကို။

“ရရေ ခိုင်.. သံယောဇိုဉ်တိနန့်ရာ ခင်ကတ်မေဖိနန်း” လို့ ငါက အားတင်းပြောလိုက်ခါမှ နောက်ဆုံးပါ့.. ငါ့အတွက် ငါချစ်ခရေ.. ငါချစ်တေ နင့် အပြုံးချေတပွင့် ကို ငါ့ကိုပီးခရေ။ နှစ်သိမ့်ပြုံးမှန်းသိကေလေ့ ငါတယုတယနန့် သိမ်းထားလိုက်ပါမေ..ခိုင်။  ကိုညီမင်းခိုင်တေးခြင်းထဲ ကပိုင် “ဇာလောက်ဆိုးဆိုးချစ်နိန်မေ.. ဇာလောက်ဆိုးဆိုးချစ်နိန်ဖို့.. ဇာလောက်ဆိုးဆိုးမင်းကိုအပြစ်မမြင်နိုင်ဝေ..”။
နင်က ငါ့ဘားက စကားတခွန်းကို ကြားရပြီးမှ ငါ့ရှိက အသာချေလှည့်ထွက်လားခရေ။ မိုးရီထဲမာ အတွီးပေါင်းမြောက်မြားစွာနန့် ငါ့ တယောက်ထဲ။ နင့်ကို သစ္စမဲ့ရေလို့ ဂေါင်းစိုဉ်မတပ်ချင်..ခိုင်။ မဆုံနိုင်ရေ ဖူးစာလို့ရာ ငါမှတ်ယူလိုက်ပါမေ။ နင့်ကိုချစ်ခရေ ငါ့အချစ်တိက တစက္ကန့်မဟုတ်ခရေပိုင် တခဏတာအတွင်း ရင်ခုန်မှုလည်းမဟုတ်ခလီရေအတွက် တနားချေ ချစ်ခစော်မဟုတ်ပါ..ခိုင်။ ထာဝရတည်တံ့ချင်ခ ရေ အချစ်သစ္စာတရားတိရာ။ ငါ့ရင်ခုန်သံတိလဲ နင့်အတွက်ဆို တခါလေ့ မဟောင်းနွမ်းခဖူးရေ ရင်ခုန်သံတိပါရာ။ အင်း..ဇာပဲပြောပြော..ခိုင်.. အဂုကတော့ခါ ငါစော် တချိန်က ကွိန်းချစ်သူပါ့ယေ။
မိုးရီတိစွတ်နိန်ရေ ထိုင်ခုံတန်းလျားချေတခုမာ တချိန်က ချစ်သူနှစ်ယောက် တယောက်လက်ချေတယောက်ကိုင်လို့ ရီးထားခဖူးရေ “ဇာခါလေ့ လမ်းမခွဲကြေး” ဆိုရေ စာတန်းချေက မပီပြင်ဝိုးတဝါး။ ယင်းစာတန်းအောက်နားချေကမှ ကောင်းမြတ်+ခိုင်နဒီ ဆိုရေ နှစ်ဦးသဘောတူ စာတန်းချေ။ ယင်းစာတန်းချေမာကျခါ ခိုင်နဒီဆိုရေ စာကြောင်းချေက ပျက်ပြယ်နိန်လီဗျာလ်။ မိုးရီစက်တိကြောင့်လား။ ငါ့မျက်စိအမြင်ဝါးနိန်  လို့လား။ မဟုတ်ကေ တစုံတယောက်က ဖျက်လိုက်စော်လားဆိုစော်ကတော့ခါ….။
                                                                                                                      ကောင်းမြတ်ပိုင်ပိုင်
(Teen မဂ္ဂဇင်း၊ဇွန်လ ၂၀၁၁)
                    အင်လိုင်းမှာဖတ်မိရေ ဇတ်လမ်း(ဝတ္ထုတို)ချေတပုဒ်ပါ။ ရခိုင်လီသံနန့်သင့်တင့်လျောက်ပတ်အောင် ပြန်လိုက်ပါယင့်။ 
                                                                                                                             ဖိုးခေါင်
                                                                                                                                                        ၆.၇.၂၀၁၁
India Time:6:48 PM



           


No comments:

Post a Comment