Saturday 9 July 2011

သံသရာဆိုစော်

ဘဝတကွေ့မှာတွိကြုံခံစားဖူးခရေ ဒဏ်ရာတိကြောင့် လက်သျှိရှင်သန်နိန်ရေ အသိတရားတိကို အဂုထက်မကပိုလို့ကြီးထွား  လာအောင်ကြိုးစားယင်း ကိုယ့်ကိုကိုယ်ယုံကြည်မှုဆိုစော် ဇာလေလို့ ရှာယင်းဖွေယင်း ဗီဇအသိတိကို အားကောင်းလာအောင် ပြုစုပျိုးထောင်နိန်မိရေ။
လွန်ခရေ ၂ နှစ်လောက်ကပါ့။ ဖြစ်ချင်စော်ဖြစ်ဖိ၊ မထူးဗျာလ်ဆိုပနာ အရာရာကို ခဝါချပြီးကေ ဂျောက်ထဲကိုဆင်းဖို့အထိစိုဉ်း စားမိခရေအချိန်။ တားနိန်ကတ်တေကြားထဲက ဟန့်နိန်ကတ်တေကြားထဲက ကိုယ့်စိတ်ဝသီအတိုင်း တခုကိုလေ့ဂရုမစိုက် အလေးမပြုချင်လိုက်ဗျာလ်ဆိုကေ အရာအားလုံးကိုဂေါင်းထဲက ထုတ်ပလိုက်တတ်တေ တဇွတ်ထိုးအမိုက်စိတ်တိကြောင့်      ၃ လဆိုရေ အမှောင် မိုက်ဆုံးကာလ တခုကိုဖြတ်သန်းဖူးခရေ။ စခရေ နိကပင် ယောက်ျားတန်မဲ့ မျက်ရည်ပေါက်မျက်ရည်ကြီး ကျပနာ ဝမ်းနည်းပလက်နန့် မထူးစိတ်ကို အသျှုံးပီးဖူးခရေ။ ဇာကြောင့်ယင်းပိုင်မျက်ရည်ကျခရလေ ဆိုစော်ကို အဂုချိန်ပြန်စစ် တမ်းထုတ်ပနာ ဆင်ခြင်မိလိုက်တေခါ ဖြစ်ချင်ခရေ ဆန္ဒတိ၊ ရည်မှန်းချက်တိအားလုံး၊ ဘဝတပါးကိုပြောင်းလားခဗျာလ်ဖြစ်တေ မွီးဖခင်မှာခရေ “မောင်မောင် မင်းတာဝန်နန်း၊ လုပ်ကိုလုပ်ရဖို့၊ ပါပါရို့ရည်မှန်းချက်တိမပြည့်ခ” ဆိုရေ စကားတိကို အထပ်ထပ် ကြားယောင်ယင်း “အားလုံးကို ငါ ဝေးပလိုက်ရဖို့ဗျာလ်၊ အားလုံးကို ငါ ဆုံးသျှုံးလိုက်ရဗျာလ်၊ အားလုံးကို ဂျောင်ထိုးပလိုက်ရ   ဖို့ဗျာလ်” ဆိုရေ စိတ်တိက ရင်ကိုလာပနာ သနတ်နန့် အချိန်းထောင်ပေါင်းသောင်းပေါင်းမရွီမတွက်နိုင်အောင် အပစ်ခံလိုက်ရ ပိုင် ခံစားမိယင်း ယင်းပိုင် မျက်ရည်ပေါက်မျက်ရည်ကြီးတိကျခစော်လို့ သုံးသပ်မိလာရေ။.ဘဝဆိုရေ သံသရာစက်ကွင်းထဲမှာ ရှင်သန်နိန်သမျှကာလပတ်လုံးရေ ရုပ်သျှင် ဗီဒီယိုဇတ်ကား၊ ဝထ္တုဇတ်ညွန်းတိထဲကပိုင် စိတ်ကူးယိုဉ်ဘဝတိနန့် လက်တွိဘဝတိက ကွာခြားလွန်းမက ကွာခြားလွန်းပါရေ။ မိဘ အသိုက်အမြုံထဲမှာသျှိနိန်ခါ ဘဝဆို   စော် ဇာလေ မသိခဖူး။ ထမင်းစော် ထမင်းအိုးကထွက်တေ ဆိုရေအသိမျိုးပိုင် အချိန်တန်အိမ်ပြန်ရောက်ကေ “ မေမေ ဝမ်းဆာရေ၊ ဇာငါးနန့်လဲ၊ အား.. ဝမ်းဆာနိန်ယာ..” ဆိုပနာ ဖိနပ်မချွတ်ခင် လဂစင်(လှီကားစင်) မတက်ခင်ကတည်းကပင် အိမ်ဝကနိန် အော်နိန်ဗျာလ်။ တခါတလီ ကိုယ်မကြိုက်တေ ငါးနန့် ဟင်းနန့်ကျလားခကေ ပူဆိပူဆာ လုပ်တတ်ပြန်သိရေ။ ကျောင်းတက်ဖို့လားဖို့အချိန်ကျပြန်ကေ ဖေ့သာတောင်း၊ ပီးစော်နည်းကေ “ မတက်ဗျာလ်၊ ဒေနိကျောင်းမတက်ဗျာလ်၊ ဒေဖေ့ သာနန့်ကျောင်းမှာ ဇာ ပိုင်လုပ်ဖို့လဲ၊ လ္ဖက်ရည်တခွက်တောင်မရ၊ အချေလို့မှတ်လား မေမေမှာ၊ တက္ကသိုလ်တက်နိန်စော်” ဆိုပနာ မိုးမလင်းခင်ကတည်းကပင် အိမ်ပူယာဆာလုပ်တတ်ပြန်သိရေ။ မိဖက ငါသားချေသမီးချေ ပညာတတ်ပါဇီကြောင်း၊    ကျောင်းတက်ပါဇီကြောင်း မသျှိ သျှိကြောင်းကြံလို့ ထားပီးစော်တောင်မှ တက္ကသိုလ်ကိုရောက်တေအထိ အသိတရားက မဝင်နိုင်။  

အသိတရားချေတဖေ့တပါဒဝင်ဖို့ပျင်ရေအချိန် မိဖကိုသိတတ်ရဖို့ဆိုရေ အသိတရားဝင်ပါလတ်တေအချိန်မှာက အများအကျိုး  ဆိုရေအသိတရားချေတခု နိန်ရာယူအမြစ်တွယ်ပါလတ်ဗျာလ်။ ပေါင်းသင်းဆက်ဆံမှုနယ်ပယ် ကျယ်ပြန့်သထက်ကျယ်ပြန့် လာရေပိုင် အတတ်မျိုးစုံလဲတတ်ပါလတ်တေ။ ယကေလေ့ ဘဝဆိုစော်ကို မသိသိ။ လူငယ်တယောက်အားမာန်ဆိုစော်ကို ဂု ထလုပ်ကေ ဂုဖြစ်ဖို့ဆိုရေ နုနယ်သိရေအတွီးအမြင်ချေတိက လွှမ်းခြုံအုပ်မိုးလို့ အကြောက်တရားကို တွန်းလှန်ဖို့ အဖော်အ ပေါင်းတိ ရှာတတ်လာရေ။ စုပေါင်းမိလာရေ အားအင်ချေတခုကိုအရင်းပြုပနာ အရာရာကို ရင်ဆိုင်ကျော်လွှားမေဆိုရေ အသိ တိနန့်လုပ်ဆောင်နိန်ကတ်တေလို့ ယင်းအချိန်က ကိုယ်ရို့ကိုကိုယ်ရို့ ဂုဏ်တင်အထင်ကြီးမိခကတ်ကေလေ့ အသေအချာ ပြန်ကြည့်လိုက်ကေ မိဖအိမ်ကိုခြီကုပ်ယူထားတုန်းဆိုစော်က ပေါ်လွင်ပါလတ်တေ။

ကိုယ်စိတ်နုလုံးကိုတက်ကြွအောင်လုပ်ဆောင်ပီးရေ စာအုပ်စာပေချေတိနန့်ထိတွိဖန်များလားယင်း ယင်းစာအုပ်ချေတိက       ကိုယ်ရို့ကြိုက်နှစ်သက်တေ စာကြောင်းတိကို အလွတ်ကျပနာ ကော်ပီရိုက်လို့ ခိုးကြောင်ခိုးဝှက်ဖြန့်ချီကတ်တေ။ အိမ်ကသိလားရေတနိ မေမေက “ငါ မျက်စီမြင်ဆင်းရဲ၊ နားဆင်းရဲဖြစ်အောင်လုပ်ဖို့ပျင်နိန်ဗျာလ်လား.. ကြည့်ဇမ် .. ကိုယ့်သားကိုတခေါက်ပြောချက်တခေါက်..” ဆိုရေ မေမေပဇက ပြောလာသံတိ၊ တိုင်တန်းသံတိကို တခုလေ့ ပြန်မ ပြောပဲ စာမဖတ်ကေရာ အမြဲတမ်းဆဲနိန်ငေါက်နိန်တတ်တေ ပါပါက တခုလေ့မပြောခ။ ယကေလေ့ သားအဖနှစ် ယောက်တည်းတွိရေအချိန်တိမှာ “မင်းအဂုလုပ်နိန်စော်တိကို အားလုံး ပါပါသိရေ၊ ယကေလေ့ မင်းအဂုလုပ်ရဖို့ စော်က ပညာအယင်သင်ရဖို့၊ မင်းပညာတတ်လာလို့ အသိအမြင်တိကျယ်လာခါ မင်းလုပ်ချင်ရေအလုပ်ကို မင်း ပိုလုပ်လာနိုင်လိမ့်မေ၊ ကြားလာမောင်မောင် .. ဒေချင့်စော်မင်းတာဝန်.. မျိုးရိုးအစိုင်အဆက်တာဝန်.. ယကေလေ့ အဂု ကျောင်းစာကိုရာ ဂရုစိုက်” ဆိုပနာ ပြောတတ်တေ။ ယကေလေ့ နားမဝင် လူငယ်တယောက်ကိုး။ ဇာနားဝင် ခီဖို့လဲ။ ဖြစ်ချင်စော်ထက်လုပ်သင့်စော်ကို ခွဲခြားမသိသိကေလေ့ လုပ်ကေဖြစ်တေဆိုရေအသိက အရာရာကို တွန်းကန်ဖို့ အဆင်သင့်ဖြစ်နိန်ခလီဗျာလ်။ အမြစ်တွယ်နိန်ခလီဗျာလ်။
ရဲဖော်ရဲဖက်တိနန့် တိတ်တဆိတ်တွိဆုံကတ်ယင်း လုပ်ဖို့စော်တိကို တိတ်တဆိတ်တိုင်ပင်ကတ်ယင်း ဇာလုပ်ကတ်ဖို့ဆိုစော် ကြီးမားရေ ပလန်မသျှိခသိခင်ကတည်းကပင် တနိနိဆိုရေ စကားကအားလုံးသူရင်ထဲမှာ အမြစ်တွယ်နိန်ကတ် ဗျာလ်။ ယကေလေ့ အားလုံးသူစော် မိဖအိမ်ကိုခြီကုပ်ယူထားကတ်တုန်းသိ။ ရှိမှာ ဒုက္ခကန္တာရပေါင်းမကန်မကန် ကိုဖြတ်သန်းရဖို့သိဆိုစော်ကို ထည့်လို့ပင်မတွီးမိခကတ်။ မိဖဘားက နည်းမျိုးစုံနန့်တောင်းလို့ရရေ ဖေ့သာချေတိ ကို စုစည်းကတ်ပနာ ကိုယ်ရို့လုပ်ချင်ရေ (အများအကျိုးအတွက်)လို့ရည်ရွယ်ထားရေ ကဏ္ဍချေတိကို အကောင် အထည်ဖော်ဖို့စိုင်းပြင်းခကတ်တေ။ လုပ်လဲလုပ်ခကတ်တေ။ ပင်ပန်းလို့ပင်ပန်းမှန်းမသိ။ ပထမနှစ်မှာလဲ ရဲဖော်ရဲဖက် ငါးယောက်တိတိတောင် စာမေးပွဲသျှုလိုက်ကတ်သိရေ။ ယကေလေ့ ကိုယ့်ရို့လုပ်ချင်စော်ကိုလုပ်နိန် ကတ်စော်ဆိုခါ ပျော်လို့မော်လို့သိ။ အိမ်မှာက အဆဲခံအပြောခံ။ ယင်းချင့်တိကို မလုပ်ကေ့လို့ အတန်တန်ဖိအားတိ ပီးလာကတ်တေအထိ။ ကျောင်းစာပြင်ဖက်ကိုရောက်လားခကတ်တေ။ ယကေလေ့ ပျော်ရေ၊ ရင်ထဲမှာ ယုံကြည့် ချက်တိခိုင်မာအောင် လုပ်ဆောင်ကတ်တေ။ ရဲဖော်ရဲဖက်အချင်းချင်း အပြန်အလှန်အားပီးကတ်ယင်း တနိနိအ တွက် ယုံကြည်ချက်တိကို ခိုင်မာအောင်မွီးမြူကတ်တေ။ စာအုပ်စာတန်းတိဖြန့်ဝီဖတ်ကတ်ယင်း။ လွယ်အိတ် စာကြည့်တိုက်တည်ဆောက်ယင်း စာဖတ်ကတ်ဖို့ တိုက်တွန်းလုပ်ဆောင်မှုတိနန့် အပြောအဟော ကောင်းကောင်း နန့်လုပ်ခကတ်တေ။ ယင်းချင့်ကနိန်တဆင့်တက်လို့ ပိုကျယ်ပြန့်ရေ အသိုင်းအဝိုင်းထဲကိုထိုးဖောက်ယင်း ပိုကျယ် ပြန့်ရေအလုပ်တိကိုလုပ်ဖို့ တဆင့်တက်ပါလတ်ကတ်တေ။
ယင်းပိုင်နန့် တနိ့ .. မျိုသိပ်ထားရမှုပေါင်းအားလုံးမခံမရပ်နိုင်ဖြစ်ပနာ ဝုန်းဒိုင်းထပေါက်ကွဲကတ်တေ တနိ့ .. ကိုယ်ကိုတိုင် ထထဲဝဝင်ပါဖို့ စိတ်မကူးမိခင် လိုက်လုပ်နိန်ပြီးသားဖြစ်လားဗျာလ်။ မထူးဗျာလ်။ ဇာလုပ်ဖို့သိလဲ။ ယင်းအကြောင်းတိ ကြောင့် စာမေးပွဲတလနောက်ဆုတ်ထားရေစပ်ကြား အရာအားလုံးကိုကြောခိုင်း နှုတ်ဆက်ခရေ။ ချစ်တေ ညီအကို မောင်နှမတိ၊ နန့် ချစ်တေ မွီးမိခင်၊ ဖခင်ရို့ကို ပဇကပပေါ်ထင်ထင် နှုတ်မဆက်ဝံ့ခပဲ အပြီးအပိုင်ထွက်တေခြီလှမ်း မျိုးနန့် ထွက်ပါလတ်တေ.. ည.. ၇ နာရီ ၁၅ မိနစ်။ ဝါကျွတ်ဖို့လဲကောင်းမလိုဗျာလ်ဆိုရေခါ လှမ်းထိပ်မှာ အချေတိ ပပျော်ပပါး ဗြောက်အိုးတိဖေါက်နိန်ကတ်စော်ကို ဝယ်ဖို့ဖေ့သာမသျှိလို့ ငေးကြည့်နိန်ရေ ညီချေကို ဗြောက်အိုးအကြီး သန်တထုတ်ဝယ်ပီးယင်း.. လလိမ်မမာချေနိန်နန်း.. ဆိုရေစကားချေတခွန်းပြောပနာ ရင်ထဲကနှုတ်ဆက်ခရေ။

နောက်ဆက်လို့ရီးပါဖို့သိ..

ဖိုးခေါင်
၉.၇.၂၀၁၁
India Time:5:29 PM

No comments:

Post a Comment